နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိုက်ကယ် ကာရစ် လက်ထက်မှာ မန်ချက်စတာယူနိုက်တက် ဘာကြောင့် သိသိသာသာ တိုးတက်လာသလဲ | ပရီးမီးယားလိဂ်

ယာယီ နည်းပြ မိုက်ကယ် ကာရစ်ဟာ မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၅ ပွဲ အတွင်းမှာ အူနိုင်း အမ်မရီ၊ သောမက်စ် တူချယ်၊ မီခဲလ် အာတေးတား (နှစ်ကြိမ်) နဲ့ ပပ် ဂွါဒီယိုလာ တို့လို ထိပ်သီး နည်းပြတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ ရူဘင် အမော်ရင် လက်ထက် ၁၄ လကြာ အယူအဆ အမှားတွေနဲ့ စိတ်ပျက်စရာ ကောင်းခဲ့တဲ့ ယူနိုက်တက်ဟာ နှစ်ပတ် အတွင်းမှာပဲ လုံးဝ ရုတ်ချည်း ပြောင်းလဲသွားခဲ့တာပါ။ ယူနိုက်တက်ရဲ့ အဆိုးရွားဆုံး ပရီးမီးယားလိဂ် ရာသီ အပြီးမှာ အမော်ရင်က “ ကောင်းမွန်တဲ့ အချိန်တွေ လာတော့မယ်” လို့ ကတိပေးခဲ့ပေမယ့် အခု ကာရစ် လက်ထက် ရောက်မှသာ သရဲနီ ပရိသတ်တွေ သက်ပြင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကာရစ်ဟာ မန်ချက်စတာဒါဘီ ပွဲစဉ်မှာ မန်စီးတီး ၂-၀ နဲ့ အနိုင်ရအောင် စွမ်းဆောင်ခဲ့သလို၊ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ် ကိုလည်း အမ်းမရိတ်ကွင်းမှာ အနိုင်ယူပြခဲ့ပါတယ်။ အဲဒီ ပရီးမီးယားလိဂ် နှစ်ပွဲစလုံးမှာ ကာရစ်ရဲ့ ယူနိုက်တက်က လက်တွေ့ကျတဲ့ ကစားဟန်နဲ့ ပြိုင်ဘက်တွေကို အလဲထိုးပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ဘာကြောင့် အချိန်တိုတွင်း ယူနိုက်တက်တို့ ဒီလောက်အထိ ခြေစွမ်းတိုးတက်သွားခဲ့သလဲ ဆိုတာ အဖြေရှာကြည့်ကြပါမယ်။

 

၁။ ဖာနန်ဒက်စ်ကို လွတ်လပ်စွာ ကစားစေခြင်း‌

အမော်ရင်ရဲ့ ၃-၄-၂-၁ ကစားကွက်ဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် အတွက် နည်းဗျူဟာပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်စေခဲ့ပါတယ်။ အမော်ရင်ဟာ ကိုဘီ မိန်းနူးကို မယုံကြည်တာကြောင့် ဖာနန်ဒက်စ်ကို ကွင်းလယ်မှာ ကက်စ်မဲရိုးနဲ့ အတူ ခံစစ်အထိ ဆင်းကစားခိုင်းပြီး တိုက်စစ်ပိုင်းမှာ သူရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ထားသလို ဖြစ်ခဲ့ပါတယ်။

ကာရစ် ကတော့ အမော်ရင်ရဲ့ အလုပ် မဖြစ်တဲ့ ပုံစံခွက်ထဲက ဖောက်ထွက်ပြီး ဖာနန်ဒက်စ်ကို ကွင်းအတွင်း အန္တရာယ်အရှိဆုံး နေရာတွေမှာ စိတ်ကြိုက် ကစားခွင့်ပေးလိုက်ပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ ဖာနန်ဒက်စ်ဟာ ဘရိုင်ယန် အမ်ဘွေမိုနဲ့အတူ Dual False Nine (တိုက်စစ်ဆင်သူ နှစ်ဦးစလုံး ကွင်းလယ်ဆင်း ကစားတဲ့ ပုံစံ) အဖြစ် ကစားစေခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ် နောက်ခံလူ ဆလီဘာ အနေနဲ့ ဖာနန်ဒက်စ် ကိုပဲ လိုက်ကပ်ရမလား။ နေရာလွတ် မပေးရအောင်ပဲ ကာရမလား ဆိုတာ ဝေခွဲမရ ဖြစ်ခဲ့ရပါတယ်။

 

