နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ငှက်ကြားတို့ စတန်းဖို့ဒ်ဘရစ်ချ် ကျိန်စားဆိုး အောက်ကနေ ရုန်းထွက်နိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – နယူးကာဆယ် 

ချန်ပီယံလိဂ်မှာ နိုင်ပွဲ ကိုယ်စီ ပျောက်ဆုံးခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) အဖြစ် ထိပ်တိုက်ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ လာမယ့် ရာသီ ဥရောပ ထိပ်တန်း ပြိုင်ပွဲတွေဆီ ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် နှစ်သင်းစလုံးရဲ့ မျှော်လင့်ချက်ကို အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိစေမယ့် ပွဲလည်း ဖြစ်ပါတယ်။

နည်းပြ လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပဲရစ်မှာ ၅-၂ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲမှာ အခြေအနေ တော်တော်လေး ဆိုးရွားသွားခဲ့ပါတယ်။ တစ်ဖက် မှာတော့ နယူးကာဆယ်က စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဘာစီလိုနာကို နောက်ကျ ပင်နယ်တီပေးခဲ့ရပြီး သရေကျခဲ့ပေမယ့် ကွာတားဖိုင်နယ် တက်လှမ်းဖို့ မျှော်လင့်ချက်တော့ ရှိနေပါသေးတယ်။

 

ချဲလ်ဆီး

နည်းပြ ရိုစီနီယာ လက်ထက်မှာ ချဲလ်ဆီးက အာဆင်နယ်က လွဲလို့ ဘယ်အသင်းကိုမှ မရှုံးဖူးဘူး ဆိုတဲ့ မှတ်တမ်းကောင်း တစ်ခု ရှိခဲ့ပေမယ့် ပဲရစ်မှာတော့် ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဉ်ရဲ့ ပြန်လည် တွေ့ဆုံမှု အဖြစ် ပီအက်စ်ဂျီကို ၅-၂ နဲ့ ဂိုးပြတ် ရှုံးပြီး အဲဒီ မှတ်တမ်းကောင်းလည်း အဆုံးသတ်သွားခဲ့ရပါတယ်။ အခုတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး ရိုစီနီယာ အနေနဲ့ သူ့အသင်းဆီ ကနေ တုံ့ပြန်မှုကို မျှော်လင့်နေမှာ သေချာပါတယ်။ ချဲလ်ဆီး အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အကောင်းဆုံး နည်းလမ်း ကတော့ အမှတ်ပေးဇယားမှာ အဆင့်မြင့်မြင့်နဲ့ ရာသီသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးက လက်ရှိမှာ အဆင့် ၅ နေရာမှာ ရှိနေပြီး ဒီနေရာ ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် လုံလောက်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် အဆင့် ၆ က လစ်ဗာပူးလ်နဲ့ ရမှတ် တူနေသလို၊ အဆင့် ၃ နဲ့ ၄ မှာရှိတဲ့ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ ကတော့ ၅၁ မှတ်စီ ရရှိထားကြပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက် (၂-၂)၊ ဘန်လေ (၁-၁) တို့နဲ့ ပွဲတွေမှာ သရေရလဒ်တွေသာ ရရှိခဲ့တဲ့ ချဲလ်ဆီးက နည်းပြသစ် လက်ထက် ၁၆ ပွဲမှာ ပေးဂိုး မရှိတာ ၃ ပွဲသာ ရှိထားပါသေးတယ်။ ဒါ့အပြင် ချဲလ်ဆီးက ဇန်နဝါရီလက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲပြီးကတည်းက ပထမဆုံးသော အိမ်ကွင်း လိဂ်နိုင်ပွဲကို ပြန်လည် ရှာဖွေဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

 

နယူးကာဆယ် 

နယူးကာဆယ်ဟာ ၂၀၁၂ ခုနှစ် မေလက အနိုင်ရခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒီကွင်းဆီ လာရောက် ကစားတဲ့ ၁၂ ပွဲမှာ ၁၁ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ နည်းပြ အက်ဒီ ဟောင်းဝ်ရဲ့ အသင်းက ချဲလ်ဆီးရဲ့ ခံစစ် အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ ၁၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ နိုင်ပွဲကို ရယူဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် လက်ရှိ အဆင့် ၁၂ နေရာမှာ ရှိနေတဲ့ နယူးကာဆယ်က အဆင့် ၅ နေရာနဲ့ ၉ မှတ် အထိ ကွာဟနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဒီပွဲ ရလဒ်က တော်တော်လေး အရေးကြီးနေပါတယ်။

