ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆုံးအဖြတ်ကာလမှာ “ ဘာမဆို ဖြစ်သွားနိုင်တယ်” လို့ မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက အာဆင်နယ်ကို သတိပေးလိုက်ပါတယ်။ မန်ချက်စတာစီးတီး အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲ ကစားဖို့ ကျန်ရှိနေသေးချိန်မှာ ဇယားထိပ်က အာဆင်နယ်ကို ၆ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ပပ် ဂွါဒီယိုလာ ကတော့ မန်စီးတီး အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဆဲ ဖြစ်ကြောင်း ယုံကြည်မှု အပြည့် ရှိနေပြီး ရာသီအပိတ် အဆုံးအဖြတ်ကာလမှာ “ အများကြီး ပြောင်းလဲသွားနိုင်တယ်” လို့ အာဆင်နယ်ကို သတိပေးစကား ဆိုလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လစ်ဗာပူးလ်နဲ့ အရေးကြီး ပွဲစဉ်မှာ ဒေါမနစ် ဆိုဘို့ဇ်ဆလိုင်းရဲ့ လှပတဲ့ ဖရီးကစ်ဂိုးကြောင့် မန်စီးတီးတို့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုးနဲ့ အာလင်း ဟာလန်းရဲ့ ပင်နယ်တီဂိုးတွေကြောင့် ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ တကယ်တော့ မန်စီးတီးဟာ ၂ ဂိုးထက် ပိုရနိုင်ခဲ့တာ အခြေအနေကောင်းတွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ရေယန် ချာကီက ကွင်းတစ်ဖက် ကနေ လှမ်းကန်သွင်းခဲ့တဲ့ ဂိုးက ဟာလန်း အနေနဲ့ ဆိုဘို့ဇ်ဆလိုင်းကို ဆွဲခဲ့တယ် ဆိုပြီး ပယ်ဖျက်ခံခဲ့ရတာပါ။ ဆိုဘို့ဇ်ဆလိုင်း ကလည်း ပွဲအပြီး အကြိတ်အနယ် ရှိလှတဲ့ အချိန်မှာ ဟာလန်းကို ဆွဲတားခဲ့လို့ နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ အာဆင်နယ်နဲ့ ၆ မှတ် အကွာကို ပြန်လိုက်လာနိုင်ခဲ့ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးက ဖူလ်ဟမ်ကို အက်တီဟတ်မှာ လက်ခံကစားရမှာ ဖြစ်ပြီး အာဆင်နယ်က ကြာသပတေးနေ့မှာ ဘရန့်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်လို့ ရမှတ် ကွာဟချက်က မထင်မှတ်ပဲ ကျဉ်းမြောင်းနိုင်ခြေ ရှိနေပါတယ်။ အဓိက ကတော့ ဘရန့်ဖို့ဒ်က လက်ရှိမှာ ခြေစွာနေတဲ့ အသင်း ဖြစ်တာကြောင့် မန်စီးတီးက အာဆင်နယ်ထက်စာရင် ပွဲပိုချောင်နိုင်တယ်လို့ တွက်ဆနေကြတာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေဆဲပါ။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အာဆင်နယ်က ချန်ပီယံ ဖြစ်ဖို့ ၉၀.၁ ရာခိုင်နှုန်း ရှိနေပြီး မန်စီးတီး ကတော့ ၈.၂ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါပေမယ့် ပပ် ဂွါဒီယိုလာ ကတော့ အာဆင်နယ်ကို ကျော်တက်ဖို့ မျှော်လင့်ချက် မစွန့်သေးပါဘူး။
“ကျွန်တော်တို့ ၆ မှတ် နောက်ကောက်ကျနေတယ်။ ဟုတ်ပါတယ်၊ ဒါဟာ ကွာဟချက်ကြီး တစ်ခုပါ။ ဒါပေမယ့် အများကြီး ဖြစ်ပျက်သွားနိုင်တာမို့ အခုလို ၃ မှတ် ရထားတာက ပိုကောင်းပါတယ်။ ၆ မှတ် ဆိုတာ [အာဆင်နယ် အတွက်] လုံလောက်ရဲ့လား ဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမယ့် ၁၃ ပွဲ ဆိုတာ အများကြီး ကျန်ပါသေးတယ်။ အက်ဖ်အေဖလား ပွဲစဉ်တွေ လာတော့မယ်။ ခရာဘောင်ဖလား ဖလား ဗိုလ်လုပွဲလည်း ရှိသေးတယ်။ မတ်လမှာ ချန်ပီယံလိဂ်တွေ ပြန်စမယ်၊ ပြီးတော့ ဒဏ်ရာ ပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။”
“နောက်ပြီး တခြားအသင်းတွေ ကလည်း ရည်မှန်းချက် အသီးသီး အတွက် ကစားနေကြတာပါ။ ဥရောပ ဝင်ခွင့် အတွက်ရော၊ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အသင်းတွေနဲ့ ကစားရတာမျိုးက သူတို့ဟာ ရှင်သန်ဖို့ အတွက် အစွမ်းကုန် ကြိုးစားကြမှာ မို့လို့ တကယ့်ကို ခက်ခဲတဲ့ ပွဲစဉ်တွေ ဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ၁၃ ပွဲ ဆိုတာ အချိန် အများကြီး ကျန်ပါသေးတယ်။ ရာသီပိတ် ကာလဟာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး ကတော့ ပြိုင်ဆိုင်မှုထဲမှာ ဆက်ရှိနေဖို့ပါပဲ။” လို့ ဂွါဒီယိုလာက ပြောပါတယ်။
နောက်ဆုံး မှာတော့ ဂွါဒီယိုလာက “ကျွန်တော်တို့ လုပ်နိုင်တာကတော့ အာဆင်နယ်ရဲ့ နောက်ကနေ တကောက်ကောက် လိုက်နေဖို့ပါပဲ။ သူတို့သာ တစ်ချက် လွဲချော်တာ ဒါမှမဟုတ် အမှား တစ်ခုခု လုပ်တာနဲ့ အဲ့ဒါကို အခွင့်ကောင်းယူနိုင်ရပါမယ်။ ကျွန်တော်တို့ အိမ်ကွင်း မှာလည်း သူတို့နဲ့ ကစားရဖို့ ရှိသေးတယ်? အဲ့ဒီပွဲမှာတော့ သူတို့ကို အနိုင်ယူရမှာပေါ့။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


