ဖူလ်ဟမ် အသင်း ကတော့ လက်ရှိမှာ ဥရောပဝင်ခွင့်ရရှိဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ လာမယ့် စနေနေ့မှာ ကစားမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် သူတို့ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာအောင် ပြုလုပ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဖူလ်ဟမ် နောက်ခံလူ ကယ်လ်ဗင် ဘက်ဆေးက ဒီရာသီမှာ “ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှု တစ်ခု” ရရှိဖို့ အတွက် အသင်းဖော်တွေ အားလုံးကို စည်းလုံးကြဖို့ တိုက်တွန်းခဲ့ပြီး အသင်းရဲ့ စိတ်အားထက်သန်မှုဟာ အမြင့်ဆုံးမှာ ရှိနေဆဲ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဖူလ်ဟမ်က လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာ ရှိနေပေမယ့် အဆင့် ၇ နေရာက ဘရန့်ဖို့ဒ်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ ဘုန်းမောက်၊ နယူးကာဆယ်နဲ့ အဲဗာတန် တို့ကလည်း ယူရိုပါကွန်ဖရင့်လိဂ် ဝင်ခွင့် အတွက် အပြိုင်အဆိုင် ဖြစ်နေကြတာပါ။
ဘက်ဆေးက “ပြီးခဲ့တဲ့ ၂ ရာသီ၊ ၃ ရာသီကို ကြည့်ရင် ကျွန်တော် တို့ဟာ ဒီလို အဆင့်တွေ နားမှာ အမြဲ ရှိနေခဲ့ပေမယ့် နောက်ဆုံး ၄ ပွဲ၊ ၅ ပွဲလောက်မှာ လက်လွတ်ခဲ့ရတာတွေ ရှိပါတယ်။ အခုတော့ ကျွန်တော်တို့ အခွင့်အရေး ပြန်ရနေပြီ။ ကျန်ရှိနေတဲ့ ၈ ပွဲမှာ အစွမ်းကုန် ကြိုးစားပြီး ဥရောပ ဝင်ခွင့်ကို အရယူနိုင်မယ်လို့ ခံစားရတယ်။” လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက် မှာတော့ ဘန်လေဟာ ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ပွဲမှာ ဘန်လေက ဘုန်းမောက်ကို ဂိုးမရှိ သရေကစားကာ သူတို့ရဲ့ မျှော်လင့်ချက် အနည်းငယ်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ အဲဒီပွဲမှာ နှစ်သင်းပေါင်း ဂိုးကန်သွင်းမှု ၃၇ ကြိမ် ရှိခဲ့ပေမယ့်လည်း ဂိုး မရရှိခဲ့ကြပါဘူး။ ဒါဟာ အခု ရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်ဘဲ ကန်ချက် အများဆုံး ပွဲစဉ် အဖြစ် (နော့တင်ဟမ်ဖောရက်စ်နဲ့ ဝုဗ်ပွဲ နောက်ပိုင်း) ဒုတိယနေရာမှာ ရှိနေပါတယ်။

ဘန်လေ နည်းပြ စကော့တ် ပါကားက သူတို့ အသင်း အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဒါဟာ လက်လွတ်သွားတဲ့ အခွင့်အရေး တစ်ခုလို ခံစားရကြောင်း ပြောဆိုခဲ့ပါတယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဘန်လေ အနေနဲ့ တန်းမဆင်းရဖို့ အခွင့်အရေးက ၀.၄ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။
ဒီပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားတွေ အဖြစ် ဖူလ်ဟမ်က ဟယ်ရီ ဝီလ်ဆင်ကို ရွေးချယ်ထားရပါမယ်။ ဝီလ်ဆင်က ဒီရာသီ ဖူလ်ဟမ် အတွက် ၉ ဂိုးနဲ့ ဂိုးအများဆုံး သွင်းထားသူ ဖြစ်ပါတယ်။ အကယ်၍ သူသာ နောက်ထပ် တစ်ဂိုး ထပ်သွင်းနိုင်ပါက ၂၀၀၄-၀၅ ရာသီက အင်ဒီကိုးလ် ပြီးနောက် ဖူလ်ဟမ် အတွက် တစ်ရာသီ အတွင်း ၁၀ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ ဒုတိယမြောက် ဗြိတိန် ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။
ဘန်လေ ဘက်ကတော့ ကိုင်လ် ဝေါလ်ကာကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။ ဝေါလ်ကာက ဖူလ်ဟမ်နဲ့ တွေ့ဆုံတဲ့ ပွဲတွေမှာ နိုင်ပွဲ ရရှိမှုနှုန်း ၉၀ ရာခိုင်နှုန်း အထိ ရှိထားပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံးဂိုး ကလည်း ၂၀၁၁ ခုနှစ်က ဖူလ်ဟမ်နဲ့ ပွဲမှာ သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။
ဖူလ်ဟမ် အနေနဲ့ ၁၉၅၀-၅၁ ရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဘန်လေကို တစ်ရာသီ အတွင်း အသွားအပြန် နှစ်ကျော့စလုံး အနိုင်ရရှိဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ် တန်းတက်အသင်းတွေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၁၄ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားတဲ့ မှတ်တမ်းကောင်းလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း ဘန်လေ ကလည်း ဖူလ်ဟမ် အိမ်ကွင်း ခရေဗင်ကော့တေ့ချ်ကို နောက်ဆုံး သွားရောက်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ အထိ အနိုင်ရထားဖူးတာကြောင့် ဖူလ်ဟမ် အတွက် သတိထား ကစားရမယ့် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


