နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရီးရဲလ်မက်ဒရစ် သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူ ၅ ဦး | လာလီဂါ

၁၉၀၂ ခုနှစ် အသင်း စတင်တည်ထောင်ချိန်ကစပြီး လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံး ထူးချွန် ထက်မြက်သူတွေရဲ့ ခိုနားရာ ရပ်ဝန်း ဖြစ်ခဲ့ပါတယ်။ အစောပိုင်း ဥရောပ ကနေ အောင်မြင်မှုတွေ ကနေ “ La Quinta del Buitre” ခေတ်၊ “ Galáctico” ခေတ်နဲ့ ဒီနေ့ခေတ်အထိ၊ ကမ္ဘာ့သမိုင်းဝင် ဒီအသင်းကြီးဟာ အောင်မြင်မှုတွေဆီ ဦးဆောင်ပေးနိုင်မယ့် ထိပ်တန်း ကွင်းလယ် အင်ဂျင်တွေ အပေါ် အမြဲတမ်း အမှီပြုခဲ့ရပါတယ်။

ပွဲကို ချဉ်းကပ်နိုင်စွမ်းတွေ၊ မြင့်မားတဲ့ ကစားကွက် ဖန်တီးရှင်တွေ၊ တိကျတဲ့ ဖြတ်တင်ဘောတွေ၊ Box-to-box တိုက်စစ်ဆင်သူတွေ၊ Regista တွေ၊ တောင်ပံ ကစားသမားတွေနဲ့ ခံစစ် ကွင်းလယ်လူတွေ မက်ဒရစ်မှာ အကုန်ရှိခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ အတွင်း ဘာနေဗျူးကွင်းကြီးဟာ နာမည်ကျော် ကြယ်ပွင့်တွေ လင်းလက်တဲ့ နေရာ ဖြစ်ရုံတင် မကဘဲ သူတို့ရဲ့ ကစားဟန်တွေနဲ့ ဘောလုံးလောကကို အဓိပ္ပာယ် အသစ်တွေ ဖွင့်ဆိုပြခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူ ၅ ဦးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

၅။ လူးဝစ် ဖီဂို 

လူးဝစ် ဖီဂိုလို့ ပြောလိုက်ရင် ၂၀၀၀ ပြည့်နှစ် Ballon d’Or ဆုရှင် နူးကမ့်ပ်မှာ ထောင့်ကန်ဘော ကန်ဖို့ ပြင်နေချိန်၊ ဒေါသထွက်နေတဲ့ ဘာစီလိုနာ ပရိသတ်တွေက ဝက်ခေါင်းအပါအဝင် ပစ္စည်းမျိုးစုံနဲ့ ပစ်ပေါက် ဆဲဆိုနေတာကို ရင်ဆိုင်ခဲ့ရတဲ့ ပုံရိပ်ကို ပြေးမြင်ကြမှာပါ။ ဒီလို အခြေအနေမျိုးမှာတောင် စိတ်ဓာတ် မပျက်ခဲ့တာက ဖီဂိုရဲ့ အရည်အချင်းနဲ့ စိတ်ဓာတ် ခိုင်မာမှုကို သက်သေပြနေတာ ဖြစ်ပါတယ်။

အငြင်းပွားဖွယ်ရာ အပြောင်းအရွှေ့ တစ်ခုနဲ့ အတူ ရောက်ရှိလာပြီးနောက် ဘာနေဗျူးမှာ ၅ ရာသီကြာ ကစားခဲ့ချိန် အတွင်း ဖီဂိုဟာ လာလီဂါ ဖလား ၂ ကြိမ်နဲ့ ၂၀၀၂ ချန်ပီယံလိဂ် ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီ တောင်ပံ မှော်ဆရာကြီးဟာ လာလီဂါရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုကို ၂ ကြိမ် ရရှိခဲ့သလို၊ တစ်နှစ်တာ အကောင်းဆုံး နိုင်ငံခြားသား ကစားသမားဆု ကိုလည်း ၂ ကြိမ်တိုင်တိုင် ရရှိခဲ့ပါတယ်။

 

