နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုကွင်းလယ် ကစားသမား ၅ ဦး | ဘောလုံး

ခေတ်သစ် ဘောလုံး လောကမှာ “ဗဟိုကွင်းလယ်လူ” တစ်ယောက်ရဲ့ အခန်းကဏ္ဍကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ဆိုတာ မလွယ်ကူပါဘူး။ ကစားကွက်တွေက အရင်ကထက် ပိုပြီး မြန်မြန်ဆန်ဆန် စီးဆင်းလာသလို နည်းဗျူဟာပိုင်းဆိုင်ရာ တာဝန်တွေ ကလည်း အမြဲတမ်း ပြောင်းလဲနေတာကြောင့် ကွင်းလယ်လူတွေဟာ ခံစစ်ဆင်းကူတာ၊ ကစားကွက် တည်ဆောက်တာ၊ ပြိုင်ဘက် ခံစစ်ကို ထိုးဖောက်တာ၊ ဖိအားပေး ကစားတာနဲ့ ဂိုးသွင်းတာ အထိ အစုံလုပ်နိုင်ဖို့ လိုအပ်လာပါတယ်။ 

ဒီစာရင်း မှာတော့ ခံစစ်အသားပေး နံပါတ် ၆ Role တွေနဲ့ တိုက်စစ် သီးသန့် နံပါတ် ၁၀ Role တွေကို ဖယ်ထုတ်ထားပြီး၊ ခံစစ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးတဲ့၊ ကစားကွက် အနိမ့်အမြင့်ကို ထိန်းကျောင်းပေးတဲ့ နံပါတ် ၈ Role ဒါမှမဟုတ် Box-to-Box ကွင်းလယ်လူစစ်စစ်တွေ ကိုပဲ အဓိကထား ရွေးချယ်ထားပါတယ်။

Sports Illustrated က ရွေးချယ်ထားတဲ့ လက်ရှိ ဘောလုံးလောကရဲ့ ကမ္ဘာ့အကောင်းဆုံး ဗဟို ကွင်းလယ်လူ ၅ ဦး ကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။ 

 

၅။ အန်ဇို ဖာနန်ဒက်ဇ် (ချဲလ်ဆီး)

ကမ္ဘာ့ဖလား ချန်ပီယံလည်းဖြစ်၊ ဘင်ဖီကာ မှာလည်း တောက်ပခဲ့တဲ့ အန်ဇိုဟာ ၂၀၂၃ မှာ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီးနောက် အသားကျဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကို ကွင်းလယ်မှာ နည်းနည်းလေး ရှေ့တက်ကစားစေလိုက်တဲ့ အခါ မှာတော့ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဘောလုံးလုယူပုံတွေက ပြန်လည် တောက်ပလာခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီ မှာတော့ သူဟာ ချဲလ်ဆီး အတွက် ၉ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ ယူရိုပါကွန်ဖရင့်လိဂ်နဲ့ ကလပ် ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ အန်ဇိုဟာ ညံ့နေတာ မဟုတ်ဘဲ သူ့အတွက် သင့်တော်တဲ့ ကစားကွက်ကို လိုအပ်နေတာသာ ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

 

၄။ အလက်ဆစ် မက် အယ်လစ္စတာ (လစ်ဗာပူးလ်)

ဘရိုက်တန်မှာ ကစားတုန်းက လူမသိသူမသိ ရှိခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ လီယွန်နယ် မက်ဆီနဲ့ အတူ တွဲဖက်ညီညီ ကစားပြခဲ့ပြီးနောက် မက် အယ်လစ္စတာဟာ သူ ဘယ်လောက် ထူးချွန်သလဲ ဆိုတာ တစ်ကမ္ဘာလုံး သိသွားခဲ့ပါတယ်။ အခုဆိုရင် လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ သိမ်းပိုက်ထားနိုင်ပါပြီ။ သူဟာ ခေတ်သစ် Box-to-Box ကွင်းလယ်လူ တစ်ယောက်ရဲ့ စံပြပါပဲ။ ဘောလုံးလုယူတာ၊ ဖျက်ထုတ်တာတွေမှာ ပြတ်သားသလို၊ ပေးပို့မှု အပိုင်း မှာလည်း အနီး၊ အဝေး၊ ထောင့်ဖြတ် ပေးပို့မှု အားလုံးကို တိကျသေချာစွာ လုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တစ်ဦး ဖြစ်ပါတယ်။

 

၃။ ယာအို နီးဗက်စ် (ပီအက်စ်ဂျီ)

