ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ ဥရောပ ထိပ်တန်း ကလပ်တွေက နည်းပြ တချို့ ရာထူး ကနေ ဆက်တိုက် ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီအထဲမှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်သင်း ဖြစ်တဲ့ ချဲလ်ဆီးက အန်ဇို မာရက်စ်ကာနဲ့ ယူနိုက်တက်က ရူဘင် အမော်ရင်လည်း ပါဝင်ခဲ့ပါတယ်။ သူတို့နဲ့ ရက်ပိုင်းလောက်ပဲ အကြာမှာတော့ ရီးရဲလ်မက်ဒရစ် ကလည်း ဇာဘီ အလွန်ဆိုနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့တယ် ဆိုပြီး ထုတ်ပယ်ခဲ့ပြန်ပါတယ်။
ဒါကြောင့် အင်္ဂလန် နည်းပြဟောင်း ဂါရက်သ် ဆောက်ဂိတ် ကတော့ လက်ရှိ မော်ဒန် ဘောလုံးလောကရဲ့ နည်းပြတွေဟာ အခွင့်အာဏာ တော်တော်လေး လျော့ကျလာခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ တကယ်တော့ မာရက်စ်ကာ၊ အမော်ရင်နဲ့ အလွန်ဆို တို့ဟာ ထိပ်တန်း အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ရတယ် ဆိုတဲ့ အမည်ခံသာ ရှိခဲ့ပေမယ့် တကယ်တမ်း မှာတော့ အာဏာ အပြည့်အဝ မရခဲ့ကြပဲ အသင်းရဲ့ အားကစားဒါရိုက်တာတွေနဲ့ ဘုတ်အဖွဲ့ဝင်တွေကသာ စိတ်ကြိုက် ဆုံးဖြတ်ချက်ချကာ ချယ်လှယ်နေကြတာမျိုး ဖြစ်ပါတယ်။
အန်ဇို မာရက်စ်ကာ ဆိုရင် ချဲလ်ဆီးရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ သဘောထားကွဲလွဲပြီးနောက် အပြန်အလှန် သဘောတူညီချက်နဲ့ ချဲလ်ဆီး ကနေ ထွက်ခွာခဲ့သလို အမော်ရင် ဆိုရင်လည်း “ကျွန်တော်က မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာ လုပ်ဖို့ လာတာပါ။ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ လုပ်ဖို့ မဟုတ်ပါဘူး။ ဒါက ရှင်းပါတယ်။” လို့ ပြောကြားအပြီး ၂၄ နာရီ အတွင်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုဆိုရင် ပရီးမီးယားလိဂ် ကလပ် နှစ်သင်းမှ ချဲလ်ဆီးက လီယမ် ရိုစီနီယာကို နည်းပြသစ် အဖြစ် ခန့်အပ်ထားပြီး ယူနိုက်တက် ကတော့ မိုက်ကယ် ကာရစ်ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။ လာလီဂါ မှာတော့ အလွန်ဆို ထွက်ခွာသွားပြီးနောက် ကစားသမား တစ်ဦးပဲ ဖြစ်တဲ့ အဲလ်ဗာရို အာဘီလိုအာက ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း လိဂ်တွေဟာ နည်းပြ တစ်ဦးကို အချိန် သိပ်ပေးလေ့ မရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခု သတိပြုရမှာက နည်းပြနဲ့ မန်နေဂျာ ဆိုတာက ဝေါဟာရလည်း မတူသလို လုပ်ငန်းဆောင်တာလည်း