နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်ခဲ့ပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီ | မေဂျာလိဂ်

လီယွန်နယ် မက်ဆီက မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ အတူ ကွန်ကာကပ်ဖ် ချန်ပီယံဖလား ပွဲစဉ်မှာ သမိုင်းဝင် ဂိုးသွင်း မှတ်တိုင် အသစ် တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ မက်ဆီ အနေနဲ့ ကစားသမား ဘဝ ၉၀၀ မြောက်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီမှတ်တိုင်ကို ရောက်ရှိတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာစေခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ညက ကစားခဲ့တဲ့ နက်ရှ်ဗီးလ်နဲ့ ကွန်ကာကပ်ဖ် ချန်ပီယံဖလား ပွဲစဉ်မှာ မက်ဆီက ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ် အောက်တိုဘာလ ဘာစီလိုနာ အသင်းမှာ ပရော်ဖက်ရှင်နယ် အဖြစ် စတင် ကစားကတည်းက ယနေ့ အထိ ကစားသမားဘဝ သွင်းဂိုး စုစုပေါင်း ၉၀၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီက Chase ကွင်းရှိ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှာ ဒီမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တဲ့ ကမ္ဘာ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ၃ ဂိုး သွင်းယူထားနိုင်တဲ့ ဘယ်လွန်ဒေါ ၈ ဆုရှင် မက်ဆီက ယခု ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် မှာလည်း အချိန်မဆိုင်းဘဲ ဂိုးသွင်းစွမ်းရည်ကို ပြသခဲ့ပါတယ်။ ပွဲစပြီး ၇ မိနစ် မှာပင် ဆာဂျီယို ရက်ဂီလွန်းရဲ့ ဂိုးဧရိယာ အတွင်း ဖြတ်တင်ပေးမှုကို မက်ဆီက ဘယ်ခြေနဲ့ အားပြင်းပြင်း ကန်သွင်းကာ အဖွင့်ဂိုး ရယူပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက်ဆီက သူ့ရဲ့ လာလီဂါ ပြိုင်ဘက်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို (အသက် ၄၁ နှစ်) နဲ့ အတူ ဂိုး ၉၀၀ မှတ်တိုင်ကို ရောက်ရှိတဲ့ ရှားပါးတဲ့ ကစားသမားတွေ အဖြစ် ရပ်တည်နေပါတယ်။ မက်ဆီဟာ ပွဲပေါင်း ၁,၁၄၂ ပွဲ (ခြေစမ်းပွဲတွေ မပါ) ကစားပြီးချိန်မှာ ဂိုး ၉၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဂိုးဖန်တီးမှု ၄၀၇ ကြိမ် ပြုလုပ်ထားတာကြောင့် စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှုမှာ ရော်နယ်ဒိုထက် သာလွန်နေပါတယ်။ ရော်နယ်ဒို ကတော့ လက်ရှိ အဲလ်နာဆာမှာ ကစားနေပြီး ပွဲပေါင်း ၁,၃၁၂ ပွဲမှာ ၉၆၅ ဂိုး သွင်းယူထားပါတယ်။ သူဟာ ဂိုး ၉၀၀ မှတ်တိုင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ မေဂျာလိဂ် ကလပ် အတွက် ၉၃ ပွဲ ကစားရာမှာ ၈၁ ဂိုးသွင်း၊ ၄၄ ဂိုး ဖန်တီးထားပါတယ်။ ၂၀၂၅ ခုနှစ် ပုံမှန်ရာသီ မှာလည်း ၂၉ ဂိုး သွင်း၊ ဂိုး ၂၀ ဖန်တီးကာ သူ့ရဲ့ ဒုတိယမြောက် MLS MVP ဆုနဲ့ ပထမဆုံးသော မေဂျာလိဂ် ရွှေဖိနပ်ဆု တို့ကို ဆွတ်ခူးခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ပုံမှန်ရာသီ မှာလည်း ၂၉ ဂိုး သွင်း၊ ဂိုး ၂၀ ဖန်တီးကာ သူ့ရဲ့ ဒုတိယမြောက် MLS MVP ဆုနဲ့ ပထမဆုံးသော မေဂျာလိဂ် ရွှေဖိနပ်ဆု တို့ကို ဆွတ်ခူးခဲ့ပါတယ်။
ဘာစီလိုနာ အတွက် ပွဲပေါင်း ၇၇၈ ပွဲ ကစားပြီး ၆၇၂ ဂိုး သွင်းယူထားတဲ့ မက်ဆီ

ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်ခဲ့တဲ့ မက်ဆီ အပေါ် အင်တာမိုင်ယာမီ နည်းပြ ဂျားဗီးယား မာရှေယာနို “ကျွန်တော် ကတော့ အခွင့်ထူးခံ ကြည့်ရှုသူ တစ်ယောက်ပါပဲ၊ ဒီထက်လည်း မပိုသလို မလျော့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။ “၉၀၀ ဆိုတဲ့ ကိန်းဂဏန်းက ရူးသွပ်စရာပါပဲ၊ ဒါကြောင့်လည်း လီယိုက တစ်ဦးတည်းသော ထူးခြားသူ ဖြစ်နေတာပါ။” လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ် ဂန္ထဝင် ပီလီ ကတော့ ၇၆၅ ဂိုးနဲ့ တတိယ နေရာမှာ ရှိနေပြီး လက်ရှိ ကစားနေဆဲ ကစားသမားတွေထဲမှာ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက ၆၉၀ ဂိုးနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ကစားသမားဘဝ သွင်းဂိုးများ

• ဘာစီလိုနာ – ၇၇၈ ပွဲ၊ ၆၇၂ ဂိုး

• ပီအက်စ်ဂျီ – ၇၅ ပွဲ၊ ၃၂ ဂိုး

• အင်တာမိုင်ယာမီ – ၉၃ ပွဲ၊ ၈၁ ဂိုး

• အာဂျင်တီးနား – ၁၉၆ ပွဲ၊ ၁၁၅ ဂိုး

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်