နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ချဲလ်ဆီးရဲ့ ဂိုးသမား အကျပ်အတည်းကို ကုစားပေးနိုင်မယ့် အလားအလာရှိသူ ၅ ဦး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဂိုးသမားသစ် ခေါ်ယူခဲ့ခြင်း မရှိပါဘူး။ ချဲလ်ဆီး အတွက် ဒီဆုံးဖြတ်ချက်ဟာ အခုအခါမှာတော့ သူတို့ကိုယ်သူတို့ ပြန်လည် ဒုက္ခပေးနေတဲ့ ဒဏ်ရာဆိုး တစ်ခု ဖြစ်နေခဲ့ပါပြီ။ 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပီအက်စ်ဂျီနဲ့ ပွဲစဉ်မှာ ဖိလစ်ပ် ဂျော်ဂျန်ဆန်ရဲ့ သိသာ ထင်ရှားတဲ့ အမှားတွေက ချဲလ်ဆီး ဂိုးသမားတွေ အပေါ် ဝေဖန်မှုတွေကို ပိုမိုပြင်းထန်လာစေခဲ့သလို၊ ရောဘတ် ဆန်းချက်ဇ် အသင်းဆီကို ရောက်ရှိလာကတည်းက ကျူးလွန်ခဲ့တဲ့ အမှားများစွာ ကိုလည်း ပြန်လည် အမှတ်ရစေခဲ့ပါတယ်။

ဒါကြောင့် လက်ရှိမှာ ချဲလ်ဆီး အနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် ဆိုရင် ထိပ်တန်းအဆင့် ရှိတဲ့ ဂိုးသမား တစ်ဦး လိုအပ်နေတာက ငြင်းမရတဲ့ အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့် တော့ဒ် ဘိုလေတို့ အုပ်စုဟာ လာမယ့် ရာသီအကုန်မှာ ဂိုးသမား နေရာကို အင်အားဖြည့်တင်းဖို့ သေချာသလောက်ရှိနေပြီး ဈေးကွက်ထဲမှာ သိသိသာသ ချွန်ထွက်နေတဲ့သူ အများအပြား မရှိပေမယ့်လည်း ဂျော်ဂျန်ဆန်နဲ့ ဆန်းချက်ဇ် တို့ထက် ပိုကောင်းတဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နိုင်ဖို့ ရှိနေပါသေးတယ်။ ဒါကြောင့် အခု တစ်ခါမှာတော့ Sports Illustrated က ရွေးချယ်ခဲ့တဲ့ ချဲလ်ဆီးတို့ ခေါ်ယူသင့်တဲ့ ဂိုးသမား ၅ ဦးကို ပြန်လည် ဝေမျှပေးလိုက်ရပါတယ်။

 

၁။ မိုက်ခ် ပန်ဒါးစ် (စထရာဘိုး)

မိုက်ခ် ပန်ဒါးစ်ကို ချဲလ်ဆီးက ၂၀၂၄ သြဂုတ်လမှာ ဂန့်ခ် ကနေ ခေါ်ယူခဲ့တာပါ။ အဲ့ဒီနောက် အငှားချခဲ့ပြီး လက်ရှိ မှာတော့ ချဲလ်ဆီးရဲ့ ညီအစ်မ ကလပ် စထရာဘိုးမှာ ကစားနေပါတယ်။ သတင်းကောင်း ကတော့ သူဟာ ပြင်သစ်မြေမှာ ခြေစွမ်းပြနေတာပါပဲ။ သူဟာ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့်လည်း စထရာဘိုးရဲ့ နံပါတ် ၁ ဂိုးသမား အဖြစ် ပွဲပေါင်း ၃၇ ပွဲအထိ ကစားပေးထားပြီး ကွန်ဖရင့်လိဂ် မှာလည်း အသင်း အတွက် အားထားရသူ ဖြစ်နေပါတယ်။ ဒါပေမယ့် သတိပြုရမှာက သူဟာ လက်သွေး ပျိုးထောင်ပေးရဦးမယ့် လူငယ်ကစားသမား ဖြစ်နေတာကြောင့် ၂၀၂၆-၂၀၂၇ ရာသီမှာ အငှားထပ် ထွက်ဖို့ ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့ ဂိုးသမား တစ်ဦးရဲ့ လက်အောက်မှာ အရံအဖြစ် သင်ယူဖို့ ပိုမိုသင့်တော်ပါလိမ့်မယ်။

 

၂။ ဘတ် ဗာဘရက်ဂျန် (ဘရိုက်တန်)

