လစ်ဗာပူးလ် မန်စီးတီးဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၅ မှတ် အကွာကို ရောက်ရှိနေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သတ်လို့ နည်းနည်းလေးတောင် စိတ်မဝင်စားသေးကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
အမှတ်ပေးဇယား ထိပ်က အာဆင်နယ်ဟာ ကြားရက်က ဝုဗ်နဲ့ ပွဲမှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် ၇ မှတ် အထိ ဖြတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာပါ။ လက်ရှိမှာ မန်စီးတီးဟာ လက်ကျန် တစ်ပွဲ ကစားဖို့ ရှိနေသေးသလို ဧပြီလ မှာလည်း အာဆင်နယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါကြောင့် မန်စီးတီးတို့ ကျန်ရှိတဲ့ ပွဲစဉ် အားလုံး ကိုသာ အနိုင်ရမယ် ဆိုရင် ၉ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။
ကိန်းဂဏန်းအချက်အလက်များနဲ့ ခန့်မှန်းချက်များ
Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းကျော် အထိ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ ၁၆.၉ ရာခိုင်နှုန်းသာ အခွင့်အရေး ရှိနေတယ်လို့ သိရပါတယ်။ အခုတပတ် ကစားရမယ့် ပွဲအပေါ် ချဉ်းကပ် ကြည့်ရင်တော့ မန်စီးတီးဟာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်း နောက်ဆုံး ၂၁ ပွဲစလုံး ရှုံးပွဲ မရှိထားဘဲ နောက်ဆုံး ၁၆ ပွဲ ဆက်တိုက်ကို အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် နယူးကာဆယ်နဲ့ အိမ်ကွင်း နောက်ဆုံး ၆ ပွဲ မှာလည်း မန်စီးတီးက ပေးဂိုး လုံးဝ မရှိခဲ့ဘဲ အနိုင်ရထားတာကြောင့် နယူးကာဆယ် အပေါ် တော်တော်လေးကိုမှ အသာစီးရနေတဲ့ မှတ်တမ်း တစ်ခု ဖြစ်နေပါတယ်။
ဂွါဒီယိုလာ ဘာတွေပြောသလဲ

ပပ် ဂွါဒီယိုလာ ကတော့ လာမယ့် နယူးကာဆယ်နဲ့ ပွဲကိုသာ အပြည့်အဝ အာရုံစိုက်ထားကြောင်း သတင်းထောက်တွေကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက “လာမယ့် ၁၂ ပွဲမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ကစားသမားတွေ ကိုလည်း အဲ့ဒီအကြောင်း (ချန်ပီယံဆု အကြောင်း) တစ်စက္ကန့်တောင် မပြောရသေးဘူး။ မနေ့ကရော၊ တစ်နေ့ကရော ကျွန်တော်တို့ ပြောနေတာက နယူးကာဆယ်၊ နယူးကာဆယ်၊ နယူးကာဆယ် အကြောင်းပဲ ဖြစ်ပါတယ်။”
ဆက်လက်ပြီး သူက “အမှတ်ပေးဇယားမှာ ဘယ်နေရာ ရောက်နေလဲ ဆိုတာ ကျွန်တော် စိတ်မဝင်စားပါဘူး။ ဒီမေးခွန်းကို နောက်ဆုံး ၂ ပွဲ၊ ၃ ပွဲလောက်ပဲ ကျန်တော့တဲ့ အချိန်ကျမှ မေးပါ။ အဲဒီ အချိန်ကျရင်တော့ အဖြေပေးပါ့မယ်။ ၁၂ ပွဲ ဆိုတာ အချိန်အကြာကြီး လိုပါသေးတယ်။ အများကြီး ပြောင်းလဲသွားနိုင်တာ ကတော့ တစ်ခုတည်းသော အမှန်တရားပါပဲ။” လို့ ဆိုပါတယ်။
အသင်းသစ်နဲ့ အတွေ့အကြုံ
မန်စီးတီးဟာ ချန်ပီယံ အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာကြောင့် ပိုမိုသာလွန်သလားလို့ မေးမြန်းရာ မှာတော့ ဂွါဒီယိုလာက ငြင်းဆန်သွားခဲ့ပါတယ်။ ဂွါဒီယိုလာက “ကျွန်တော့် ကစားသမားတွေရဲ့ ၇၀ ရာခိုင်နှုန်းက အသစ်တွေပါ။ ဒါကြောင့် သူတို့မှာ အဲ့ဒီလို ချန်ပီယံ အတွေ့အကြုံတွေ မရှိသေးဘူး။ ကျွန်တော်တို့ အတွက် တကယ့် အတွေ့အကြုံ ဆိုတာ မနက်ဖြန် ပွဲမှာ အနိုင်ရဖို့ပဲ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
တစ်ဖက်က စပါး နည်းပြသစ် တူဒါရဲ့ ပွဲဦးထွက် မြောက်လန်ဒန် ဒါဘီမှာ အာဆင်နယ်သာ အရေးနိမ့်ခဲ့မယ် ဆိုရင်တော့ မန်စီးတီးဟာ အာဆင်နယ်နဲ့ ၂ မှတ် အကွာ အထိ ကပ်သွားနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဒါ့အပြင် ပွဲကျန် တစ်ပွဲလည်း လက်ထဲမှာ ကိုင်ထားနိုင်ဦးမှာ ဖြစ်လို့ ချန်ပီယံ ဖြစ်နိုင်ခြေလည်း မြင့်တက်သွားဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


