ဝုဗ် ကတော့ အက်စတွန်ဗီလာကို အနိုင်ယူပြီး ဒီရာသီ သူတို့ရဲ့ ပရီးမီးယားလိဂ် ဒုတိယမြောက် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သလို West Midlands ဒါဘီ အောင်ပွဲကိုလည်း အရယူနိုင်ခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ မိုလီနက်စ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဝုဗ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးပမ်းနေတဲ့ အက်စတွန်ဗီလာကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
အက်စတွန်ဗီလာဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင်အဆိုင် ဖြစ်နေရာ ပြိုင်ဘက်တွေကို အခွင့်အရေး ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဝုဗ် အတွက်တော့ ဒီနိုင်ပွဲဟာ တော်တော်လေး အရေးကြီးပြီး ရမှတ် ၁၃ မှတ် ရရှိသွားပြီ ဖြစ်တာကြောင့် ၂၀၀၇-၂၀၀၈ ရာသီက ဒါဘီကောင်တီအသင်း တင်ထားတဲ့ (၁၁ မှတ်တည်းနဲ့) အမှတ် အနည်းဆုံး စံချိန်ဆိုးကို ကျော်ဖြတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ပထမပိုင်းမှာ ဗီလာတို့ အပိုင်အခွင့်အရေး အချို့ ရရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ််ပြောင်းလဲနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ပါအူ တောရက်စ်ရဲ့ ခေါင်းတိုက်ချက် လွဲချော်ခဲ့သလို ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ကန်ချက် ကိုလည်း ဝုဗ် ဂိုးသမား ဂျိုဆေး ဆား ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ၆၁ မိနစ် မှာတော့ ယာအို ဂိုးမက်စ်က ဝုဗ် အတွက် လှပသော ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဗီလာတို့ ချေပဂိုး ပြန်လည် ရရှိဖို့ အတွက် အစွမ်းကုန် တိုက်စစ်ဆင်နေစဉ် ပွဲပြီးခါနီး ၉၈ မိနစ်မှာ တန်ပြန် တိုက်စစ် ကနေ တဆင့် ရိုဒရီဂို ဂိုးမက်စ်က ဒုတိယဂိုး သွင်းယူကာ အနိုင်ပွဲ အဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

လက်ရှိ ဝုဗ်ဟာ တန်းဆင်းဇုန် အတွင်း ရောက်ရှိနေပြီး ဗီလာ ကနေ ဇယားထိပ်ပိုင်းမှာ ရှိနေပေမယ့်လည်း ဒီပွဲရလဒ်က ထူးခြားတဲ့ မှတ်တမ်းအချို့ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီဟာ မိုလီနက်စ်ကွင်းကို လာရောက် ကစားခဲ့တဲ့ ၄ ကြိမ်စလုံးမှာ ၁ ပွဲသရေ၊ ၃ ပွဲရှုံးနဲ့ တစ်ကြိမ်မျှ အနိုင်မရရှိခဲ့ပါဘူး။ ယာအို ဂိုးမက်စ်ဟာ ပရီးမီးယားလိဂ် ၃၇ ပွဲဆက် ဂိုးမသွင်းနိုင်သည့် မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ရိုဒရီဂို ဂိုးမက်စ်ရဲ့ သွင်းဂိုး (၉၇ မိနစ် ၀၉ စက္ကန့်) ကတော့ ဝုဗ် အသင်း သမိုင်းမှာ ဒုတိယမြောက် နောက်အကျဆုံး သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ (ပထမတစ်ကြိမ် ကတော့ ၂၀၂၄ ခုနှစ်က ဟီချန်ဟွမ် သွင်းယူခဲ့တဲ့ ၉၈ မိနစ် ၀၄ စက္ကန့် သွင်းဂိုး ဖြစ်ပါတယ်)။ ဒီပွဲမှာ အိမ်ရှင် ဗီလာ က ဂိုးကန်သွင်းခွင့် ၁၄ ကြိမ်နဲ့ ဝုဗ် (၉ ကြိမ်) ထက် ပိုများခဲ့ပေမယ့်လည်း ဝုလ်ဗ်က ရရှိလာတဲ့ အခွင့်အရေးတွေကို ဂိုး အဖြစ် ပိုမိုထိရောက်စွာ ပြောင်းလဲနိုင်ခဲ့ပါတယ်။
လက်ရှိမှာ အက်စတွန်ဗီလာက အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်ရှိနေပေမယ့်လည်း ဒီတပတ် အတွင်း အနီးဆုံး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ ကျော်တက်ခြင်းကို ခံရနိုင်ဖွယ် ရှိနေပါတယ်။ ဝုဗ် ကတော့ အဆင့် ၁၇ နေရာက နော့တင်ဟမ်ဖောရက်စ်နဲ့ ၁၄ မှတ် အထိ ကွာဟနေဆဲ ဖြစ်ပေမယ့်လည်း ဒီနိုင်ပွဲကြောင့် တန်းတင်ကျန်နိုင်ရေး အတွက် အားတက်စရာ ဖြစ်လာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