ချဲလ်ဆီးဟာ အခက်အခဲကြုံတိုင်း ဘရိုက်တန် အသင်းဆီ မျက်စောင်းထိုးလေ့ ရှိပါတယ်။ ဆန်းချက်ဇ် ကတော့ မအောင်မြင်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့သည့် တိုင်အောင် ကူကာရယ်လာနဲ့ ကိုင်စီဒို တို့ကတော့ အောင်မြင်တဲ့ ခေါ်ယူမှုတွေ အဖြစ် သတ်မှတ်လို့ ရပါတယ်။ အခုလည်း ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ် ဂိုးသမား ဗာဘရက်ဂျ်ကို ချဲလ်ဆီး မျက်စိကျနိုင်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဒတ်ခ်ျ ဂိုးသမားဟာ ဘရိုက်တန်မှာ ၂ ရာသီဆက် အဓိက ဂိုးသမား အဖြစ် ကစားနေပြီး လက်စွမ်းတက်လာသူ ဖြစ်ပါတယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆန်းချက်ဇ်ထက် ကာကွယ်မှု ရာခိုင်နှုန်းနဲ့ တိကျတဲ့ ပေးပို့မှု အပိုင်းတွေမှာ ပိုသာနေပါတယ်။ ဒါပေမယ့် သူဟာလည်း ထိပ်တန်း အဆင့်မှာ ကစားဖို့ အဆင်သင့် ဖြစ်ပြီလား ဆိုတာတော့ မေးခွန်းထုတ်စရာ ရှိနေပါသေးတယ်။

 

၃။ ဒီယေဂို ကိုစတာ (ပေါ်တို)

ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာ ကတော့ ဥရောပထိပ်တန်းအသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့ အမြဲတမ်း ရေပန်းစားနေသူပါ။ အသက် ၂၆ နှစ် အရွယ်မှာတင် ပေါ်တိုနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်နေပြီး လာမယ့် ကမ္ဘာ့ဖလားမှာလည်း ပေါ်တူဂီရဲ့ ဂိုးပေါက်ကို တာဝန်ယူရမှာပါ။ ပယ်နယ်တီ ကာကွယ်ရာမှာ ထူးချွန်သလို လက်စွမ်းလည်း တည်ငြိမ်တဲ့ ကော်စတာကို ယူနိုက်တက်နဲ့ မန်စီးတီးတို့ ကလည်း စိတ်ဝင်စားခဲ့ဖူးပါတယ်။ အတွေ့အကြုံပိုင်း မှာလည်း ပွဲပေါင်း ၂၅၀ နီးပါး ကစားထားပြီး ဖြစ်တာကြောင့် သူသာ ရောက်လာရင် ချဲလ်ဆီးရဲ့ နံပါတ် ၁ နေရာကို ချက်ချင်း လွှဲပြောင်းယူနိုင်မှာ သေချာပါတယ်။

 

၄။ မိုက်ခ် မိုက်ဂ်နွန် (အေစီမီလန်)

ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နံပါတ် ၁ ဂိုးသမား မိုက်ဂ်နွန်ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက ချဲလ်ဆီးကို ရောက်လာနိုင်သူပါ။ ဒါပေမယ့် အေစီမီလန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမရတာကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့ရတာ ဖြစ်ပါတယ်။ မိုက်ဂ်နွန်ဟာ ပရီးမီးယားလိဂ်မှာ လက်စွမ်းပြနိုင်မယ့် အရည်အချင်း အပြည့် ရှိပြီး အားနည်းချက် နည်းပါးတဲ့ ဂိုးသမားပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မီလန်နဲ့ ၂၀၃၁ အထိ စာချုပ်သစ်ချုပ်ထားပေမယ့် ခေတ်သစ် ဘောလုံးလောကမှာ စာချုပ်ဆိုတာထက် စာချုပ်ဖျက်သိမ်းကြေး ကသာ အဓိက ဖြစ်လာတာကြောင့် ချဲလ်ဆီးသာ တကယ် လိုချင်ရင် ရနိုင်တဲ့ အခွင့်အရေး ရှိနေဆဲပါ။

 

၅။ ဂရီဂေါ ကိုဘယ် (ဒေါ့မန်)

ဒေါ့မန် ဂိုးသမား ကိုဘယ် ဟာလည်း ပရီးမီးယားလိဂ် ကလပ်တွေနဲ့ သတင်းထွက်လေ့ရှိသူပါ။
ဒီရာသီ ဒေါ့မန်မှာ လက်စွမ်းကောင်းတွေ ပြသနေတဲ့ ဂရီဂေါ ကိုဘယ်

ဒေါ့မန် ဂိုးသမား ကိုဘယ် ဟာလည်း ပရီးမီးယားလိဂ် ကလပ်တွေနဲ့ သတင်းထွက်လေ့ရှိသူပါ။ အသက် ၂၈ နှစ် အရွယ် ဆွစ်ဇာလန် ဂိုးသမားဟာ ၂၀၂၃-၂၀၂၄ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက အကောင်းဆုံး လက်စွမ်းပြခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ Clean Sheet အများဆုံး ရထားသလို ကာကွယ်မှု ရာခိုင်နှုန်း မှာလည်း ဒုတိယအမြင့်ဆုံး ဖြစ်နေပါတယ်။ High Line Defence ကစားတတ်တဲ့ ဒေါ့မန်ရဲ့ ကစားဟန်ကြောင့် သူဟာ အမြဲတမ်း အလုပ်များနေလေ့ ရှိပေမယ့် ယုံကြည် စိတ်ချရတဲ့ လက်စွမ်းကို အမြဲတမ်း ပြသနိုင်ပါတယ်။ သူသာ ရောက်လာရင် ချဲလ်ဆီးရဲ့ ခံစစ်ကို အဆင့် တစ်ခု အထိ မြှင့်တင်ပေးနိုင်မယ့် ကြယ်ပွင့် တစ်ဦး ဖြစ်လာမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်