ပီအက်စ်ဂျီရဲ့ ကွင်းလယ်မှာ ဗစ်တင်ညာနဲ့ အတူ တွဲဖက်ကစားနေတဲ့ နီးဗက်စ်ဟာ ဖိအားပေးမှုတွေအကြားမှာ ကစားရတာကို နှစ်သက်သူပါ။ ကျဉ်းမြောင်းတဲ့ နေရာလွတ်တွေထဲမှာ ဘောလုံး လက်ခံပြီး ပြိုင်ဘက်ကို ကျော်ဖြတ်ကာ ကစားကွက် ဖော်ဆောင်ရာမှာ တော်တော်လေး ထူးချွန်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် တည်ငြိမ်မှုနဲ့ အရှိန်အဟုန်ကြောင့် ခံစစ်ကို ဖျက်ထုတ်ရာမှာရော တိုက်စစ်ဆင်ရာမှာပါ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူ တစ်ယောက် ဖြစ်စေပါတယ်။ ပဲရစ် ပရိသတ်တွေက သူ့ကို “မာကို ဗာရက်တီ” ရဲ့ ဆက်ခံသူ အဖြစ် ရှုမြင်နေကြပြီး ဗာရက်တီ တောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဖလားကို ပီအက်စ်ဂျီ အတွက် ပထမဆုံးအကြိမ် ရယူပေးနိုင်ခဲ့တာကြောင့် ကလပ်သမိုင်းမှာ နာမည်တွင် ကျန်ရစ်နေမှာ ဖြစ်ပါတယ်။

 

၂။ ဒီကလန် ရိုက်စ် (အာဆင်နယ်)

ဒီကလန် ရိုက်စ်ဟာ ခေတ်သစ် ကွင်းလယ်လူ တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းအားလုံးနဲ့ ပြည့်စုံသူပါ။ အန္တရာယ်ကို ကြိုတင် ခန့်မှန်းနိုင်တဲ့ ဆဋ္ဌမအာရုံ ရှိသလို ဖျက်ထုတ်ပုံတွေ ကလည်း အလွန် တိကျပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာသီ အတွင်း အာဆင်နယ်ရဲ့ ခံစစ် အမာခံ ကျောက်ဆောင် အဖြစ် ရပ်တည်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ခံစစ်တင်မကဘဲ တိုက်စစ်ပိုင်း မှာလည်း တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ ကွင်းလယ် ကနေ တစ်ကိုယ်တော် ထိုးဖောက် ပြေးလွှားတာတွေ၊ ဧရိယာထဲ အထိ အချိန်ကိုက် ဝင်ရောက်တာတွေ အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာတုန်းက ပြသခဲ့တဲ့ အဝေးကန်ချက် ဖရီးကစ်ဂိုးတွေလိုမျိုး အံ့အားသင့်စရာ စွမ်းဆောင်ရည်တွေပါ ပိုင်ဆိုင်ထားသူပါ။

 

၁။ ပတ်ဒရီ (ဘာစီလိုနာ)

ဘာစီလိုနာ ကွင်းလယ် ကနေ ဘောလုံး လောကကို အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ကိုင်လှုပ်ပြနေသူ ဆိုရင်လ်း မမှာပါဘူး။
ဒဏ်ရာပြဿနာတွေသာ မရှိရင် အခုထက် ပိုပြီး ခြေစွမ်းပြနိုင်မယ့် ပက်ဒရီ

ပက်ဒရီကို ကြည့်လိုက်ရင် အင်နီယေစတာရဲ့ ဒုတိယ ဘဝ ပြန်ပြီး ဝင်စားလာသလားလို့တောင် ထင်ရပါတယ်။ ဘာစီလိုနာ ကွင်းလယ် ကနေ ဘောလုံး လောကကို အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ကိုင်လှုပ်ပြနေသူ ဆိုရင်လ်း မမှာပါဘူး။ ဘာစီလိုနာနဲ့ စပိန် လက်ရွေးစင် အသင်း အတွက် သူ့ရဲ့ ကစားဟန်တွေက ပါရမီရှင် တစ်ယောက် ဆိုတာ သက်သေပြနေပါတယ်။ သူဟာ နေရာလွတ် မရှိချိန်တွေ မှာတောင် နေရာလွတ်တွေ ရှာနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ ပြိုင်ဘက်တွေကို မျက်စိလည်အောင် ကစားပြနိုင်သူပါ။ မကြာခဏ ဒဏ်ရာ ပြဿနာတွေ ရှိနေပေမယ့် ဟန်ဆီ ဖလစ်ခ်ရဲ့ ကစားကွက်အောက်မှာ ပက်ဒရီဟာ အနုပညာဆန်မှု၊ အသိဉာဏ် မြင့်မားမှုနဲ့ ကျော့ရှင်းမှုတွေ ပေါင်းစပ်ထားတဲ့ ဘာစီလိုနာနဲ့ စပိန် တို့ရဲ့ စံပြ ကွင်းလယ်လူ အဖြစ် ရှိနေဆဲပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်