အာဆင်နယ် ကတော့ သမိုင်းဝင် အောင်မြင်မှုတွေ ရရှိနိုင်တဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်ထားပြီး လက်ရှိမှာ ဖလား လေးလုံး (Quadruple) မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ်။ အသင်းက တောင့်တင်းတဲ့ စုဖွဲ့မှုကို ပိုင်ဆိုင်ထားပြီး အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် နွေရာသီ မှာတော့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့ အတွက် အသင်းရဲ့ နာမည်ကျော် ကစားသမား တချို့ကို ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။
အကြောင်းရင်း ကတော့ ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေ (PSR/FFP) နဲ့ ကိုက်ညီစေဖို့ အတွက် စာရင်းအင်းမျှတအောင် အဓိက ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးကို ရောင်းချဖို့ လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။
၄။ ကိုင် ဟာဗတ်ဇ်
ဂျာမန်သား ကိုင် ဟာဗက်ဇ်ဟာ လက်ရှိမှာ အာဆင်နယ်ရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်ပါတယ်။ အစပိုင်းမှာ ကွင်းလယ်လူ အဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်း မှာတော့ မီခဲလ် အာတေးတားရဲ့ တိုက်စစ်ပိုင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မှာတော့ ဒဏ်ရာ ပြဿနာတွေကြောင့် ခြေစွမ်း ပြသခွင့် နည်းပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ဗစ်တာ ယောကရက်စ်ကို ခေါ်ယူထားတာကြောင့် ဟာဗက်ဇ်ရဲ့ မကြာခဏ ဒဏ်ရာရတတ်တဲ့ အခြေအနေက အာဆင်နယ်ကို အံ့အားသင့်ဖွယ် ရောင်းထုတ်မှုမျိုး လုပ်လာစေဖို့ တွန်းအားပေးနိုင်ပါတယ်။
၃။ မိုင်းလ်စ် လီဝစ်-စကယ်လီ
အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းချခြင်းဟာ ကလပ် အတွက် ‘အသားတင်အမြတ်’ ရရှိစေတာကြောင့် ဘဏ္ဍာရေး အခက်အခဲ အတွက် အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။ မြောက်လန်ဒန် ကလပ်ဟာ အရင် ကလည်း စမစ်သ်ရိုး၊ အန်ကတ်တီးယားနဲ့ ဘယ်လိုဂန် တို့ကို ရောင်းချပြီး ဒေါ်လာ ၁၂၉ သန်း အထိ ရရှိခဲ့ဖူးပါတယ်။ နွမ်နရီကို အသင်းမှာ ဆက်ထိန်းထားဖို့ ရှိပေမယ့် လီဝစ်-စကယ်လီ ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဒါမှမဟုတ် ပြည်ပကလပ်တွေဆီ တန်ဖိုးကြီးကြီးနဲ့ ရောင်းထုတ်ဖို့ စဉ်းစားလာနိုင်ပါတယ်။
၂။ ဂါဘရီရယ် မာတင်နယ်လီ

အာဆင်နယ် အနေနဲ့ ဘယ်တောင်ပံကို အဆင့်မြှင့်တင်ဖို့ အစီအစဉ် ရှိနေပြီး ဂါဘရီရယ် မာတင်နယ်လီနဲ့ လီအန်ဒရို ထရော့ဆက်ဒ်တို့ဟာ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အထူးသဖြင့် မာတင်နယ်လီဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကလောက် တိုးတက်မလာတော့တာကြောင့် အသက် ၂၄ နှစ် အရွယ်မှာပဲ သူ့ကို ဆော်ဒီပရိုလိဂ် ကလပ်တွေဆီ တန်ဖိုးကြီးကြီးနဲ့ ရောင်းထုတ်ပြီး အစားထိုး ကစားသမားသစ် ခေါ်ယူဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။
၁။ မာတင် အိုဒီဂတ်
အာဆင်နယ် ခေါင်းဆောင် မာတင် အိုဒီဂတ်ကို ရောင်းထုတ်ဖို့ ဆိုတာ တစ်ချိန်က မတွေးဝံ့စရာ ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ အခြေအနေတွေ ပြောင်းလဲလာပါပြီ။ အိုဒီဂတ်ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် အသင်းရဲ့ ကစားဟန်က သူ့အပေါ်မှာ မှီခိုနေရတာမျိုး မရှိတော့ဘဲ ပိုမို မာကျောတဲ့ ပုံစံကို ပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့် နွမ်နရီနဲ့ မက်စ် ဒေါင်းမန်း တို့လို လူငယ်ကြယ်ပွင့်တွေ ထွက်ပေါ်လာတာကြောင့် အိုဒီဂတ်ကို တန်ဖိုးကြီးကြီးရရင် ရောင်းထုတ်ဖို့ ပရိသတ်တွေ ကပါ လက်ခံလာကြပါတယ်။ ဥရောပက ထိပ်သီး အသင်းကြီးတွေက သူ့ကို စိတ်ဝင်စားနိုင်ပေမယ့် ပရီးမီးယားလိဂ် ဘက်ကတော့ ပြောင်းရွှေ့ကြေး အများအပြား တောင်းဆိုသွားမှာ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


