နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အတိတ်ဆိုးတွေက အာဆင်နယ်ကို နောက်ထပ် တစ်ကြိမ် ခြောက်လှန့်နေပြီလား | ပရီးမီးယားလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာဆင်နယ် ကတော့ ညက ကစားခဲ့တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ ပွဲမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ၂ ဂိုးစီ သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် မီခဲလ် အာတေးတားရဲ့ အသင်းက ပရီးမီးယားလိဂ် ဇယားထိပ်မှာ ၇ မှတ် ဖြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွတ်ခဲ့ရပါတယ်။

မိုလီနက်စ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်ရဲ့ ခြေစွမ်းက ပရိသတ်တွေ အတွက် တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဝုဗ် ကတော့ အသင်းငယ် အချင်းချင်း တွေ့ဆုံရချိန်မှာ ရုန်းကန်ရတတ်ပေမယ့် ဖိအားနဲ့ လာကစားရတဲ့ အသင်းကြီးတွေကို ဆိုရင်တော့ ဒုက္ခပေးနိုင်ဆဲ ဖြစ်ကြောင်း ထပ်မံ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘူကာယို ဆာကာနဲ့ ပီယာရို ဟင်ကပ်ပီယေ တို့ရဲ့ ဂိုးတွေနဲ့ မန်စီးတီးကို ၇ မှတ် ဖြတ်ပြီး ဇယားထိပ် ကနေ ဦးဆောင်နိုင်ဖို့ နီးစပ်ခဲ့တာပါ။ ဒါပေမယ့်လည်း တန်းဆင်းရဖို့ သေချာသလောက် ရှိနေတဲ့ ဝုဗ်က အကောင်းဆုံး Comeback ပြသွားခဲ့ပြီး အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်ကို ထိုးနှက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရထားကြောင်း သတင်းတွေ ထွက်နေပြီး အသင်းခေါင်းဆောင် လက်ပတ်ကို ပတ်ကာ နံပါတ် ၁၀ နေရာတွင် ထူးထူးခြားခြား ပွဲထွက်လာတဲ့ ဆာကာက ပွဲစပြီး ၅ မိနစ်မှာပဲ ဒီဲကလန် ရိုက်စ်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ကာ အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းတွင် အာဆင်နယ်တို့ အခွင့်အရေး အများကြီး မဖန်တီးနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် ၅၆ မိနစ်မှာတော့ ဟင်ကပ်ပီယေက ဂါဘရီယယ်၏ ပေးပို့မှု ကနေ တစ်ဆင့် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အစပိုင်းမှာ လူကျွံအလံ ထောင်ထားခဲ့ပေမယ့်လည်း VAR စစ်ဆေးပြီးနောက် ဂိုးအဖြစ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အမှားလုပ်ခဲ့တဲ့ ဘူယီနို ကတော့ ၅ မိနစ် အကြာမှာပဲ အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းပြီး ဝုဗ် အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် ရယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ အာဆင်နယ် ဂိုးသမား ဒါးဗစ် ရာယာရဲ့ မသေသပ်တဲ့ ပုတ်ထုတ်မှု ကနေ တဆင့် အက်ဒိုဇီက ကန်သွင်းခဲ့ရာ လူစားဝင်လာတာ ၄၃ စက္ကန့်သာ ရှိသေးတဲ့ အာဆင်နယ် နောက်ခံလူ ရီကာဒို ကာလာဖီအိုရီနဲ့ ထိမှန်ကာ ဂိုးဝင်ခဲ့ပြီး ၂-၂ ဖြစ်သွားခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒီရာသီမှာ ကစားသမား ၄ ဦးဟာ အာဆင်နယ်နဲ့ ပွဲမှာ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ဂိုးကို သွင်းယူနိုင်ခဲ့ပြီး၊ ၎င်းတို့အနက် ၃ ဦးမှာ ဝုဗ် ကစားသမားတွေ ဖြစ်နေတာက ထူးခြားချက် ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ်မှာ ဦးဆောင်ဂိုးတွေ သွင်းပြီးမှ အမှတ် ပြန်လျော့ခဲ့တဲ့ အသင်းတွေထဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်း (၈ မှတ်စီ) ပြီးရင် အာဆင်နယ် (၇ မှတ်) က တတိယ အများဆုံး ဖြစ်နေပါတယ်။ အာဆင်နယ်ဟာ ၎င်းတို့ နောက်ဆုံး ကစားသည့် ၅ ပွဲမှာ ၃ ပွဲ အထိ ဦးဆောင်ဂိုး ရပြီးမှ အမှတ်လျော့ခဲ့တာ ဖြစ်ပါတယ်။

ဝုဗ် ကတော့ ၂၀၁၉ ခုနှစ်မှာ မန်စီးတီးကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အိမ်ကွင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့် နေရာမှ ရှုံးပွဲ မရှိအောင် ပြန်လည် ကစားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီပွဲမှာ မျှော်မှန်းဂိုး (xG) မှာ ၁.၈၆ အထိ ရှိခဲ့ပြီး ဝုလ်ဗ်က ၀.၂၉ သာ ရှိခဲ့ပေမယ့်လည်း အာဆင်နယ်တို့ နိုင်ပွဲကို ထိန်းမထားနိုင်ခဲ့ပါဘူး။

