ဖေဖော်ဝါရီ ၈ ရက် နေ့လည်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ဟာ ရာသီအကုန်မှာ ပီအက်စ်ဂျီ အသင်းရဲ့ တောင်ပံကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ် အနေနဲ့ ဂျော်ဂျီယာသား အတွက် ကျိန်းသေပေါက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သုံးရဖို့တော့ ရှိနေပါတယ်။
နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီ ကိုလည်း အာဆင်နယ်က စိတ်ဝင်စားနေပြီး၊ မကြာသေးခင်က ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာ တိုနာလီရဲ့ အေးဂျင့်ကို အာဆင်နယ်က ဧည့်ခံ တွေ့ဆုံခဲ့ပါတယ်။
အာဆင်နယ် လူငယ် ကြယ်ပွင့်လေး မိုင်းလ်စ် လီဝစ် စကယ်လီဟာ ပွဲထွက် ကစားခွင့် နည်းပါးနေတဲ့ အပေါ် စိတ်ပျက်နေပြီး အသင်း ကနေ အငှားနဲ့ ထွက်ခွာဖို့ အခွင့်အလမ်း ပိုများနေပါတယ်။
လစ်ဗာပူးလ်ဟာ ပီအက်စ်ဂျီက ဘရက်ဒ်လေ ဘာကိုလာနဲ့ ဒီဇီုင်းယား ဒူးယေး တို့ကို ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လိုက်ပ်ဇစ်က ယန် ဒီယိုမန်ဒီကို အဓိက ပစ်မှတ် အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
ချဲလ်ဆီးဟာ အဲလ်ဟီလာမှာ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ စုံစမ်းနေပါတယ်။ ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ဆိုရင် လုပ်ခ လစာ အမြောက်အမြား လျှော့ယူရမှာ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း ချဲလ်ဆီးက အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၆.၇ သန်းခန့်) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ချဲလ်ဆီးက ဝက်စ်ဟမ်း ဘယ်နောက်ခံလူ အဲလ်ဟာဂျီ မာလစ် ဒီယွတ်ဖ် ကိုလည်း စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဘုန်းမောက် တောင်ပံ ကစားသမား မားကပ်စ် တာဗာနီးယားကို ခေါ်ယူချင်တဲ့ စာရင်းထဲ ထည့်သွင်းလိုက်သလို၊ နော့တင်ဟမ်ဖောရက်စ်က မော်ဂန် ဂစ်ဘ်စ်-ဝှိုက်နဲ့ လိုက်ပ်ဇစ်က ယန် ဒီယိုမန်ဒီ တို့ကိုလည်း မျက်စိကျနေပါတယ်။
မန်ချက်စတာစီးတီးနဲ့ ဘာနာဒို ဆေးလ်ဗားတို့ အကြား စာချုပ်သစ် အတွက် ဆွေးနွေးမှု မရှိတော့ဘဲ၊ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဖီးလ် ဖိုဒန်ကို ရာသီအကုန်မှာ ခေါ်ယူဖို့ ဘာစီလိုနာက ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ မန်စီးတီး ကတော့ ဖိုဒန်ကို အလွယ်တကူ လက်လွှတ်ဖို့တော့ မရှိပါဘူး။

ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယက်စ်က လစ်ဗာပူးလ် ကွင်းလယ်လူ ဒေါမနစ်ခ် ဆိုဘို့ဇ်ဆလိုင်းကို ခေါ်ယူပေးဖို့ အသင်းကို တိုက်တွန်းနေပါတယ်။
ခြေစွမ်းပိုင်း အပေါ် စိတ်တိုင်းမကျ ဖြစ်နေတဲ့ အက်ဒူယာဒို ကာမာဗင်ဂါကို ရောင်းချဖို့ ရီးရဲလ်မက်ဒရစ်က စဉ်းစားနေပြီး၊ အင်တာမီလန်က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ကာမာဗင်ဂါ ကိုတော့ မန်ချက်စတာယူနိုက်တက် အပြင် ပရီးမီးယားလိဂ် ကလပ်တွေ ကလည်း ခေါ်ယူချင်နေပါတယ်။
ဂိုးသမားသစ် ရှာဖွေနေတဲ့ အင်တာမီလန်က ရီးရဲလ်မက်ဒရစ် ဂိုးသမား အန်ဒရီ လူနင် ကို ပစ်မှတ်ထားနေပါတယ်။
လိုက်ပ်ဇစ် တိုက်စစ်မှူး ရိုမူလို ကာဒိုဆိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ ဖူလ်ဟမ်တို့ အပြိုင်အဆိုင် ဖြစ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


