နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ကာရစ်ရဲ့ သွေးအေးတဲ့ ပုံစံကြောင့် အရူးလုပ်မခံပါနဲ့” – ရွန်နီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မိုက်ကယ် ကာရစ်ကို ရာသီကုန် အထိ ယာယီ နည်းပြ အဖြစ် ခန့်အပ်ထားခဲ့ပါတယ်။ ဒီလို ခန့်အပ်ခဲ့တာနဲ့ ပတ်သတ်လို့ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ၀ိန်း ရွန်နီ ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း မိုက်ကယ် ကာရစ် ဘက်ကနေ ထောက်ခံ အားပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ 

ရွန်နီက BBC podcast The Wayne Rooney Show အစီအစဉ်မှာ “မိုက်ကယ် (ကာရစ်) က အရမ်း ပျော်စရာ ကောင်းတဲ့သူပါ။ သူက ကောင်းမွန်တဲ့ စရိုက်လက္ခဏာလည်း ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ တည်ငြိမ်တဲ့ ပုံစံကြောင့် အရူး အဖြစ်မခံပါနဲ့။ သူလည်း ပျော်ပျော်နေနိုင်ပါတယ်။ ဒါပေမယ့် အမှား လုပ်လို့တော့ မရဘူးပေါ့။ အခုအချိန်မှာ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားသွားရမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး “ဒါဟာ တကယ့်ကို သင့်လျော်တဲ့ ရွေးချယ်မှုပါပဲ။ ဒီအခိုက်အတန့်မှာ မန်ချက်စတာယူနိုက်တက်က နေရာကောင်းမှာ ရှိမနေတာကြောင့် ထိပ်တန်း နည်းပြတွေကို ခန့်အပ်သင့်တယ်လို မထင်ပါဘူး။ မိုက်ကယ် (ကာရစ်) က အသင်းကို တည်ငြိမ်အောင် လုပ်ဆောင်ပေးရမှာပါ။” လို့ ရွန်နီက ပြောကြားသွားခဲ့ပါတယ်။

မိုက်ကယ် ကာရစ်ဟာ ယူနိုက်တက်ရဲ့ ဒုတိယ အကြိမ် ယာယီ နည်းပြ ဘဝ ပထမဦးဆုံးပွဲ အဖြစ် ပရီးမီးယားလိဂ် မန်ချက်စတာ ဒါဘီကို ဆင်နွှဲရမှာ ဖြစ်ပါတယ်။ အဲဒီပွဲနဲ့ ပတ်သက်ပြီးတော့လည်း ရွန်နီက “အဲဒီပွဲက ကလပ် အတွက်ရော မိုက်ကယ် အတွက်ပါ ပွဲကြီး ပွဲကောင်း ဖြစ်ပြီး မိုက်ကယ် အနေနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို လိုအပ်မယ်လို့ ထင်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားရမှာ ဖြစ်ပေမယ့် ခက်ခဲမှာပါ။ ဒါပေမယ့် ယူနိုက်တက်က အလှည့်အပြောင်း လုပ်နိုင်ရင် အနိုင်ယူနိုင်တာကြောင့် စနေနေ့မှာ အဲဒီလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ပရီးမီးယားလိဂ် ကလပ်က ဒီတစ်ပတ်ထဲမှာပဲ မိုက်ကယ် ကာရစ်ကို ရာသီကုန် အထိ ယာယီ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အသင်းဖော်ဟောင်း မိုက်ကယ် ကာရစ်ကို ထောက်ခံခဲ့တဲ့ ဝိန်း ရွန်နီ

မန်ချက်စတာယူနိုက်တက်ဟာ ပေါ်တူဂီ နည်းပြ ရူဘင် အမော်ရင်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ပွဲစဉ် နှစ်ပွဲမှာ ယူ-၁၈ အသင်း နည်းပြ ဒါရင်း ဖလက်ချာကို ယာယီ နည်းပြ အဖြစ် ခေတ္တ တာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက် ပရီးမီးယားလိဂ် ကလပ်က ဒီတစ်ပတ်ထဲမှာပဲ မိုက်ကယ် ကာရစ်ကို ရာသီကုန် အထိ ယာယီ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ကာရစ် နှစ်ဦးထဲက တစ်ဦးကို နှိုင်းယှဉ် ရွေးချယ်ခဲ့ပြီး ပိုပြီး အဆင်ပြေနိုင်မယ့် မိုက်ကယ် ကာရစ်ကိုပဲ နည်းပြ အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၄၄ နှစ် ရှိပြီ ဖြစ်တဲ့ မိုက်ကယ် ကာရစ်က မန်ချက်စတာယူနိုက်တက်မှာ ပွဲပေါင်း ၄၆၄ ပွဲ ကစားခဲ့သည့် ကွင်းလယ် ကစားသမားဟောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ပါတယ်။ ကာရစ်ဟာ ကစားသမား ဘဝ ကနေ အနားယူပြီးချိန် ကတည်းက နည်းပြ လောကထဲကို ဝင်ရောက်ခဲ့သူ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ကလည်း ယူနိုက်တက်မှာ ယာယီ နည်းပြ အဖြစ် ၃ ပွဲ ဝင်ရောက် ကိုင်တွယ်ခဲ့ဖူးပါတယ်။

ကာရစ်ဟာ ယူနိုက်တက်ကို ဟိုဆေး မော်ရင်ညို ကိုင်တွယ်ချိန်မှာ နည်းပြ အဖွဲဝင် အဖြစ် စတင် ဆောင်ရွက်ခဲ့ပြီး အသင်းဖော်ဟောင်း ဆိုးလ်ရှား ယူနိုက်တက် နည်းပြ ဖြစ်လာချိန်မှာလည်း နည်းပြ အဖွဲ့ဝင် အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ အဲဒီနောက် ဆိုးလ်ရှား ရာထူး ကနေ ထုတ်ပယ်ခံရချိန်မှာ ယူနိုက်တက်ရဲ့ ယာယီ နည်းပြ အဖြစ် ၃ ပွဲ တာဝန်ယူခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာ ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီမှာ မစ်ဒယ်ဘရော့က ချန်ပီယံရှစ်မှာ အဆင့် ၁၀ နေရာသာ ရရှိခဲ့တဲ့အတွက် ကာရစ်ဟာ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်