ဖေဖော်ဝါရီ ၁၈ ရက်နေ့ အတွက် ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
လစ်ဗာပူးလ်ဟာ မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ် တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန် ကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် ကလည်း ဂေါ်ဒွန်ကို ရဖို့ ယူရို သန်း ၁၀၀ (ပေါင် ၈၇ သန်းခန့်) ပေးပြီး ကြားဖြတ် လုယူဖို့ အသင့်ဖြစ်နေပါတယ်။
အာဂျင်တီးနား ကွင်းလယ်လူ အလက်ဆစ် မက်အယ်လစ္စတာဟာ လာမယ့် နွေရာသီမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာနိုင်ခြေ ပိုများလာနေပါတယ်။ မန်ချက်စတာယူနိုက်တက်က သူ့ကို စိတ်ဝင်စားနေပေမယ့် ကစားသမားကို ဆွဲဆောင်နိုင်ဖို့ ဆိုရင် အရင်ဆုံး ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။
မိုဟာမက် ဆာလာရဲ့ နေရာ အတွက် လစ်ဗာပူးလ်ရဲ့ စာရင်းထဲမှာ လိုက်ပ်ဇစ်က ယန် ဒီယိုမန်ဒီ ဘီလ်ဘာအိုက နီကို ဝီလီယမ်စ်နဲ့ ပီအက်စ်ဂျီက ဘာကိုလာ၊ ဒီဇိုင်းရား ဒူးယေးတို့ ပါဝင်နေပါတယ်။ ဒါပေမယ့် သူတို့ အလိုချင်ဆုံး ကစားသမား ကတော့ ဘေယန်မြူးနစ်က မိုက်ကယ် အိုလီဆေး ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ဖက်ဒရစ်ကို ခီယေဇာကို အနည်းဆုံး ယူရို ၁၅ သန်း (ပေါင် ၁၃ သန်းခန့်) နဲ့ ရောင်းထုတ်ဖို့ အသင့်ရှိနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ မြင့်မားတဲ့ လုပ်ခ လစာနှုန်းထားကြောင့် ဝယ်ယူလိုတဲ့ အသင်းတွေ အတွက် အခက်တွေ့နေစေပါတယ်။ ဝက်စ်ဟမ်း ကတော့ အီတလီ လက်ရွေးစင်ကို သဘောကျနေဆဲ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာဟာ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အာဆင်နယ်က တော့တင်ဟမ်ဟော့စပါးထက် အသာစီးရနေပါတယ်။
ဘုန်းမောက် နောက်ခံလူ မာကို ဆီနက်ဆီကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးက အပြင်းအထန် စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာ၊ ဒေါ့မန်နဲ့ ဂျူဗင်တပ်စ်တို့ ကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
အာဆင်နယ်မှာ ပထမဆုံးရာသီဟာ မျှော်လင့်သလောက် ဖြစ်မလာခဲ့ပေမယ့် အာဆင်နယ် ဘက်ကတော့ အီဘာရီချီ အက်ဇေး အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဘေယန်မြူးနစ်မှာ အငှားသွားကစားနေတဲ့ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ဟာ နွေရာသီမှာ ချဲလ်ဆီးကို ပြန်လာတော့မှာ ဖြစ်ပြီး ဥရောပ ကလပ် အသင်း အများအပြားက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ပီအက်စ်ဂျီ ကပါ စိတ်ဝင်စားလာပါတယ်။ သူဟာ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဘေယန်မြူးနစ် တို့ရဲ့ စောင့်ကြည့်ခြင်း ကိုလည်း ခံနေရသူပါ။ ဒါပေမယ့် ကစားသမား ကတော့ အင်္ဂလန်မှာပဲ ဆက်နေချင်နေပါတယ်။
ပါလ်မီးရက်စ်ရဲ့ လူငယ် ကြယ်ပွင့် တောင်ပံကစားသမား အလန်ကို လစ်ဗာပူးလ်နဲ့ နယူးကာဆယ်တို့ အပြင် မေဂျာလိဂ် ကလပ်တွေ ဖြစ်တဲ့ အင်တာမိုင်ယာမီနဲ့ အဲလ်အေအက်ဖ်စီတို့ ကလည်း စိတ်ဝင်စားနေပါတယ်။ ယူရို သန်း ၃၀ ကျော် ကမ်းလှမ်းချက် ဆိုရင် ပါလ်မီးရက်စ် ဘက်က စဉ်းစားပေးသွားမယ်လို့ သိရပါတယ်။
ဝုဗ် အသင်းရဲ့ နည်းပြ ရော့ဘ် အက်ဒ်ဝက်ဒ်က ဒီနေ့ည ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်ကို အခက်တွေ့အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဝုဗ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ တစ်ပွဲသာ ရရှိထားတဲ့ အမှတ်ပေးဇယား အောက်ဆုံးက အသင်း ဖြစ်ပြီး အာဆင်နယ် ကတော့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ ရော့ဘ် အက်ဒ်ဝက်ဒ်ဟာ ဝုဗ် နည်းပြ အဖြစ် နိုဝင်ဘာလကမှ ခန့်အပ်ခံထားရတာ ဖြစ်ပြီး ၁၇ ပွဲ ကိုင်တွယ်ရာမှာ ၃ ပွဲ နိုင်၊ ၄ ပွဲ သရေ၊ ၁၀ ပွဲ ရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


