ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ အဲရစ်ခ် တန်ဟက်ဂ် လက်ထ် ကထက် ရူဘင် အမော်ရင် လက်ထက်မှာ ပိုးပြီး ရုန်းကန်နေရတယ်လို့ ဂန္တဝင် ကစားသမားဟောင်း ဂယ်ရီ နဗီးလ် ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။ အမှန်တကယ်လည်း ယူနိုက်တက်ဟာ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာတုန်း ကထက် လက်ရှိ နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ အခြေအနေတွေ ပိုမို ဆိုးရွှားနေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဂယ်ရီ နဗီးလ်က “ရူဘင် အမော်ရင် လာတုန်းက ပိုကောင်းလာမယ်လို့ ထင်ခဲ့ကြပါတယ်။ သူရဲ့ စိတ်အား ထက်သန်မှုနဲ့ စနစ်သစ်တွေကို ကစားသမားတွေက လက်ခံကြမယ်။ ပြီးတော့ ကျွန်တော် တို့တွေ တိုးတက်မှုတွေကို တွေ့မြင်ရမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။ ပိုဆိုးလာတာက အံ့ဩစရာပါပဲ။ ဒါပေမယ့် ရာသီအဆုံးပိုင်းမှာ ပိုပြီး နာကျင်စရာတွေ ရှိလာဦးမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး “နောက်ပြီးတော့ ဒါက ထိခိုက်နစ်နာမှုလည်း ရှိလာလိမ့်မယ်။ သူတို့ ကတော့ ရူဘင် အမော်ရင် နဲ့ပဲ ဆက်လက် ဖြတ်သန်းသွားရမှာပါ။ ဒါပေမယ့် ရှုံးနိမ့်မှုတွေ များလာတာနဲ့ အမျှ သူရဲ့ စိတ်ကူးစိတ်သမ်းတွေကို ကစားသမားတွေ ယုံကြည်လာအောင် ပြောဖို့က ပိုပြီး ခက်ခဲလာပါလိမ့်မယ်။ ကစားသမားတွေ ဒီစိတ်ကူးတွေကို လက်ခံ ယုံကြည်လာအောင် လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် သူတို ရှုံးနိမ့်ပြီး ဝေဖန်ခံလာရရင် သူတို့ အပေါ်မှာ လက်ညှိုးထိုးတာတွေ ပိုပြီး ဖြစ်လာနိုင်သလို ပရိသတ်တွေ အနေနဲ့ ကလည်း စိတ်မချမ်းသာစရာ ဖြစ်ရပါလိမ့်မယ်။” လို့ နဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။
![အဲဒီနောက် ပရီးမီးယားလိဂ် ကလပ်က တန်ဟက်ဂ်ရဲ့ နေရာမှာ လူငယ် နည်းပြ ရူဘင် အမော်ရင်နဲ့ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။](https://olahragamania.com/wp-content/uploads/2025/02/Gary-Neville-prepares-to-take-part-in-an-English-Football-League-2025.jpg)
မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီ အစပိုင်းမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပရီးမီးယားလိဂ် ကလပ်က တန်ဟက်ဂ်ရဲ့ နေရာမှာ လူငယ် နည်းပြ ရူဘင် အမော်ရင်နဲ့ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်က စပို့တင်းလစ္စဘွန်နးနဲ့ အတူ ဆုဖလားတွေ ရရှိခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့တော့ အစိမ်းသက်သက် ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ ဆိုရင် အမော်ရင်က ယူနိုက်တက်ကို ပြိုင်ပွဲစုံ ၁၉ ပွဲ ကိုင်တွယ်ထားပြီးချိန် အထိ ၈ ပွဲနိုင်၊ ၈ ပွဲရှုူံး၊ ၃ ပွဲ သရေကျပြီး နိုင်ပွဲ ရာခိုင်နှုန်းက ၄၂.၁၁ ရာခိုင်နှုန်းသာ ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာလည်း နိုင်ပွဲ ၂ ပွဲသာ ရထားသေးသလို ကျန် ၅ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ပရီးမီးယားလိဂ် မှာလည်း ၂၄ ပွဲ ကစားကာ ၂၉ မှတ်သာ ရရှိထားခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၃ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ဥရောပဝင်ခွင့် နေရာနဲ့ ၁၂ မှတ် ကွာဟနေသလို တန်းဆင်းဇုန်နဲ့လည်း ၁၂ မှတ် ကွာဟနေခဲ့ပါတယ်။
နောက်ဆုံး မှာတော့ ဂယ်ရီ နဗီးလ်က “ဆက်ပြီးတော့ ရှုံးနိမ့်နေလို့ မရပါဘူး။ ဒါက ကစားသမားတွေရဲ့ စိတ်ဓါတ်ကို ထိခိုက်စေနိုင်ပြီးတော့ ယုံကြည်မှု ပျောက်ဆုံးတဲ့ အထိ ဖြစ်သွားစေနိုင်ပါတယ်။ ပြီးတော့ လာမယ့် ရာသီရဲ့ အစပိုင်း ကိုပါ ထိခိုက်စေနိုင်တာကြောင့် သူ တစ်ခုခု လုပ်မှကို ရပါမယ်။ သူရဲ့ ပွဲ အပေါ် ချဉ်းကပ်မှု ပုံစံ ကိုတော့ သူက အပြည့်အဝ ယုံကြည်ထားပြီးသား ဖြစ်တာကြောင့် ဒါကို ပြောင်းလဲမှာ မဟုတ်ပါ ဘူး။ ဒါပေမယ့် သူ ဒီကို ရောက်ပြီးကတည်းက စပို့တင်းမှာ ၇၅ ပွဲ ကိုင်တွယ်ပြီး ရှုံးနိမ့်ခဲ့တဲ့ ပွဲအရေအတွက် ထက်တောင် ပိုများနေပါသေးတယ်။” လို့ မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.