လက်ရှိမှာ ဒီရလဒ်ကြောင့် အာဆင်နယ်တို့ မန်စီးတီးထက် ၅ မှတ်သာ အသာရတော့ပြီး၊ စနေနေ့ နယူးကာဆယ်နဲ့ ပွဲမှာ မန်စီးတီးသာ အနိုင်ရရှိခဲ့ရင်တော့ အာဆင်နယ်နဲ့ ၂ မှတ် အကွာကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက “အရမ်းကို စိတ်ပျက်မိပါတယ်။ ဒီရလဒ်ကို ကျွန်တော်တို့ လက်ခံရပါမယ်။ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်က နိုင်ပွဲနဲ့ ထိုက်တန်အောင် မကောင်းခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဝေဖန် သုံးသပ်ဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ် အတွင်းမှာ ကျွန်တော်တို့ အသင်းဟာ ပရီးမီးယားလိဂ်မှာ တစိုက်မတ်မတ် ခြေစွမ်းမပြနိုင်ခဲ့တာက လက်တွေ့ အရှိတရားပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ ကစားသမား ၄ ဦးဟာ အာဆင်နယ်နဲ့ ပွဲမှာ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ဂိုးကို သွင်းယူနိုင်ခဲ့ပြီး၊ ၎င်းတို့အနက် ၃ ဦးမှာ ဝုဗ် ကစားသမားတွေ ဖြစ်နေတာက ထူးခြားချက် ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ရမှတ် ကွာဟချက် ပိုပိုပြီး ကျဉ်းမြောင်းလာတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အရင်နှစ်တွေကလည်း မန်စီးတီးနဲ့ ချန်ပီယံလုပွဲတွေမှာ အမှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ အမှတ်တွေလျှော့ကာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ အခုတော့ အဲဒီ အတိတ်ဆိုးတွေက အာဆင်နယ်ကို နောက်ထပ် တစ်ကြိမ် ခြောက်လှန့်နေပြီလား ဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ မြောက်လန်ဒန် ကလပ်ဟာ ၂၀၂၆ ခုနှစ်အတွင်း ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၈ ပွဲမှာ ၁၁ မှတ် အထိ အမှတ်လျော့ထားခဲ့ပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီး အာတေးတားက ဒီရာသီမှာ ၂၇ ပွဲ ကစားထားပြီး ၁ ပွဲသာ အနိုင်ရထားတဲ့ ဝုဗ်ကို အနိုင်မရခဲ့တဲ့ အတွက် ဒေါသထွက်နေပြီး ၎င်းရဲ့ စိတ်ခံစားချက်ကို ခက်ခဲစွာ ထိန်းချုပ်နေရပါတယ်။ “ကျွန်တော်တို့ အမှား အတွက် ပေးဆပ်လိုက်ရတာပါ။ ဒါကို လက်ခံဖို့ တကယ်ကို ခက်ခဲပါတယ်။ ဒုတိယပိုင်းမှာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲကို အနိုင်ရဖို့ လိုအပ်တဲ့ စွမ်းဆောင်ရည်မျိုး ကျွန်တော်တို့ မပြနိုင်ခဲ့ဘူး။ အခြေခံကျကျ လုပ်ဆောင်ရမယ့် အရာတွေကို တစ်ခုပြီး တစ်ခု အလွဲလွဲ အချော်ချော် လုပ်ခဲ့ကြတယ်။ အဲဒီလိုဖြစ်လာရင် ပွဲကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။” လို့ အာတေးတားက ဆိုပါတယ်။

“အခုချိန်မှာ ဒီရလဒ် အပေါ် ဝေဖန် ဆုံးဖြတ်ဖို့ထက် ခံစားချက်တွေက ပိုပြင်းထန်နေပါတယ်။ ကျွန်တော်တို့ ဒီထိုးနှက်ချက်ကို ခံယူရပါမယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော် တို့နဲ့ ထိုက်တန်တဲ့ ရလဒ်မို့လို့ပါ။ စိတ်ခံစားချက် ရှေ့တန်းတင်ပြီး အသင်းကို ထိခိုက်စေမယ့် စကားမျိုးတွေ ပြောဖို့က လွယ်ပါတယ်။ လူတိုင်းကတော့ အကောင်းဆုံး လုပ်ချင်ကြတာပါပဲ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်ဟာ ပွဲပြီးခါနီးအချိန်တွေ ဆိုရင် ကစားသမားတွေ ပိုမို ပျာယာခတ်လာပြီး ဖိအားဒဏ်ကို သိသိသာသာ ခံစားနေရတာ တွေ့ရပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမည့် မြောက်လန်ဒန်ဒါဘီ (စပါးနဲ့ပွဲ) နဲ့ မတ်လ ၁ ရက်နေ့မှာ ကစားမည့် ချဲလ်ဆီးနဲ့ အိမ်ကွင်း ပွဲစဉ်တွေ မတိုင်ခင် အခုလို စိတ်ပျက်စရာ ရလဒ် ကနေ အာဆင်နယ်တို့ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လိုအပ်နေပါပြီ။

ကစားသမားတွေ ဖိအားဒဏ်ကြောင့် စိတ်ဓာတ်ကျမသွားအောင် ဘယ်လိုတားဆီးမလဲလို့ မေးမြန်းရာ မှာတော့ အာတေးတားက “သူတို့နဲ့ နီးနီးကပ်ကပ်နေပြီး သူတို့ ဘယ်လောက်အထိ တော်ကြသလဲ ဆိုတာကို ပြန်ပြီး သတိပေးသွားမှာပါ။ အခက်အခဲတွေ ကြုံလာရတဲ့အခါ ပြန်ပြီး တည့်မတ်နိုင်ရမယ်။ ဒီဆုဖလားကို ကျွန်တော်တို့ ဘယ်လောက် အထိ လိုချင်သလဲ၊ ကျွန်တော်တို့ ဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိသလဲ ဆိုတာကို အခုလို အခက်အခဲကြုံနေရတဲ့ အချိန်မှာ ပြသရမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်