ဘုန်းမောက် – လစ်ဗာပူးလ်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် ဘုန်းမောက်နဲ့ လစ်ဗာပူးလ်တို့ ဗိုက်တယ်လတီကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နေတဲ့ လစ်ဗာပူးလ်ကို ခြေစွာနေတဲ့ ဘုန်းမောက်တို့ အကောင်းဆုံး ဒုက္ခပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
ဘုန်းမောက်က ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲဆက် ရှုံးပွဲ မရှိထားပဲ တော်တော်လေး ခြေစွာနေတဲ့ အသင်း ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် ခံစစ် ကစားပုံ ကောင်းပါတယ် ဆိုတဲ့ ဖောရက်စ်ကို ၅ ဂိုး သွင်းပြခဲ့ပြီး သူတို့ ဘယ်လောက်အထိ အဆိပ်ရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းမောက်က ဖောရက်စ်ရဲ့ ရှေ့မှာလည်း နယူးကာဆယ်လို့ အသင်းကို အဝေးကွင်းမှာ ၁-၄ ရလဒ်နဲ့ ဆုံးမပြခဲ့ပြီး အာဆင်နယ်၊ ယူနိုက်တက်၊ မန်စီးတီး၊ စပါး တို့လို အသင်းကြီးတွေ ကိုတောင် အနိုင်ယူပြထားတာက အံ့အားသင့်စရာပါ။ ဘုန်းမောက် တိုက်စစ်က အော့တာရာနဲ့ ကလွိုင်ဗက် တို့အပြင် တောင်ပံက ဆီမီညို ကလည်း ခြေစွမ်းပြနေလို့ လစ်ဗာပူးလ် အတွက်တော့ မလွယ်ကူနိုင်တဲ့ ပွဲစဉ် ဖြစ်လာဦးမှာ သေချာနေပါတယ်။
လစ်ဗာပူးလ် ကတော့ ပီအက်စ်ဗွီနဲ့ ချန်ပီယံလိဂ် ပွဲမှာ အရန်တွေကို ထုတ်သုံးပြီး အဓိက ကစားသမားတွေ ကိုတော့ အရေးကြီးတဲ့ အခု ပွဲစဉ် အတွက် ချန်လှပ်ခဲ့ပါတယ်။ ဆလော့တ် အနေနဲ့ သူ့အသင်းက ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်ထားပြီး ဖြစ်လို့ ရလဒ်ပိုင်းကို ဂရုမစိုက်ခဲ့ပုံပါပဲ။ ကြိုးကြာနီတွေက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေသလို အဓိက ပြိုင်ဘက် အာဆင်နယ်ကို ၆ မှတ် ဖြတ်ထားပါတယ်။ ၁ ပွဲလျော့လည်း ကစားတာကြောင့် အခွင့်အရေးတွေ ရှိနေသေးပေမယ့် တတ်နိုင်သမျှ ခြေမချော်ဖို့ အာရုံစိုက်ပြီး အမှတ် ဆက်ဖြတ်ဖို့ အားစိုက်ပါလိမ့်မယ်။
နှစ်ဖက်အသင်း သတင်းများ
လစ်ဗာပူးလ် ဘက်မှာတော့ ဒဏ်ရာရနေတဲ့ ကာတစ် ဂျုံးစ်၊ ဒီယိုဂို ဂျိုတာနဲ့ ဂျိုး ဂိုးမက်ဇ်တို့ လွဲချော်ပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘုန်းမောက် – ကီပါ၊ ကွတ်ခ်၊ ဇဘာညီ၊ ဟိုင်ဆန်၊ ကာကက်ဇ်၊ ခရစ္စတီ၊ အဒမ်စ်၊ ကလွိုင်ဗက်၊ ဘရွတ်ခ်၊ ဆီမီညို၊ အော့တာရာ
လစ်ဗာပူးလ် – အလီဆွန်၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဂရာဗန်ဘက်ချ်၊ မာ့ခ် အယ်လစ္စတာ၊ ဆာလာ၊ ဆိုဘို့ဇ်လိုင်း၊ ဂက်ခ်ပို၊ လူးဝစ္စ ဒီးယက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၉ ကြိမ် တွေ့ဆုံထားရာမှာ လစ်ဗာပူးလ်က ၁၆ ကြိမ် အထိ အနိုင်ရခဲ့ပြီး ဘုန်းမောက်က ၂ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာလည်း လစ်ဗာပူးလ်က ၄ ကြိမ်နိုင်ပြီး ဘုန်းမောက်က ၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ အနိုင်ရခဲ့တဲ့ ၄ ပွဲစလုံးမှာ ဘုန်းမောက်ကို ဂိုးပြတ်သွင်းနိုင်ခဲ့ပြီး ၉-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲတောင် ရှိခဲ့ပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားတဲ့ နောက်ဆုံး ၅ ပွဲမှာလည်း လစ်ဗာပူးလ်က ၄ ကြိမ်နိုင်ကာ ၁ ကြိမ် ရှုံးခဲ့ပြီး သွင်းဂိုးတွေလည်း များခဲ့တာ တွေ့ရပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်a
SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၄.၀၄ ဆ၊ မန်စီးတီး နိုင်ရင် ၁.၆၉ ဆ၊ သရေ ဆိုရင်တော့ ၃.၈၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘုန်းမောက်က ခြေစွမ်းပြနေသည့် တိုင်အောင် လစ်ဗာပူးလ် ဘက်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ လစ်ဗာပူးလ်နဲ့ ၃ ဂိုး ဆိုရင် ပျော်ရွှင်ရမှာပါ။ ဘုန်းမောက်နဲ့ တွေ့ဆုံချိန်တိုင်း ဂိုးပြတ် ဆုံးမတတ်တဲ့ လစ်ဗာပူးလ် အတွက် ဒီတစ်ကြိမ် ကတော့ တော်တော်လေး ခက်ခဲဖို့ ရှိနေပါတယ်။ ဘုန်းမောက်က ကစားအား ကောင်းပြီး အသင်းကြီးတွေကို ဘယ်လို အသာရအောင် ကစားရမလဲ ဆိုတာ ကောင်းကောင်း သိနေတဲ့ အသင်းပါ။ ဒီပွဲ ကိုလည်း သရေ ရလဒ်နဲ့ အရဲစွန့်ထားချင်ပြီး ဂိုးပေါင်း အပေါ် ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ဘုန်းမောက် ၂-၂ လစ်ဗာပူးလ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.