နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘရန့်ဖို့ဒ်ကို သရေသာ ကစားခဲ့နိုင်လို့ မန်စီးတီးကို ၄ မှတ်သာ ဖြတ်နိုင်တော့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်က အာဆင်နယ် ကတော့ အရှိန်အဟုန် ကောင်းနေတဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၁-၁ သရေသာ ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ် အတွက် နိုနီ မာဒူအေခေက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် လီဝစ်-ပေါ်တာက ပြန်လည် ချေပခဲ့တာကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ညက ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်တို့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ၄ မှတ်သာ ဖြတ်ထားနိုင်ပါတော့တယ်။ ဗုဒ္ဓဟူးနေ့က မန်စီးတီးက ဖူလ်ဟမ်ကို ၃-ဝ နဲ့ အနိုင်ယူပြီး ဖိအားပေးခဲ့တာကို အာဆင်နယ်တို့ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် Gtech Community Stadium မှာတော့ ပုံစံကောင်း တစ်ခု ပြသနိုင်ခြင်း မရှိခဲ့ပဲ ခြေချော်ခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အာဆင်နယ် ခံစစ်က အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဝီလီယမ် ဆလီဘာ ဖျားနာမှုကြောင့် မပါဝင်နိုင်ပါဘူး။ အစောပိုင်းမှာ ဂိုးသမား ဒေးဗစ် ရာယာက သီယာဂိုရဲ့ ခေါင်းတိုက်ချက်ကို လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ အာဆင်နယ်တို့ ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာပါ။ ဒုတိယပိုင်းမှာ အက်ဇေး အစား မာတင် အိုဒီဂတ် ဝင်လာပြီးနောက် အာဆင်နယ် ကစားအား တက်လာခဲ့ပြီး ပီယာရို ဟင်ကပ်ပီယေရဲ့ ဖြတ်တင်ဘော ကနေ တဆင့် မာဒူအေကီက ဦးဆောင်ဂိုး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပွဲချိန် မိနစ် ၆၀ ကျော်မှ အာဆင်နယ် အတွက် ပထမဦးဆုံး ဂိုးပေါက်တည့်မှု ဖြစ်ခဲ့ပြီး နိုနီ မာဒူအေခေက အပိုင်အသုံးချခဲ့တာပါ။ 

လက်ရှိမှာ ပျားတွေက ပရီးမီးယားလိဂ် အဆင့် ၆ နေရာက လစ်ဗာပူးလ်နဲ့ ၂ မှတ် အကွာ အဆင့် ၇ နေရာကို ရောက်ရှိလာခဲ့ပြီး ဥရောပဝင်ခွင့် အတွက် ဆက်လက် မျှော်လင့်နိုင်ဆဲ ဖြစ်ပါတယ်။
ဥရောပ ဝင်ခွင့်အတွက် အခြေအနေကောင်းလာတဲ့ ဘရန့်ဖို့ဒ်

ဒါပေမယ့်လည်း နောက်ထပ် ၁၀ မိနစ် အကြာမှာတော့ လီဝစ်-ပေါ်တာက ဘရန့်ဖို့ဒ် အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ မိုက်ကယ် ကာယိုဒီရဲ့ လူပစ်ဘော ကနေ တစ်ဆင့် ဆပ် ဗန်ဒန်ဘတ်က ခေါင်းတိုက် ပြန်ချပေးတာကို လီဝစ်-ပေါ်တာက အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ အီဂေါ သီယာဂို နဲ့ ဂါဘရီရယ် မာတင်နယ်လီတို့ အခွင့်အရေး ကိုယ်စီ ရခဲ့ကြပေမယ့် ဂိုး အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာကြောင့် ရမှတ် ခွဲယူခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အာဆင်နယ်ဟာ ဒီပွဲမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ရဲ့ မျှော်မှန်းဂိုး (xG) က ၀.၆ သာ ရှိခဲ့ပြီး ဒါဟာ ဒီရာသီ လစ်ဗာပူးလ်နဲ့ နှစ်ပွဲ ကစားခဲ့ပြီးနောက် တတိယမြောက် အနည်းဆုံး မှတ်တမ်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်က ပွဲချိန် ၆၁ မိနစ်ရောက်မှသာ ပထမဆုံး ဂိုးပေါက်တည့် ကန်ချက် ရခဲ့ပြီး ဒီရာသီ ဝုဗ်နဲ့ ပွဲပြီးရင် ဒုတိယမြောက် အကြာဆုံး စောင့်ဆိုင်းခဲ့ရမှုပါ။

ဒီနေ့ပွဲမှာ ဗစ်တာ ယောကရက်စ်က ဂိုးပေါက် ကန်ချက် တစ်ကြိမ်မှ မရခဲ့သလို၊ အက်ဇေး ကလည်း မြောက်လန်ဒန်ဒါဘီမှာ ဟက်ထရစ်ရပြီးကတည်းက ၁၀ ပွဲ ဆက်တိုက် ဂိုး သို့မဟုတ် ဂိုးဖန်တီးမှု မပြုလုပ်နိုင်သေးပါဘူး။ ဘရန့်ဖို့ဒ် အတွက်တော့ ဒီရာသီမှာ လက်ပစ်ဘော ကနေ ၄ ဂိုးမြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ပျားတွေက ပရီးမီးယားလိဂ် အဆင့် ၆ နေရာက လစ်ဗာပူးလ်နဲ့ ၂ မှတ် အကွာ အဆင့် ၇ နေရာကို ရောက်ရှိလာခဲ့ပြီး ဥရောပဝင်ခွင့် အတွက် ဆက်လက် မျှော်လင့်နိုင်ဆဲ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ဒီပွဲမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် မန်စီးတီးကို ၄ မှတ်သာ ဖြတ်ထားနိုင်တော့ပြီး အတိုင်းအတာ တစ်ခု အထိတော့ ဖိအားဝင်သွားခဲ့ရပါပြီ။ အာဆင်နယ်ဟာ နောက်ပိုင်း ပွဲတွေမှာ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်းအတက်အကျ မမှန်တာ မြင်တွေ့လာရပြီး ဒါဟာ သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် ထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ အကောင်းဆုံး ကတော့ လာမယ့် အက်ဖ်အေဖလား ပွဲစဉ်မှာ ပွဲပန်းနေတဲ့ အဓိက ကစားသမား အများစုကို အနားပေးသင့်နေပြီလို့ပဲ ဆိုရပါမယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်