မတူပါဘူး။ နည်းပြဟာ အသင်းရဲ့ နည်းစနစ်ဗျူဟာ စီမံခြင်း၊ ကစားသမားတွေကို တစ်ဦးချင်း တိုးတက်အောင် ပြုလုပ်ပေးခြင်း၊ ပွဲနေ့မှာ နည်းဗျူဟာ ပြောင်းလဲခြင်း၊ လူစားလဲခြင်း စတဲ့ ကွင်းတွင်း လုပ်ငန်းစဉ်တွေကို အဓိက လုပ်ကိုင်ရသူ ဖြစ်ပါတယ်။ မန်နေဂျာ ကတော့ ကစားသမား အပြောင်းအရွှေ့တွေကို ဝင်ရောက် စွက်ဖက်နိုင်ခြင်း၊ ဘုတ်အဖွဲ၊ ပိုင်ရှင်တွေနဲ့ ဆက်ဆံခြင်း၊ နည်းပြအဖွဲ့၊ ဆရာဝန်၊ အားကစားသိပ္ပံ အဖွဲ့တွေနဲ့ ညှိနှိင်းခြင်း၊ အသင်းရဲ့ ရေရှည်အစီအစဉ်တွေကို ချမှတ်ခြင်း စတဲ့ ကြီးလေးတဲ့ တာဝန်တွေကို လုပ်ကိုင်ရသူ ဖြစ်ပါတယ်။
ဒါကြောင့် တချို့သော အသင်းတွေမှာ ဆိုရင် မန်နေဂျာ ရာထူး အရင် မပေးသေးပဲ၊ နည်းပြ အဖြစ် အရင်ဆုံး လုပ်ကိုင်စေပြီးမှသာ ရာထူး တိုးပေးခြင်းမျိုး ပြုလုပ်လေ့ ရှိတာလည်း တွေ့ရတတ်ပါတယ်။ အဓိက ကတော့ ကလပ် တော်တော်များများရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ အသင်းရဲ့ နေရာစုံမှာ ဝင်ရောက် ချယ်လှယ် စိုးမိုးချင်တာကြောင့် ဖြစ်ပါတယ်။
ဆောက်ဂိတ် ကတော့ “နည်းပြတွေရဲ့ လုပ်ပိုင်ခွင့်တွေက ဒီနောင်ပိုင်း နှစ်တွေမှာ တဖြည်းဖြည်း လျော့ကျလာခဲ့ပါပြီ။ အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ နည်းစနစ်ဒါရိုက်တာတွေ ကပဲ အသင်းကို ကာလရှည် စီမံခန့်ခွဲခွင့် ရနေကြပါတယ်။ သူတို့က အသင်းပိုင်ရှင်နဲ့ အမှုဆောင်ချုပ်တွေကို တိုက်ရိုက် တင်ပြမှုတွေ ပြုလုပ်နေကြပါတယ်။ ဒါက နည်းပြ အထက်မှာ ရပ်တည်နေကြတယ်လို့ ပြောလို့ ရပါတယ်။ ဒီပြောင်းလဲလာမှုကို ကျွန်တော် ဘာမှ မပြောလိုပေမယ့် တကယ့် နည်းပြ တစ်ယောက်ရဲ့ တာဝန်က အသင်းကို ဦးဆောင်ပြီး နည်းပြခွင့်ရဖို့ပါပဲ။ စီမံခန့်ခွဲမှုတွေ ကလည်း သူတို့ ကိစ္စပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆောက်ဂိတ် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းကို ထူးထူးခြားခြားပဲ ပွဲပေါင်း ၁၀၂ ပွဲ အထိ ကိုင်တွယ်ခွင့်ရခဲ့ပြီး ၎င်းထက်ပိုပြီး ပွဲကိုင်တွယ်ခွင့်ရရှိခဲ့တဲ့ အင်္ဂလန် နည်းပြ တွေအဖြစ် ဝင်းတား ဘော့တွန် (၁၃၉ ပွဲ)၊ အာ့ဖ် ရမ်ဆေး (၁၁၃ ပွဲ) တို့သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်ကို ဆုဖလား အောင်မြင်မှု ရယူပေးနိုင်ခြင်း မရှိခဲ့ပေမယ့် အသင်းကို ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့်တွေထိ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


