နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဘီလိုအာ လက်အောက်မှာ မပျော်ရွှင် ဖြစ်နေတဲ့ ဗယ်လ်ဗာဒီ၊ ဂျရတ် မာတင်ကို စိတ်ဝင်စားနေတဲ့ အေစီမီလန် | လာလီဂါ

အခုတစ်ခါမှာတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။ 

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အမာခံ ကွင်းလယ်လူ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီဟာ လက်ရှိ နည်းပြ အဲလ်ဗာရို အာဘီလိုအာရဲ့ လက်အောက်မှာ ကစားရတာကို စိတ်ပျက်နေပါတယ်။ ဒါကြောင့် နည်းပြ အပြောင်းအလဲ မရှိဘူး ဆိုရင် လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မယ်လို့ ခြိမ်းခြောက် ပြောဆိုထားကြောင်း El Nacional က ဖော်ပြပါတယ်။

ဘာစီလိုနာ အသင်းဟာ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို သူတို့ရဲ့ နောက်ထပ် “ စူပါစတား” အဖြစ် ခေါ်ယူဖို့ စီမံနေပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ်က အသင်းမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးသစ် တစ်ဦး လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်၊ အက်တလက်တီကိုမက်ဒရစ်က ဟးလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူမယ့် အစီအစဉ် ကိုပါ ပယ်ဖျက်လိုက်ပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် ဟာ အယ်လ်ဗာရက်စ်ကို လက်လွှတ်ဖို့ ပြင်ဆင်နေသလို၊ နည်းပြ ဒီယေဂို ဆီမြွန်နီက ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်ကို ခေါ်ယူနိုင်ဖို့ အတွက် အသင်းကို တိုက်တွန်းနေပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ဟာသာဘာလင် အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူ ကဲနက် အိုက်ဟွန်းကို ခေါ်ယူဖို့အတွက် စာချုပ်ပါ လျော်ကြေးငွေ ယူရို ၁၂ သန်း ပေးချေဖို့ အသင့် ရှိနေပါတယ်။ 

အေစီမီလန်ဟာ လာလီဂါ ကလပ် ဘာစီလိုနာ နောက်ခံလူ ဂျရတ် မာတင်ကို စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာက သူ့ကို မရောင်းချင်ပေမဲ့ ယူရို သန်း ၃၀ ဝန်းကျင် ကမ်းလှမ်းမှုမျိုး ကိုတော့ ငြင်းပယ်ဖို့ ခက်ခဲပါလိမ့်မယ်။ 

အသက် ၁၉ နှစ်အရွယ် ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗစ်တာ ဗယ်ဒီပန်းနက်စ် ကိုလည်း အေစီမီလန်က မျက်စိကျနေပါတယ်။ အာဆင်နယ် နဲ့လည်း သတင်းထွက်နေတဲ့ ဒီကစားသမားလေးဟာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားပါတယ်။ 

စပို့တင်းလစ္စဘွန်း ဗဟိုနောက်ခံလူ ဂွန်ကာလို အင်နာစီယိုဟာ ဘာစီလိုနာရဲ့ အဓိက ပစ်မှတ် တစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ကျော်ဟာ ဘာစီလိုနာ အတွက် အဓိက ပြဿနာ ဖြစ်လာနိုင်ပါတယ်။

အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်းနဲ့ လက်ရှိ ဗီလာရီးရဲလ် ကစားသမား သောမက်စ် ပါတေးဟာ မုဒိမ်းမှု စွဲချက်တွေနဲ့ ထပ်မံ တရားစွဲဆိုခံထားရပါတယ်။ အသက် ၃၂ နှစ် အရွယ် ဂါနာ ကွင်းလယ် ကစားသမားဟာ အမျိုးသမီး နှစ်ဦးကို မုဒိမ်းကျင့်ပြီး တတိယမြောက် အမျိုးသမီး တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ရုံးတင် စစ်ဆေးခံနေရပေမယ့် ပါတေးက စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ မက်ထရို ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု အသစ် အပြီးမှာ စွဲချက် အသစ်တွေ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း Crown Prosecution Service က ပြောကြားခဲ့ပြီး စွပ်စွဲချက်တွေကို ၂၀၂၅ ခုနှစ် သြဂုတ်လတွင် ပထမဆုံး အစီရင်ခံခဲ့ပါတယ်။

နော့တင်ဟမ်ဖောရက်စ် အသင်းဟာ ဝုဗ် နည်းပြဟောင်း ဗစ်တာ ပါရဲရားကို အသင်း နည်းပြသစ် အဖြစ် ခန့်အပ်တော့မယ်လို့ သိရပါတယ်။ နော့တင်ဟမ်ဖောရက်စ် ဘက်က တရားဝင် မထုတ်ပြန်သေးပေမယ့် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပြီး စာချုပ် ကတော့ လာမယ့် ရာသီကုန် အထိ ဖြစ်ပါတယ်။ ဒါကြောင့် ဖောရက်စ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တစ်ရာသီ အတွင်း နည်းပြ ၄ ဦး အပြောင်းအလဲ လုပ်ခဲ့တဲ့ ပထမဆုံး အသင်း အဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ် အသင်းဟာ ဘရာဇီးလ် တိုက်စစ်မှူး အီဂေါ သီယာဂိုကို ၂၀၃၁ ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ ဘရန့်ဖို့ဒ်ဟာ အီဂေါ သီယာဂိုကို ၂၀၂၄ ဖေဖော်ဝါရီ ကမှ ကလပ် ဘရုဂေး ကနေ ပေါင် သန်း ၃၀ နဲ့ ခေါ်ယူထားတာ ဖြစ်ပြီး ဘယ်လ်ဂျီယံလိဂ်ရဲ့ ကစားသမား ရောင်းချမှုမှာ တန်ဖိုးအကြီးဆုံး အဖြစ် စံချိန်သစ် တင်ခဲ့သူ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ အီဂေါ သီယာဂိုကို ၂၀၂၉ ခုနှစ်အထိ နှစ်ရှည် စာချုပ်ချုပ်ဆိုထားပေမဲ့ ဒီရာသီမှာ ထူးထူးခြားခြား ခြေစွမ်းပြနေတာကြောင့် သက်တမ်းတိုး စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်