နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အူနိုင်း အမ်မရီကို နည်းပြ အဖြစ် ခန့်အပ်ချင်နေတဲ့ ချဲလ်ဆီး၊ ပုံမှန် ပွဲထွက်ခွင့်မရလို့ အနာဂတ် အတွက် စဉ်းစားနေတဲ့ ကာလာဖီအိုရီ | ပရီးမီးယားလိဂ်

မတ် ၁၃ ရက် ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ ရာသီကုန်မှာ အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီကို ခန့်အပ်ချင်နေပါတယ်။ အမ်မရီ ဘက်ကလည်း သူပြောင်းရွှေ့လာဖို့ အတွက် ဂိုးသမား ဒီယိုဂို ကော်စတာ၊ နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်နဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် တို့ကို ခေါ်ယူပေးဖို့ တောင်းဆိုထားပါတယ်။ 

မန်ချက်စတာယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးဟာ လာမယ့် နွေရာသီမှာ အသင်း ကနေ အပြီးတိုင် ထွက်ခွာဖို့ ပြင်ဆင်နေပြီး စီးရီးအေကို ပြန်ဖို့ အခွင့်အလမ်း အများဆုံး ဖြစ်နေပါတယ်။ 

နာပိုလီ ကလည်း ယူနိုက်တက် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ယူရို ၄၄ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်မှာ လျှော့စျေး ရဖို့ ညှိနှိုင်းသွားမှာပါ။ ဒါပေမယ့် နည်းပြ အန်တိုနီယို ကွန်တီရဲ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် ရရင်တော့ အပြီးသတ် ဝယ်ယူရမယ့် သတ်မှတ်ချက် ပါဝင်နေပါတယ်။ 

လီဆန်ဒရို မာတီနက်ဇ် အတွက် အရံနောက်ခံလူ အဖြစ် အသုံးပြုဖို့ နော့တင်ဟမ်ဖောရက်စ် ဗဟို နောက်ခံလူ မူရီလိုကို ယူနိုက်တက်က မျက်စိကျနေပါတယ်။ မူရီလို ကတော့ အရန် နောက်ခံလူ ဖြစ်ချင်မှာ မဟုတ်တာ သေချာပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ အန်ဇို ဖာနန်ဒက်ဇ် အတွက် ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် ချဲလ်ဆီး ဘက်က ယူရို သန်း ၁၅၀ ရမှသာ ရောင်းချမယ်လို့ သတိပေးထားပါတယ်။

တော့တင်ဟမ်ဟော့စပါးတို့ ရလဒ်ပိုင်း ရုန်းကန်နေရတာကို အခွင့်ကောင်းယူပြီး ကွင်းလယ်လူ လူးကပ်စ် ဘက်ဂျ်ဗဲလ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့က ကြိုးပမ်းလာနိုင်ပါတယ်။ 

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်ဟာ ဒေါ့မန် နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်ကို အန်ဖီးလ်ဆီ ပြောင်းလာဖို့ ကိုယ်တိုင် တွေ့ဆုံ စည်းရုံးထားကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ ရီကာဒို ကာလာဖီအိုရီဟာ သူ့ရဲ့ အနာဂတ် အတွက် စဉ်းစားနေပြီး ချဲလ်ဆီး ကလည်း သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့် မရလို့ အနာဂတ် အတွက် စဉ်းစားနေတဲ့ ကာလာဖီအိုရီ

ဂျူဗင်တပ်စ် နောက်ခံလူ ပီယာရီ ကာလူလူကို ခေါ်ယူဖို့ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကို ကျော်ဖြတ်ပြီး လစ်ဗာပူးလ်က အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပါတယ်။ 

နယူးကာဆယ်မှာ မပျော်မရွှင် ဖြစ်နေတဲ့ အန်သိုနီ ဂေါ်ဒွန်ဟာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်ဆီ ကနေလည်း ကမ်းလှမ်းမှု ရလာနိုင်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ ရီကာဒို ကာလာဖီအိုရီဟာ သူ့ရဲ့ အနာဂတ် အတွက် စဉ်းစားနေပြီး ချဲလ်ဆီး ကလည်း သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ 

လိုက်ပ်ဇစ် နောက်ခံလူ ကတ်စတယ်လို လု့ခ်ကီဘာကို ခေါ်ယူဖို့ အာဆင်နယ် အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာက ပြီးခဲ့တဲ့ အပတ်တွေမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း L’Équipe က ဖော်ပြပါတယ်။

အာဆင်နယ်က ဘရန့်ဖို့ဒ် တောင်ပံ ကစားသမား ကီဗင် ချာဒီနဲ့ ဖီယင်နော့ဒ် တောင်ပံကစားသမား ဟတ်ဒ်ျ မူဆာ တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်‌။

ရိုဒရီ မရှိတော့မယ့် အနာဂတ် အတွက် ပြင်ဆင်တဲ့ အနေနဲ့ မန်စီးတီးက အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ပါဘလို ဘာရီယို့စ်ကို စောင့်ကြည့်နေပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူ မက်သီးယပ်စ်ကို အာဆင်နယ်၊ မန်စီးတီးနဲ့ ယူနိုက်တက် တို့က စိတ်ဝင်စားနေပြီး ယူရို ၆၅ သန်း အထက်နဲ့ ကမ်းလှမ်းမှသာ ဝက်စ်ဟမ်းက ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

တော့တင်ဟမ်ဟော့စပါးရဲ့ ညာနောက်ခံလူ ဂျက် စပန့်စ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်က စိတ်ဝင်စားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်