နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရည်မှန်းချက် ကိုယ်စီ အတွက် အကြိတ်အနယ် တိုက်ပွဲဝင်ကြရဦးမယ့် အာဆင်နယ်နဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – မန်ချက်စတာစီးတီး

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ အမှတ်ပေးချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်တို့ ပြိုင်ဘက်ကောင်း ဖြစ်တဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် လွယ်ကူဖို့တော့ မရှိပါဘူး။

အာဆင်နယ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ကို အဝေးကွင်းမှာ ပွဲချိန် တော်တော်များများ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် အနိုင် ၃ မှတ် အရယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းထက် စိတ်ဓာတ်ပိုင်းကို ချီးကျူးရဖို့ ရှိပြီး ဒီနိုင်ပွဲကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထဲမှာ ဆက်ရှိနိုင်ခဲ့ပါတယ်။ အာဆင်နယ်က အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေပြီးတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၆ မှတ် ကွာဟနေပြီး တစ်ပွဲပိုလည်း ကစားထားပါသေးတယ်။ အာဆင်နယ်က ပထမအကျော့မှာ မန်စီးတီးကို အဝေးကွင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး နိုင်ပွဲရဖို့လည်း နီးစပ်ခဲ့ပေမယ့် သရေတစ်မှတ်နဲ့ ကျေနပ်ထားရတာ ဖြစ်လို့ ဒုတိယအကျော့ အိမ်ကွင်း မှာတော့ အသာရဖို့ မျှော်လင့်ထားပါလိမ့်မယ်။

မန်ချက်စတာစီးတီး ကတော့ ခြေစွမ်းတွေ ကျဆင်းပြီး ရလဒ်ပိုင်း တောက်လျောက် ယိမ်းယိုင်ခဲ့ပြီးနောက် နောက်ပိုင်း ပွဲတွေမှာတော့ ပုံမှန် ခြေစွမ်းပြန်ရလာတာ တွေ့ရပါတယ်။ နောက်ဆုံး ၂ ပွဲမှာ ချဲလ်ဆီးနဲ့ ကလပ် ဘရုဂေး တို့ကို ၃-၁ ရလဒ်တွေနဲ့ အနိုင်ယူခဲ့ပြီးတော့ ဟာလန်း ကလည်း ဂိုးသွင်းခြေ ပြန်တွေ့နေပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေတဲ့ မန်စီးတီးက လစ်ဗာပူးလ်နဲ့ ၁၂ မှတ်ပြတ်နေသလို အာဆင်နယ်နဲ့လည်း ၆ မှတ် ပြတ်နေလို့ ချန်ပီယံဆု ကိုတော့ မျှော်လင့်နိုင်ဖို့ ခက်ခဲသွားခဲ့ရပါပြီ။ ဒါကိုလည်း ဂွါဒီယိုလာ ကိုယ်တိုင်က ဝန်ခံထားခဲ့ပြီးတော့ သူတို့ အနေနဲ့ Top 4 မျှော်လင့်ချက်ကိုပဲ အကောင်အထည်ဖော်သွားဖို့ ကြိုးစားတော့မှာပါ။ မန်စီးတီးဟာ အာဆင်နယ်ကို နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အလွယ်တကူ အသာမရတော့တာ ကြာပါပြီ။ ဒါကြောင့် မန်စီးတီးတို့ ဒီပွဲမှာလည်း ကျိန်းသေပေါက် ရုန်းကန်ရဦးမှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အာဆင်နယ် ဘက်က ဘန်ဝှိုက်၊ ဆာကာ၊ ဂျေဇုစ်နဲ့ တိုမီယာဆုတို့ လွဲချော်ဖို့ ရှိနေပါတယ်။ 

ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ မန်စီးတီးက ၂ ကြိမ်နိုင်၊ အာဆင်နယ်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။
ပရီးမီးယားလိဂ် Top 4 ထဲကို ပြန်လည် ရောက်ရှိလာတဲ့ မန်စီးတီး

မန်စီးတီး ဘက်မှာတော့ ဒိုကူ၊ အေခီ၊ ဘော့ဘ်၊ ရိုဒရီနဲ့ ဒီးရာ့စ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အာဆင်နယ် – ရာယာ၊ စကယ်လီ၊ ဂါဘရီရယ်၊ ဆလီဘာ၊ တင်ဘာ၊ ရိုက်စ်၊ ပါတေး၊ အိုဒီဂတ်၊ ထရော့ဆက်ဒ်၊ ဟာဗက်ဇ်၊ မာတင်နယ်လီ

မန်ချက်စတာစီးတီး – အီဒါဆင်၊ စတုန်းစ်၊ နူညက်စ်၊ အာကန်ဂျီ၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဆေးလ်ဗား၊ အိုမာ မာမွတ်ရှ်၊ ဂွန်ဒိုအန်၊ ဖိုဒန်၊ ဟာလန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက အကြိမ် ၄၀ တွေ့ဆုံထားခဲ့ရာမှာ အာဆင်နယ်က ၁၀ ကြိမ်နိုင်၊ ၉ ကြိမ် သရေကျပြီး မန်စီးတီး ကတော့ ၂၁ ကြိမ် အထိ အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ မန်စီးတီးက ၂ ကြိမ်နိုင်၊ အာဆင်နယ်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲ မှာတော့ မန်စီးတီးက ၄ ကြိမ် နိုင်ပြီး အာဆင်နယ်က ၁ ကြိမ်သာ အနိုင်ရထားပါတယ်။ 

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၂.၀၂ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင်တော့ ၃၂.၉ ဆ၊ သရေ ဆိုရင်တော့ ၃.၃၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က သရေ တစ်ဝက်ရှုံး၊ သရေရှုံးနဲ့ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကလည်း ၂ လုံးက စဖွင့်ပေးထားပါတယ်။ နှစ်သင်းစလုံးက ခြေစွမ်းသိပ်မကွာသလို လက်ရှိမှာ ရေချိန်မျှနေတဲ့ အသင်းကြီး နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တာကြောင့် မှန်းဆရတော့ ခက်ပါပဲ။ အာဆင်နယ်က အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် မန်စီးတီး ကတော့ အခုနောက်ပိုင်း ပွဲတွေမှာ ပုံမှန် ခြေစွမ်းပြန်ရသလောက် ဖြစ်လာပါတယ်။ အာဆင်နယ် တိုက်စစ်က အားနည်းပေမယ့် ကွင်းလယ်နဲ့ ခံစစ် ကတော့ မန်စီးတီးကို အကောင်းဆုံး ရင်ဆိုင်နိုင်စွမ်း ရှိပါတယ်။ အာဆင်နယ်တို့ ကပ်နိုင်သွားမလား။ အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေပဲ ကျသွားမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၁ မန်ချက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်