ဘရန့်ဖိုဒ် – လစ်ဗာပူးလ်
လစ်ဗာပူးလ် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ မှာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အမှတ်လျော့ထားတဲ့ လစ်ဗာပူးလ် အတွက် အိမ်ကွင်း ကစားပုံ ကောင်းတဲ့ ဘရန့်ဖို့ဒ်က အခက်အခဲ တစ်ခု ဖြစ်လာဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ် ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပြန်ရထားပါတယ်။ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၀-၅ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး မန်စီးတီး ကိုလည်း အိမ်ကွင်းမှာ သရေ ရအောင် ကစားထားနိုင်တာ တွေ့ရပါတယ်။ ဘရန့်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ လစ်ဗာပူးလ် ပြီးရင် အိမ်ကွင်း ရလဒ် အကောင်းဆုံး အသင်း ဖြစ်ပြီး အနိုင်ယူဖို့လည်း ခက်ပါတယ်။
လစ်ဗာပူးလ် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အမှတ်လျော့ခဲ့တာကြောင့် အာဆင်နယ်၊ နော့တင်ဟမ်ဖောရက်စ် တို့ရဲ့ အနီးကပ် ဖိအားပေးခြင်း ခံနေရပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ အားသာချက်က ပွဲကျန် တစ်ပွဲ ကစားဖို့ ရှိနေသေးပေမယ့် အမှတ်တွေ ထပ်လျော့နေဦးမယ် ဆိုရင်တော့ ချန်ပီယံဆု မျှော်လင့်ချက်ကို ခြိမ်းခြောက်ခံရတော့မှာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရှုံးပွဲ လုံးဝ မရှိသေးပဲ ၇ ပွဲနိုင်၊ ၃ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘရန့်ဖို့ဒ် ဘက်က အဓိက ကစားသမား တော်တော်များများ လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ ဒဏ်ရာရ စာရင်းမှာတော့ ဟစ်ကီ၊ ပင်နော့ခ်၊ ဂိုးမက်စ်၊ ဒါဆေးလ်ဗားနဲ့ ရှားတို့ ပါဝင်နေပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ရိုဒရီဂွက်ဇ် ကလည်း ဗိုင်းရပ်စ်ကြောင့် အနားယူနေရဦးမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရန့်ဖိုဒ် – ဖလက်ကန်၊ ရိုဝါဆလက်ဗ်၊ ဗန်ဒန်ဘက်ဂျ်၊ ကောလင်းန်၊ လီဝစ်-ပေါ်တာ၊ နော့ဂတ်၊ ဂျနဲလ်၊ ယန်ဆန်၊ အမ်ဘွမ်မို၊ ဝစ်ဆာ၊ ဒမ်းစ်ဂတ်
လစ်ဗာပူးလ် – အလီဆွန်၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ဆီမီကတ်စ်၊ မက် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဂျုံးစ်၊ ဆာလာ၊ ဂျိုတာ၊ ဂက်ခ်ပို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၇ ကြိမ် တွေ့ဆုံထားရာမှာ လစ်ဗာပူးလ်က ၅ ကြိမ် အထိ အနိုင်ရပြီး ဘရန့်ဖို့ဒ် ကတော့ ၁ ကြိမ်သာ အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ လစ်ဗာပူးလ်က ၄ ကြိမ်နိုင်ကာ၊ ဘရန့်ဖို့ဒ်က ၁ ကြိမ် နိုင်ထားပါတယ်။ သရေပွဲတော့ မရှိခဲ့ပါဘူး။ ဘရန့်ဖို့ဒ် အိမ်ကွင်း မှာတော့ ၃ ကြိမ် ကစားထားပြီး တစ်ကြိမ်စီ အနိုင်ရထားကြကာ တစ်ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရန့်ဖိုဒ် နိုင်ရင် ၅.၄၀ ဆ၊ လစ်ဗာပူးလ် နိုင်ရင်တော့ ၁.၄၃ ဆ၊ သရေ ဆိုရင်တော့ ၄.၆၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က တစ်လုံး သရေ၊ တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး အရှုံး ကြေးတွေ ပေးထားပြီး ဂိုးပေါင်းကြေး ကလည်း ပြင်းပါတယ်။ ဘွတ်ကီတွေ ကတော့ လစ်ဗာပူးလ်တို့ ကျိန်းသေပေါက် အနိုင်လို့ တွက်ဆထားပုံပါပဲ။ လစ်ဗာပူးလ်က မဖြစ်မနေ နိုင်ပွဲ ပြန်ရှာဖို့ လိုအပ်နေတဲ့ အချိန်ပါ။ ဒါပေမယ့် ဘရန့်ဖို့ဒ်ကို ခက်ခက်ခဲခဲ ကစားရဦးမှာ ဖြစ်ပြီး ကပ်နိုင်သွားဖို့ များတဲ့ ပွဲပါ။ ဘရန့်ဖို့ဒ်နဲ့ မစွန့်စားရဲလို့ ပိုပြီး သေချာမယ့် လစ်ဗာပူးလ် ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးလည်း မြင်တွေ့ရပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဘရန့်ဖိုဒ် ၁-၂ လစ်ဗာပူးလ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.