နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မေဂျာလိဂ် ကလပ် မီနီဆိုးတားယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့တဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်

၂၀၂၆ ခုနှစ် မေဂျာလိဂ် ဘောလုံးရာသီ မစတင်မီ အားလုံးကို အံ့အားသင့်သွားစေတဲ့ အပြောင်းအရွှေ့ တစ်ခု ကတော့ ကိုလံဘီယာ ကြယ်ပွင့် ဂျိမ်းစ် ရိုဒရီဂွက်ဇ်နဲ့ မင်နီဆိုးတားယူနိုက်တက်ကို ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပါတယ်။ 

 

မထင်မှတ်ထားတဲ့ ရွေးချယ်မှု

အမေရိကန် မေဂျာလိဂ် ကလပ် အသင်းတွေဟာ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ နှစ်ပေါင်း များစွာ ကြိုးပမ်းခဲ့ကြတာပါ။ သူ တစ်နေ့နေ့မှာ မေဂျာလိဂ်ဆီ ရောက်လာမယ်လို့ လူတိုင်း ခန့်မှန်းထားကြပေမယ့် မင်နီဆိုးတားယူနိုက်တက်ကို ရွေးချယ်လိမ့်မယ်လို့တော့ ဘယ်သူမှ မထင်မှတ်ထားခဲ့ကြမှာ မဟုတ်ပါဘူး။

သူ့အနေနဲ့ ကိုလံဘီယာနဲ့ လက်တင် အမေရိကန် လူမျိုး အများအပြား ရှိတဲ့ အင်တာမိုင်ယာမီ (မက်ဆီ၊ ဆွာရက်ဇ် တို့နဲ့အတူ) ၊ ဒါမှမဟုတ် လော့စ်အိန်ဂျလိစ်နဲ့ ဟူစတန်လို မြို့ကြီးတွေကို ရွေးချယ်တာက ပိုပြီး အဓိပ္ပာယ်ရှိနိုင်ပေမယ့် အခုတော့ ရာသီဥတုရော အသင်း အဆင့်အတန်းပါ ကွာခြားလှတဲ့ မင်နီဆိုးတားယူနိုက်တက် ကိုပဲ အံ့အားသင့်ဖွယ် ရွေးချယ်သွားခဲ့ပါတယ်။

 

မင်နီဆိုးတားရဲ့ ကစားဟန် အပြောင်းအလဲ

မင်နီဆိုတား တို့ဟာ ပြီးခဲ့တဲ့ နှစ်ရာသီမှာ နည်းပြ အဲရစ်ခ် ရမ်ဆေး လက်အောက်မှာ ကစားခဲ့တဲ့ ပျင်းရိငြီးငွေ့ဖွယ် ကစားဟန် ကနေ ရုန်းထွက်ဖို့ ကြိုးစားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက သူတို့ဟာ ဘောလုံး ပိုင်ဆိုင်မှု အနည်းဆုံး အသင်း ဖြစ်ခဲ့ပေမယ့် အနောက်ဘက်ဇုန် မှာတော့ အဆင့် (၄) နေရာရခဲ့ပါတယ်။ အခု နည်းပြသစ်နဲ့ အတူ တိုက်စစ် အသားပေး ကစားမယ့် ပုံစံကို ပြောင်းလဲဖို့ အတွက် ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလား အတွက် ပြင်ဆင်မှု

အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် အတွက်တော့ ဒီပြောင်းရွှေ့မှုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အရေးပါတဲ့ ကြိုတင် ပြင်ဆင်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ကိုလံဘီယာ လက်ရွေးစင် အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေဆဲ ဖြစ်တာကြောင့် ဂျိမ်းစ် တစ်ယောက် ကမ္ဘာ့ဖလား မတိုင်ခင် ပုံမှန် ပွဲထွက်ခွင့် ရဖို့နဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေတာပါ။ မင်နီဆိုးတား မှာတော့ သူဟာ ကိုယ့်ရဲ့ ကစားချိန်ကို ကိုယ်တိုင် စီမံခန့်ခွဲခွင့်ရမှာ ဖြစ်တာကြောင့် လက်ရွေးစင် အသင်း နေရာ ပျောက်ဆုံးသွားလောက်အောင် အထိ ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်အောင် ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။

 

ဂျိမ်းစ်ရဲ့ လက်ရှိ ခြေစွမ်းနဲ့ စာချုပ်အခြေအနေ

ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ နောက်ပိုင်းနှစ်တွေမှာ ကလပ် အသင်း အတွက် ပုံမှန်ကစားခွင့် သိပ်မရခဲ့ပါဘူး။ သူဟာ လီယွန် (မက္ကဆီကို) မှာ ၁၄ ပွဲသာ ကစားခဲ့ရသလို ရေယို ဗလက်ကာနို မှာတော့ ၄ လ အတွင်း ၆ ပွဲသာ ကစားပြီး စာချုပ် ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ဆာပေါ်လိုမှာ ပွဲအများစု လွဲချော်ခဲ့ပါသေးတယ်။ သူဟာ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီ ဂရိ ကလပ် အိုလံပီယာကော့စ်မှာ ကစားခဲ့စဉ် ကမှ တစ်ရာသီအတွင်း ပွဲ ၂၀ ကျော် ကစားနိုင်ခဲ့တာပါ။ မင်နီဆိုးတား ကတော့ သူ့ဆီကနေ အဲဒီလို ခြေစွမ်းမျိုး ပြန်ရဖို့ မျှော်လင့်နေပါတယ်။ အထူးခြားဆုံး ကတော့ သူဟာ လစာ အကန့်အသတ်မဲ့ စာချုပ်မျိုး မဟုတ်ဘဲ သာမန် စာချုပ်နဲ့သာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပြီး ခြေစွမ်းပြနိုင်ရင် သက်တမ်းတိုးရမယ့် အချက်လည်း ပါဝင်နေပါတယ်။

 

၂၀၂၆ မေဂျာလိဂ် ရာသီရဲ့ အားပြိုင်မှုများ

ဒီနှစ် မေဂျာလိဂ် ဟာ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။ လက်ရှိ ချန်ပီယံ အင်တာမိုင်ယာမီက အဲလ်ဘာနဲ့ ဘူးစကွက်စ်တို့ ထွက်ခွာသွားပေမယ့် ရက်ဂီလွန်းနဲ့ ဘာတာရာမီ တို့ကို ခေါ်ယူပြီး အင်အားဖြည့်ထားပါတယ်။ အဲလ်အေ အက်ဖ်စီ ကတော့ ဘိုအန်ဂါနဲ့ ဆွန်ဟောင်မင် တို့ရဲ့ တိုက်စစ် အတွဲအဖက်က ကြောက်စရာကောင်းနေပါတယ်။ ဗန်ကူးဗား ဝှိုက်ကပ်စ် မှာတော့ သောမတ်စ် မူလာ ရှိနေပြီး အင်အားတောင့်တင်းနေဆဲပါ။ ဆန်ဂျိုဆေး ကလည်း တီမို ဗာနာလို ကစားသမားကောင်း တစ်ဦးကို ခေါ်ယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်