၂။ ယူနိုက်တက်ရဲ့ DNA ကို ပြန်လည် အသက်သွင်းခြင်း

အဲဒီ ပရီးမီးယားလိဂ် နှစ်ပွဲစလုံးမှာ ကာရစ်ရဲ့ ယူနိုက်တက်က လက်တွေ့ကျတဲ့ ကစားဟန်နဲ့ ပြိုင်ဘက်တွေကို အလဲထိုးပြသွားခဲ့တာ ဖြစ်ပါတယ်။
မိုက်ကယ် ကာရစ် လက်အောက်မှာ ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းပါ သိသိသာသာ တိုးတက်လာတဲ့ ကာရစ်

အမော်ရင်ရဲ့ ခေါင်းမာတဲ့ နည်းဗျူဟာတွေကြောင့် ကစားသမားတွေရော ပရိသတ်တွေပါ အသင်း အပေါ် ယုံကြည်မှု ပျောက်ဆုံးခဲ့ပါတယ်။ ခေတ်သစ် ဘောလုံးလောကမှာ အမော်ရင် သုံးတဲ့ ၃-၄-၂-၁ အခင်းအကျင်းကို ထိပ်သီး အသင်းတွေ သုံးလေ့ မရှိတော့ပါဘူး။

ကာရစ် ကတော့ သူများနဲ့ မတူညီတာကို တီထွင်နေမယ့် အစား ကစားသမားတွေကို ဟန်ချက်ညီတဲ့ ကစားကွက်ထဲမှာပဲ အစွမ်းပြခွင့် ပေးလိုက်တာပါ။ အထူးသဖြင့် ကိုဘီ မိနူးကို ပြန်လည် အသုံးပြုလာတာဟာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို နည်းပညာပိုင်းအရ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဆာ အဲလက်စ် ဖာဂူဆန် လက်ထက်က လိုပဲ ရဲရဲဝံ့ဝံ့နဲ့ တိုက်စစ်ဆင် ကစားတဲ့ ယူနိုက်တက် DNA ကို ကာရစ်က ပြန်လည် ဖော်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

 

၃။ ပက်ထရစ် ဒေါဂူရဲ့ စွမ်းဆောင်ရည်ကို ဖွင့်ထုတ်ပေးလိုက်ခြင်း

အမော်ရင် လက်ထက်က ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမားသစ်တွေဟာ ကာရစ် လက်ထက်မှာ အဓိက နေရာက ပါဝင်လာပါတယ်။ အထူးသဖြင့် လူငယ် ကစားသမား ပက်ထရစ် ဒေါဂူဟာ အမော်ရင် လက်ထက်တုန်း “ သူ ဘောလုံးရသွားတိုင်း စိုးရိမ်တယ် လို့ပါ နည်းပြ ကိုယ်တိုင်ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရသူပါ။

ဒါပေမဲ့ ကာရစ်က သူ့ကို ယုံကြည်မှု ပေးခဲ့ပြီး ဘယ်တောင်ပံမှာ နေရာပေးခဲ့ပါတယ်။ ဒေါဂူဟာ မန်စီးတီးနဲ့ ပွဲမှာ ဂိုးသွင်းခဲ့သလို၊ အာဆင်နယ်နဲ့ ပွဲမှာလည်း ဖာနန်ဒက်စ်နဲ့ တွဲဖက်ပြီး ဒေးဗစ် ရာယာ လက်လှမ်းမမီတဲ့ တကယ်ကို လှပလွန်းတဲ့ ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ နည်းပြရဲ့ ပြောဆိုဆက်ဆံပုံ ပြောင်းလဲသွားတာကြောင့် ကစားသမားမှာ ယုံကြည်မှု ပြန်ရလာတဲ့ သာဓက တစ်ခုပါပဲ။

အနှစ်ချုပ် အနေနဲ့ ဆိုရင်တော့ ကာရစ်ရဲ့ အောင်မြင်မှုဟာ နည်းဗျူဟာပိုင်း တိကျမှု သာမက ကစားသမားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အခုဆိုရင် ရှင်းလင်းတဲ့ ရည်မှန်းချက်တွေနဲ့ အတူ အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန်လည် လန်းဆန်းလာပြီ ဖြစ်ပါတယ်။ တခြားသော ပြိုင်ပွဲတွေ မကစားရတော့ပဲ ပရီးမီးယားလိဂ် တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်ခြင်း ကလည်း သူတို့ Top 4 မျှော်လင့်ချက်ကို ပိုပြီး အားကောင်းစေမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်