နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မန်စီးတီးမှာ ပပ် ဂွါဒီယိုလာရဲ့ နေရာကို အစားထိုးနိုင်မယ့်သူ ၄ ဦး | ပရီးမီးယားလိဂ်

လက်ရှိဘောလုံးရာသီဟာ ပပ် ဂွါဒီယိုလာ အတွက် မန်ချက်စတာစီးတီး နည်းပြဘဝ နောက်ဆုံးရာသီ ဖြစ်လာနိုင်တယ် ဆိုတဲ့ ခံစားချက်တွေ ပရိသတ်တွေကြားမှာ ရှိနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီက မျှော်လင့်ထားသလောက် မအောင်မြင်ခဲ့တာကြောင့် ဂွါဒီယိုလာ အနေနဲ့ အသင်းကို ပြန်လည် တည်ဆောက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဓိက ကစားသမားတချို့ ထွက်ခွာသွားခြင်းနဲ့ အတူ မန်စီးတီးက ဂွါဒီယိုလာ လက်ထက်မှာ အကောင်းဆုံး ပုံစံ ပြန်ရဖို့ လက်ရှိ အချိန်ထိ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ 

အထူးသဖြင့် ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာက ဂွါဒီယိုလာ အတွက် အသင်းကို ရှေ့ဆက်ဦးဆောင်ဖို့ ခွန်အားရှိသေးရဲ့လား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ အကယ်၍ ဂွါဒီယိုလာသာ ထွက်ခွာခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့ အသင့်တော်ဆုံးနဲ့ ဖြစ်နိုင်ခြေ အရှိဆုံး နည်းပြ ၄ ဦးကို Sport Illustrated က အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

 

၄။ လူးဝစ် အန်နရီကေး

လက်ရှိမှာ ပီအက်စ်ဂျီကို အောင်မြင်စွာ ကိုင်တွယ်နေတဲ့ အန်နရီကေးဟာ ဂွါဒီယိုလာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူပါ။ သူတို့ နှစ်ဦးဟာ ဘာစီလိုနာမှာ အတူ တွဲဖက်က စားခဲ့ဖူးသလို ၂၀၀၈ ခုနှစ်မှာ ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံပြီး ဘာစီလိုနာ (B) အသင်းကို ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီကို ချန်ပီယံလိဂ် အပါအဝင် ဆုဖလား အားလုံးနီးပါး ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဥရောပရဲ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်လို့ ဂွါဒီယိုလာရဲ့ နေရာ အတွက် ထိပ်တန်း ကစားသမား စာရင်းမှာ ပါဝင်နေမှာ သေချာပါတယ်။

 

၃။ ဇာဘီ အလွန်ဆို 

ရီးရဲလ်မက်ဒရစ်မှာ ၇ လကြာ ကိုင်တွယ်ခဲ့စဉ်က ရလဒ်ပိုင်း အားနည်းခဲ့ပေမယ့် လေဗာကူဆင်နဲ့ အတူ ရရှိခဲ့တဲ့ ၂၀၂၃-၂၄ ရာသီရဲ့ အံ့အားသင့်ဖွယ် အောင်မြင်မှုတွေကြောင့် အလွန်ဆိုဟာ ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ် နည်းပြ အဖြစ် ရှိနေဆဲပါ။ ဒါ့အပြင် အလွန်ဆိုက ဂွါဒီယိုလာနဲ့ ကစားပုံချင်း မတူညီတာမျိုး ရှိပေမယ့် လှပပြီး တိကျတဲ့ ဘောလုံး ကစားဟန်ကို အသားပေးသူ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်မှာ ကစားသမား ဘဝတုန်းက ဂွါဒီယိုလာ လက်အောက်မှာ ကစားခဲ့ဖူးသလို လစ်ဗာပူးလ်မှာ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ် အကြောင်း ကိုလည်း ကောင်းကောင်း နားလည်ထားသူ ဖြစ်ပါတယ်။

 

၂။ ဗင်းန်ဆင့် ကွန်ပနီ

မန်စီးတီး အသင်းရဲ့ အကြောင်းကို ကွန်ပနီထက် ပိုသိတဲ့သူ မရှိသလောက်ပါပဲ။ အသင်းခေါင်းဆောင်ဟောင်း အဖြစ် ၁၀ စုနှစ် တစ်ခုကျော် အကြာ ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် အထိ ရရှိခဲ့တဲ့ ဂန္ထဝင် တစ်ဦး ဖြစ်ပါတယ်။ ဘေယန်မြူးနစ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်နေပြီး တိုက်စစ် အသားပေး ကစားကွက်တွေကို ဖော်ဆောင်နေပါတယ်။ သူ မန်စီးတီးကို ပြန်လာမယ်လို့ လူတိုင်းက မျှော်လင့်ထားကြပြီး အသက် ၃၉ နှစ်အရွယ် ကွန်ပနီသာ ရောက်လာရင် ပရိသတ်တွေရဲ့ တခဲနက် ထောက်ခံမှုကို ရရှိဖို့တော့ ရှိနေပါတယ်။ 

 

၁။ အန်ဇို မာရက်စ်ကာ

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ရဲ့ နည်းပြ ဖြစ်နိုင်ခြေ အရှိဆုံး ကတော့ အန်ဇို မာရက်စ်ကာ ဖြစ်ပါတယ်။
ဂွါဒီယိုလာ နေရာမှာ အစားထိုးနိုင်ဖို့ ဖြစ်နိုင်ခြေ အရှိဆုံး နည်းပြ သတ်မှတ်ခံထားရတဲ့ အန်ဇို မာရက်စ်ကာ

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ရဲ့ နည်းပြ ဖြစ်နိုင်ခြေ အရှိဆုံး ကတော့ အန်ဇို မာရက်စ်ကာ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီး ကနေ ထွက်ခွာခဲ့ရခြင်းရဲ့ အကြောင်းရင်း တစ်ခုဟာ မန်စီးတီးနဲ့ ဆက်သွယ် စကားပြောခဲ့လို့ ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ သူဟာ မန်စီးတီးရဲ့ လူငယ် အသင်းကို ကိုင်တွယ်ခဲ့ဖူးသလို ဂွါဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဂွါဒီယိုလာရဲ့ တပည့်ရင်းစစ်စစ် တစ်ဦး ဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ကစားကွက်ကို အသုံးချသူပါ။ ချဲလ်ဆီးမှာ စိန်ခေါ်မှုတွေ ကြားက ဖလား ၂ လုံး ရယူပေးခဲ့သလို ပြီးခဲ့တဲ့ နွေရာသီက ကမ္ဘာ့ကလပ်ဖလား ပြိုင်ပွဲ မှာလည်း ခြေစွမ်းပြခဲ့ပါတယ်။ လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတာကြောင့် မန်စီးတီး အနေနဲ့ ခေါ်ယူဖို့ အလွန် လွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်