ရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ လိုအပ်နေတဲ့ အထောင် တိုက်စစ်မှူး နေရာ အတွက် ကစားသမား တော်တော်များများကို ပစ်မှတ်ထားနေပေမယ့် လက်ရှိ အချိန်ထိတော့ အဆင်မပြေသေးပါဘူး။
အခုနောက်ဆုံးမှာ အာဆင်နယ်က ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နဲ့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကမ်းလှမ်းချက် ကိုတော့ အက်စတွန်ဗီလာ ဘက်က ပြတ်ပြတ်သားသား ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီဆောင်းရာသီ ဈေးကွက်မှာ အထောင်တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်သွားဖို့ ရှိနေပြီးတော့ လိုက်ပ်ဇစ်က စလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ကြိုးပမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အာဆင်နယ် အနေနဲ့ ဆက်စ်ကိုကို ကြိုးပမ်းမှု မအောင်မြင်ခဲ့တာကြောင့် ဈေးကွက် မပိတ်သိမ်းခင် အချိန် အတွင်း အခြားသော တိုက်စစ်မှူးတွေ ကိုသာ ထပ်မံ ပစ်မှတ်ထား ချိန်ရွယ်နေရတာ ဖြစ်ပါတယ်။
လက်ရှိ အာဆင်နယ်ရဲ့ တိုက်စစ်မှာ ဂါဘရီရယ်လ် ဂျေဇုစ်က ACL ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသလို ကိုင် ဟာဗက်ဇ် ကလည်း အထောင် တိုက်စစ် နေရာမှာ သိပ်ပြီး အံဝင်ခြင်း မရှိ ဖြစ်နေပါတယ်။ ဒါ့အပြင် ဆာကာ ကလည်း လက်ရှိ အချိန်ထိ မကစားနိုင်သေးတာကြောင့် အာဆင်နယ်ရဲ့ တိုက်စစ်က တခြား ထိပ်တန်း ပြိုင်ဘက်တွေထက် တစ်ဆင့်နိမ့်တဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ နည်းပြ မီခဲလ် အာတေးတား ကိုယ်တိုင်က အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်ကြောင်း ဝန်ခံထားတာကြောင့် အသင်း ဘက်က ပစ်မှတ်တွေကို တောက်လျောက် လိုက်လံ ချိတ်ဆက်နေပါတယ်။ ဒါပေမယ့်လည်း ချိတ်ဆက်သမျှ ကစားသမားတိုင်းက ခေါ်ယူနိုင်ဖို့ အတွက် အဆင်မပြေမှုတွေ ရှိနေပြီး အခုနောက်ဆုံးမှာ ယခင် ကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အသက် ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဝက်ကင်န်ကို ပေါင်သန်း ၆၀ နဲ့ တရားဝင် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီလာ ဘက်က ကမ်းလှမ်းမှု အပေါ် မဆိုင်းမတွ ပယ်ချသွားခဲ့ပြီး ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားရဖို့ ရှိနေချိန်မှ ဝက်ကင်န်လို အသင်း အတွက် အရေးပါတဲ့ ကစားသမားကို လက်လွှတ်လိုခြင်း မရှိတာကြောင့်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ်က ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ အတွက် ခြေစွမ်းပြနေတဲ့ ဝက်ကင်န်ရဲ့ အသင်းဖော် ကိုလံဘီယာ တိုက်စစ်မှူး ဂျွန်ဒူရန်ရဲ့ အခြေအနေ ကိုလည်း ဆက်သွယ် မေးမြန်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီတိုက်စစ်မှူး ကလည်း အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ တို့ရဲ့ စိတ်ဝင်စားမှုတွေ ကိုတောင် ကျော်ပြီး ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ များနေပြီလည်း ဖြစ်ပါတယ်။အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ တောင်းဆိုထားတဲ့ ပြင်သစ် တိုက်စစ် ကြယ်ပွင့် မက်သီ တဲလ်ကို ပစ်မှတ်ထားနေတဲ့ အသင်းတွေ ထဲမှာ အာဆင်နယ်လည်း ပါဝင်နေခဲ့တယ်လို့ သိရပါတယ်။ တဲလ် ကိုတော့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ အန်ကွန်ကူ၊ မက်သီ တဲလ်၊ ဘေယန်မြူးနစ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်း ကလည်း ရှိနေသေးတာကြောင့် အာဆင်နယ်တို့ နောက်ကောက်ကျဖို့ များနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.