အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆုကို နှစ်ရာသီဆက် ရရှိတဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မက်ဆီ အနေနဲ့ အင်တာမိုင်ယာမီ အတွက် ပထမဦးဆုံး အကြိမ် မေဂျာလိဂ် ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပြီးနောက် ဒီဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
Landon Donovan MVP Award လို့ အမည်တွင်တဲ့ မေဂျာလိဂ်ရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကို မက်ဆီက ၂၀၂၄ နဲ့ ၂၀၂၅ နှစ်ရာသီ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီက ဒီရာသီ မှာတော့ ဂိုးသွင်း အများဆုံး ကစားသမားဆု (ရွှေဖိနပ်ဆု) ကိုပါ သွင်းဂိုး ၂၉ ဂိုးနဲ့ ရရှိခဲ့ပါတယ်။ မက်ဆီဟာ ဂိုးဖန်တီးမှုလည်း ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ၂၀၂၅ ရာသီ မေဂျာလိဂ် ပြိုင်ပွဲမှာ မက်ဆီ အနေနဲ့ ၂၈ ပွဲ ကစားပြီး ဂိုးပါဝင် ပတ်သက်မှု ၄၈ ဂိုး ရှိခဲ့ကြောင်း သိရပါတယ်။
မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆု ကိုတော့ ၁၉၉၆ ခုနှစ်မှာ စတင် ချီးမြှင့်ခဲ့ပြီး မေဂျာလိဂ် ကလပ်တွေရဲ့ နည်းပြတွေ၊ ကစားသမားတွေနဲ့ မီဒီယာတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ မက်ဆီဟာ ၂၀၂၅ ခုနှစ်အတွက် မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆုကို ဆန္ဒမဲ ၇၀ ရာခိုင်နှုန်းကျော်နဲ့ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ မက်ဆီဟာ အန်ဒရီယာ့စ် ဒရီယာ၊ ဒန်းနစ် ဘူအန်ဂါ၊ အီဗန်ဒါ၊ ဆမ် ဆာရစ်ဂျ် တို့ကို ကျော်ဖြတ်ကာ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဆုကို လက်ခံရရှိပြီးချိန် မှာတော့ မက်ဆီက “ပထမဆုံး အနေနဲ့ အခုလို အသိအမှတ်ပြုခံရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ တစ်ဦးချင်း ထူးချွန်ဆုတွေ လက်ခံရရှိတာက အမြဲတမ်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီဆုကို အသင်းဖော်တွေနဲ့အတူ မျှဝေခံစားချင်ပါတယ်။ မေဂျာလိဂ် ရွှေဖိနပ်ဆု ကိုလည်း ကျွန်တော် ကံကောင်းစွာနဲ့ ရရှိခဲ့ပြီး ဒီအတွက်လည်း အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ မေဂျာလိဂ် အကောင်းဆုံးဆု ရရှိခြင်းနဲ့ သမိုင်းတစ်လျှောက် နှစ်ရာသီဆက် ရရှိတဲ့ ပထမဦးဆုံး ဖြစ်ခဲ့ခြင်း အတွက်လည်း ပျော်ရွှင်ပါတယ်။ ကျွန်တော် အရမ်းပဲ ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က အင်တာမိုင်ယာမီကို စတင် ရောက်ရှိခဲ့တဲ့ မက်ဆီဟာ ၂ နှစ်တာ ကာလ အတွင်းမှာပဲ အသင်း အတွက် ဆုဖလား ၄ လုံးရယူပေးခဲ့ပြီး Supporters’ Shield၊ လိဂ်ဖလား၊ မကြာသေးခင်က Eastern Conference Cup နဲ့ အခု မေဂျာလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု ဖလားက မက်ဆီ အတွက် ကစားသမား ဘဝ ၄၈ လုံးမြောက် ဆုဖလား ဖြစ်ခဲ့ပါတယ်။
မေဂျာလိဂ် ဆုပေးပွဲ အပြီးမှာတော့ ဘောလုံးသမား ဘဝ ကနေ အနားယူကြတော့မမယ့် ဆာဂျီယို ဘူးစကွက်စ်၊ ယော်ဒီ အဲလ်ဘာ တို့ဟာလည်း အင်တာမိုင်ယာမီ ကစားသမားဘ၀ နောက်ဆုံးပွဲကို ချန်ပီယံ ဆုဖလားနဲ့ အတူ အဆုံးသတ်နိုင်ခဲ့ကြပါတယ်။ ဘောလုံးသမိုင်း တစ်လျှောက် ကမ္ဘာ့ဖလားနဲ့ မေဂျာလိဂ် ဖလားကို ရယူနိုင်ခဲ့တဲ့ ကစားသမား ၃ ဦးသာ ရှိပြီးတော့ အင်တာမိုင်ယာမီ ကစားသမားတွေ ဖြစ်ကြတဲ့ ဘူးစကွက်စ်၊ ဒီပေါလ်နဲ့ မက်ဆီ တို့ပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


