မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်ကို ယာယီ ကိုင်တွယ်ချိန်တိုင်းမှာ အစွမ်းပြတတ်တဲ့ မိုက်ကယ် ကာရစ်က ဒီတစ်ကြိမ် မှာလည်း ကြီးမားတဲ့ နိုင်ပွဲ ရယူကာ မန်စီးတီးရဲ့ အမှတ်ပေးချန်ပီယံ အိမ်မက်ကို ဝေဝါးသွားစေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ယူနိုက်တက်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ လမ်မန်းစ်၊ ရှော၊ မာတီနက်ဇ်၊ မက်ဂွိုင်းယား၊ ဒါးလော့တ်၊ မိန်းနူး၊ ကက်စ်မဲရိုး၊ ဘရူနို ဖာနန်ဒက်စ်၊ ဒေါဂူ တို့နဲ့ အတူ အာဖရိကဖလားက ပြန်လာတဲ့ အာမက်ဒ်နဲ့ အမ်ဘူမိုလည်း ပါဝင်လာခဲ့ပါတယ်။ ဒီနေ့ ပွဲမှာ ယူနိုက်တက်က အမ်ဘူမိုကို အထောင် တိုက်စစ် နေရာမှာ ကစားစေခဲ့ပြီး ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့ မိန်းနူး တို့ရဲ့ ရုန်းအားတွေနဲ့ အတူ တိုက်စစ်ကို ထိထိရောက်ရောက် ကစားနိုင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ ဟာလန်း ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ တောင်ပံ နှစ်ဖက်မှာ ဆီမီညိုနဲ့ ဒိုကု၊ ဆေးလ်ဗား၊ ဖိုဒန်၊ ရိုဒရီ တို့ရဲ့ ကွင်းလယ်နဲ့ ခံစစ် မှာတော့ အေခီ၊ လီဝစ်၊ ကူဆာနော့ဗ်၊ အယ်လေနီ၊ ဒွန်နာရမ်းမား တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။
မန်စီးတီးက ဒီနေ့ပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရနေတာက လွဲလို့ ယူနိုက်တက်က လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေနဲ့ အတူ ပွဲကို ထိရောက်စွာပဲ ချဉ်းကပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ ယူနိုက်တက်တို့ သွင်းဂိုး ၂ ဂိုး အထိ ရခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ လူကျွံနေလို့ မန်စီးတီးတို့ သက်သာရာ ရခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းပေါင်း ဂိုးကန်ချက် ၈ ကြိမ်သာ ရှိခဲ့ပြီး ယူနိုက်တက် ကတောင် ဂိုးပေါက်တည့်မှုနဲ့ အခွင့်အရေး ဖန်တီးမှုမှာ ပိုသာခဲ့ပါတယ်။ ပထမပိုင်း ကတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ မန်စီးတီးက ချာကီ၊ အိုရွိုင်လီတို့ ထည့်သွင်းခဲ့ပေမယ့် ကစားပုံ ပိုကောင်းလာခဲ့တာက မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ယူနိုက်တက်ဟာ ခြေစွမ်းကောင်းလွန်းနေခဲ့သလို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကလည်း အမြင့်ဆုံးမှာ ရောက်နေပြီး မန်စီးတီးလို အသင်းကို ချိုးဖျက်ပြသွားခဲ့တာ ချီးကျူးစရာပါ။

ယူနိုက်တက် အတွက် ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ကစားချိန် ၆၅ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှု ကနေ ဘရိုင်ယန် အမ်ဘူမိုက သွင်းယူပေးခဲ့ပြီး နောက်ထပ် ၁၀ မိနစ် အကြာမှာလည်း ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ တန်ပြန် တိုက်စစ် ကနေ မားသီးယက်စ် ကူညာ တစ်ကိုယ်ကောင်း မဆန်ပဲ ဖန်တီးပေးတာကို တိုက်စစ် အသင့်ပါလာတဲ့ ပက်ထရစ် ဒေါဂူက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မန်စီးတီးတို့ ရိုင်ဒါးစ်၊ နျူရီ၊ မူကာဆာ တို့ကို ထည့်သွင်းပြီး ချေပဂိုးတွေ ရဖို့ အသည်းအသန် လိုက်ကစားခဲ့ပေမယ့် မက်ဂွိုင်းယား ဦးဆောင်တဲ့ ခံစစ်က အမှား လုံးဝ မရှိပဲ မန်စီးတီး တိုက်စစ်ကို တားဆီးနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို ၂ မိနစ်မှာ ယူနိုက်တက်တို့ တတိယဂိုး ထပ်ရခဲ့ပေမယ့် VAR ပြန်ကြည့်ကာ လူကျွံနေတယ် ဆိုပြီး ပြန်လည် ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်တို့ ပွဲအပြီးမှာတော့ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အိုးထရက်ဖို့ဒ်မှာ အောင်ပွဲခံနိုင်ခဲ့ပြီး မနှစ်က အိုးထရက်ဖို့ဒ် ရှုံးကြွေးကို လှလှပပ ပြန်ဆပ်နိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ယူနိုက်တက် အနေနဲ့ သွင်းဂိုး ၃ ဂိုးသာ လူမကျွံနေခဲ့ဘူး ဆိုရင်ရင် သရဲနီ ပရိသတ်တွေ အတွက် ပိုပြီး ပျော်ရွှင်စရာကောင်းခဲ့မှာ သေချာပါတယ်။ ဒါပေမယ့်လည်း ဒီရလဒ်က ပွဲဦးထွက်မှာ မန်ချက်စတာဒါဘီကို ရင်ဆိုင်ရတဲ့ မိုက်ကယ် ကာရစ်နဲ့ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ ယူနိုက်တက် အတွက် လုံလောက်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ယူနိုက်တက်ရဲ့ ဒီနေ့ပွဲ ခြေစွမ်းက နောက်ပိုင်းနှစ်တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောရမှာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ ဒီနေ့ပွဲ ခြေစွမ်းအရ အရှုံးနဲ့ ထိုက်တန်ခဲ့ပြီး အကယ်၍ ဒီညမှာ အာဆင်နယ်သာ ဖောရက်စ်ကို အနိုင်ရခဲ့မယ် ဆိုရင်တော့ ၉ မှတ် အထိ ပြတ်သွားတော့မှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ယာယီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ နောက်ဆုံး ဒါဘီ ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပြီး၊ မန်စီးတီး အတွက်တော့ အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ပိုဝေးလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာတော့ အာဆင်နယ်နဲ့ တွေ့ဆုံရမှာ အခုလို ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