ကြားရက်က ပင်ပန်းထားတဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ ရှေ့တပတ်မှာ ကစားရမယ့် ဘာစီလိုနာနဲ့ အရေးကြီး ပွဲစဉ်တွေကို ထည့်သွင်း စဉ်းစားပြီး နည်းပြ အက်ဒီ ဟောင်းဝ် အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘယ်လို ပုံစံနဲ့ ပွဲထွက်လာမလဲ ဆိုတာ ကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

နယူးကာဆယ်ဟာ ၂၀၁၂ ခုနှစ် မေလက အနိုင်ရခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒီကွင်းဆီ လာရောက် ကစားတဲ့ ၁၂ ပွဲမှာ ၁၁ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။
လာမယ့် ရာသီ ဥရောပဝင်ခွင့်ရဖို့ ခက်ခဲနေတဲ့ နယူးကာဆယ်

အခုပွဲကိုတော့ ချဲလ်ဆီး ဘက်က ကိုးလ်ဝဲလ်၊ အက်စတီဗာအိုနဲ့ ဂစ်တန်စ်တို့ လွဲချော်ဖို့ ရှိပြီး နယူးကာဆယ် ဘက်မှာတော့ ခရက်ဖ်၊ ဖေဘီယန် ရှား၊ ဂီမာရေးစ်နဲ့ လူးဝစ္စ မိုင်လီတို့ လွဲချော်မှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ ဆား၊ ချာလိုဘာ၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ ဆန်းတို့စ်၊ ပါးလ်မား၊ ဖာနန်ဒက်ဇ်၊ ဂါနာချို၊ ပက်ဒရို

နယူးကာဆယ် – ရမ်းစ်ဒေးလ်၊ ထရစ်ပီယာ၊ သီယော၊ ဘန်း၊ ဟောလ်၊ ဝေးလ်လော့ခ်၊ တိုနာလီ၊ ဂျိုးလင်တန်၊ မာဖီ၊ ဝေါလ်တီမာဒါ၊ ဘန်းစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ နှစ်ကြိမ်စီ အနိုင်ရထားပြီး တစ်ကြိမ် သရေကျထားပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ချဲလ်ဆီးက ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။  နယူးကာဆယ် ကတော့ ချဲလ်ဆီးနဲ့ တွေ့ဆုံမှုမှာ ၃ ပွဲဆက် ရှုံးပွဲ မရှိတဲ့ မှတ်တမ်းကို ဆက်ထိန်းဖို့ ရည်မှန်းထားပါလိမ့်မယ်။ ဒါပေမယ့် ငှက်ကြားတွေ အတွက် စတန်းဖို့ဒ်ဘရစ်ချ်ဟာ အမြဲတမ်း စိတ်ပျက်စရာ ကောင်းတဲ့ ကွင်းတစ်ခု ဖြစ်နေခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး နိုင်ရင် ၁.၈၀ ဆ၊ နယူးကာဆယ် နိုင်ရင် ၃.၆၂ ဆ၊ သရေ ဆိုရင်တော့ ၃.၇၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ချဲလ်ဆီး ဘက်က ကြေးဖွင့်ထားပါတယ်။ နည်းပြ ရိုစီနီယာရဲ့ လက်အောက်မှာ ချဲလ်ဆီးဟာ ဂိုးတွေ သွင်းယူနိုင်နေပေမယ့် ခံစစ်ပိုင်း ကလည်း အားနည်းချက်တွေ ရှိနေဆဲပါ။ ဒါဟာ လာမယ့် စနေနေ့ ပွဲစဉ်မှာ နယူးကာဆယ် အတွက် ရလဒ်ကောင်း တစ်ခု ရရှိသွားနိုင်ဖို့ အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး အနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ရမှတ် အပြည့်အဝ ရယူဖို့ ပိုမို လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေတာကြောင့်ရော၊ ဧည့်သည် နယူးကာဆယ်ဟာ ပွဲချိန်နှောင်းတွေမှာ ခြေစွမ်း ကျဆင်းသွားတတ်တဲ့ အလေ့အထ ရှိတာကြောင့်ရော အိမ်ရှင် ချဲလ်ဆီး ကပဲ အနိုင်ရသွားဖို့ များပါတယ်။

ခန့်မှန်းရလဒ်

ချဲလ်ဆီး ၃-၂ နယူးကာဆယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်