နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုးထရက်ဖို့ဒ်မှာ ကာရစ်ခ်နဲ့ ယူနိုက်တက် အဖြေရှာရမယ့် လွယ်မယောင်နဲ့ ခက်တဲ့ ဖူလ်ဟမ် ပုစ္ဆာ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – ဖူလ်ဟမ်

မိုက်ကယ် ကာရစ်ခ် ဦးဆောင်ပြီး အားသစ် လောင်းထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ မှာတော့ ဖူလ်ဟမ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာသာ အနိုင်ရခဲ့ရင်တော့ ကာရစ်ခ်က ယခင် နည်းပြ ရူဘင် အမော်ရင်ရဲ့ ပရီးမီးယားလိဂ် အရှည်ကြာဆုံး အနိုင်ရလဒ် မှတ်တမ်းကို လိုက်မှီတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပတ်က အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ကို ၃-၂ နဲ့ အဝေးကွင်းမှာ အနိုင်ယူပြီးနောက် ယူနိုက်တက်ရဲ့ အရှိန်အဟုန်ဟာ တဟုန်ထိုး မြင့်တက်နေပါတယ်။ တစ်ဖက် မှာလည်း ဖူလ်ဟမ်က ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေ ပိုမိုတောက်ပလာနေတဲ့ အသင်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရခဲ့သလို၊ အာဆင်နယ် ကိုလည်း အမ်းမရိတ်စ်မှာ အမ်ဘွေမို၊ ဒေါဂူ နဲ့ ကူညာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အတွက် ဒီရာသီ ပထမဆုံး အိမ်ကွင်း ရှုံးပွဲလည်း ဖြစ်စေခဲ့ပါတယ်။ ကာရစ်ခ်ဟာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နှစ်သင်းကို ဆက်တိုက် အနိုင်ရခဲ့တဲ့ ပထမဦးဆုံး နည်းပြ ဖြစ်လာပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အဆင့် (၄) နေရာ အတွက် ချဲလ်ဆီးထက် ၁ မှတ်၊ လစ်ဗာပူးလ်ထက် ၂ မှတ် အသာရထားပြီး ၆ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်း (လက်ရှိ ရာသီ ပရီးမီးယားလိဂ်မှာ အရှည်ကြာဆုံး) ကို ပိုင်ဆိုင်ထားပါတယ်။ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ ၁၁ ပွဲဆက် ဂိုးသွင်းထားနိုင်သလို၊ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲ မှာလည်း ၁ ဂိုးသာ ပေးထားရပါတယ်။

ဖူလ်ဟမ် ကတော့ ရာသီဝက်မှာ ရလဒ်တွေ မတည်ငြိမ်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ၅ ပွဲ အထိ အနိုင်ရထားပါတယ်။ ဟယ်ရီ ဝီလ်ဆင်ရဲ့ နောက်ဆုံး မိနစ် ဖရီးကစ် ဂိုးကြောင့် ဘရိုက်တန်ကို အနိုင်ရခဲ့တာ ဖြစ်ပြီး လက်ရှိမှာ အဆင့် ၇ နေရာမှာ ရပ်တည်ကာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၄ မှတ် အကွာမှာ ရှိနေပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ် အဝေးကွင်း ရလဒ်တွေလည်း သိသိသာသာ တိုးတက်လာပြီး နောက်ဆုံး ၅ ပွဲမှာ ၁၀ မှတ် အထိ ရယူထားနိုင်ပါတယ်။ ဖူဟမ်ဟာ ဒီရာသီ ပထမအကျော့မှာ ယူနိုက်တက်ကို ၁-၁ နဲ့ သရေကစားထားနိုင်ခဲ့သလို၊ ၂၀၂၄ ဖေဖော်ဝါရီ မှာလည်း အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရခဲ့ဖူးပါတယ်။ ဒါပေမယ့် အိုးလ်ထရက်ဖို့ဒ်ကို လာရောက် ကစားခဲ့တဲ့ နောက်ဆုံး အကြိမ် ၂၀ မှာတော့ အဲ့ဒီ တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးတာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ကာရစ်ခ်ဟာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နှစ်သင်းကို ဆက်တိုက် အနိုင်ရခဲ့တဲ့ ပထမဦးဆုံး နည်းပြ ဖြစ်လာပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

အခုပွဲ ကိုတော့ ယူနိုက်တက် ဘက်က ဒီလစ်ဂျ်၊ ဒေါဂူနဲ့ ဇစ်ခ်ဇီး တို့ လွဲချော်မှာ ဖြစ်ပြီး ဖူလ်ဟမ် ဘက်မှာတော့ အော်စကာ ဘော့ဘ်၊ ချူကွီဇီ၊ လူကစ်၊ မူနစ်ဇ်၊ တီတီ (မသေချာ) တို့ လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာယူနိုက်တက် – လမ်မန်းစ်၊ ဒါးလော့တ်၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ရှော၊ ကက်စ်မဲရိုး၊ မိန်းနူး၊ အာမက်ဒ်၊ အမ်ဘွေမို၊ ဖာနန်ဒက်စ်၊ ကူညာ

ဖူလ်ဟမ် – လန်နို၊ ကတ်စတန်ဂ်ညီ၊ အန်ဒါဆန်၊ ကူအန်ကာ၊ ဆက်ဂ်ဆနွန်၊ ဘာ့ဂျ်၊ အီဝိုဘီ၊ ဝီလ်ဆင်၊ စမစ် ရိုးဝ်၊ ချူကွီဇီ၊ ဟင်မီနက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ဖူလ်ဟမ်က ၁ ပွဲသာ အနိုင်ရခဲ့ပြီး ယူနိုက်တက် ကတော့ ၁၆ ပွဲ အနိုင်ရကာ ၊ ၅ ပွဲ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှုမှာ ယူနိုက်တက်က ၃ ပွဲနိုင်၊ ဖူလ်ဟမ်က ၁ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ဖူလ်ဟမ်က ၁ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ယူနိုက်တက်က ၃ ပွဲ အနိုင်ရခဲ့ပါတယ်။ 

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၁.၅၅ ဆ၊ ဖူလ်ဟမ် နိုင်ရင် ၄.၉၄ ဆ၊ သရေ ဆိုရင်တော့ ၃. ၉၁ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ယူနိုက်တက် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ နှစ်သင်းစလုံးက လက်ရှိမှာ Form မိနေကြတယ် ဆိုပေမယ့် ယူနိုက်တက်က Favourite အသင်း ဖြစ်နေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ယခင် တွေ့ဆုံမှုတွေမှာ အပြန်အလှန် ဂိုးသွင်းလေ့ ရှိကြပေမယ့် ဂိုးအရမ်း ပြတ်တာမျိုးတော့ သိပ်မတွေ့ရပါဘူး။ BTTS၊ ဂိုးပေါ် ၂.၅ တို့ကို ရွေးချယ်ထားတာက စိတ်ချရပါလိမ့်မယ်။ 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်