၄။ တိုနီ ခရူးစ်

ဆုဖလား စုစုပေါင်း ၂၂ လုံး ဆိုတဲ့ ကိန်းဂဏန်းက ခရူးစ်ရဲ့ မက်ဒရစ် ကစားသမား ဘဝကို အကောင်းဆုံး သက်သေပြနေပါတယ်။ ခရူးစ်ဟာ ခေတ်သစ် ကွင်းလယ်ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပြီး လူကာ မိုဒရစ်၊ ကတ်စ်မဲရိုး တို့နဲ့ အတူ ဥရောပကို စိုးမိုးခဲ့တဲ့ အကောင်းဆုံး ကွင်းလယ် အတွဲအဖက်ကို ဖန်တီးခဲ့သူပါ။ တက်ကြွလှုပ်ရှားပြီး ဖိအားပေးမှုတွေကို ကောင်းစွာ ကျော်လွှားနိုင်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ၂၀၂၄ ခုနှစ် ဘောလုံး လောကက အနားယူပြီးချိန်မှာ ပိုပြီး ထင်ရှားလာပါတယ်။ လာလီဂါ ထိပ်သီး တို့ဟာ သူ့နေရာမှာ အစားထိုးနိုင်မယ့် သူကို ခုထက်ထိ ရှာဖွေနေရဆဲ ဖြစ်ပါတယ်။

 

၃။ ပီရီ 

ဒဏ္ဍာရီဆန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် လူသိများတဲ့ ပီရီဟာ ၁၉၇၁ ခုနှစ် UEFA Cup Winner’s Cup ဗိုလ်လုပွဲမှာ လက်မောင်းကို ပတ်တီးစည်းပြီး ကစားခဲ့သလို၊ ၁၉၇၅ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ မှာလည်း မေးရိုးကျိုးနေတဲ့ ဒဏ်ရာနဲ့ ပါဝင်ကစားပေးခဲ့သူပါ။ အသင်း အတွက် နေရာစုံမှာ ကစားပေးခဲ့ရပြီး ခံစစ် တာဝန်တွေကို ပိုယူခဲ့ရပေမယ့် ၁၆ ရာသီ အတွင်းမှာ အသင်း အတွက် ၁၇၂ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂန်တို ဦးဆောင်တဲ့ နာမည်ကျော် “ Yeyé” အသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပြီး ၁၉၆၆ ခုနှစ်မှာ အသက် ၂၁ နှစ် အရွယ်နဲ့ ဥရောပဖလားကို မြှောက်ခဲ့သူပါ။ သူဟာ လာလီဂါ ဖလား ၁၀ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၄ ကြိမ် ရရှိခဲ့သလို တစ်နှစ်တာ အကောင်းဆုံး အသင်း မှာလည်း ၄ ကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရပါတယ်။

 

၂။ ဇနက်ဒင် ဇီဒန်း

၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီးနောက် ဇီဒန်းဟာ ဘာနေဗျူးကွင်းထဲမှာ သဘာဝလွန် ထူးခြားတဲ့ ဘောလုံး စွမ်းရည်တွေကို ပြသခဲ့ပါတယ်။ ၅ နှစ်သာ ကစားခဲ့ပေမယ့် ဖီဖာ တစ်နှစ်တာ အကောင်းဆုံးဆု ၃ ကြိမ်ရ ဇီဒန်းဟာ မက်ဒရစ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးတွေထဲက တစ်ဦး အဖြစ် သံသယဖြစ်ဖွယ် မရှိ သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၀၁ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူသွင်းယူခဲ့တဲ့ အံ့မခန်း Volley ဂိုးဟာ သူ့ရဲ့ အမွေအနှစ်ကို ခိုင်မာစေခဲ့ပါတယ်။ ကစားသမားဘဝတင် မကဘဲ နည်းပြ အဖြစ် ပြန်လာချိန် မှာလည်း ၂၀၁၆ မှ ၂၀၁၈ အထိ ချန်ပီယံလိဂ် ၃ ကြိမ် ဆက် ရယူပေးခဲ့တာကြောင့် မက်ဒရစ် ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ဒဏ္ဍာရီ တစ်ဦး အဖြစ် ထာဝရ တည်ရှိနေမှာပါ။

 

၁။ လူကာ မိုဒရစ်

၂၀၁၂ ခုနှစ်မှာ စပါး ကနေ ဆံပင်ဖွာဖွာနဲ့ လူကောင်သေးသေး ခရိုအေးရှား ကွင်းလယ်လူကို ခေါ်ယူခဲ့စဉ်က သူဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာမယ်လို့ ဘယ်သူမှ မခန့်မှန်းခဲ့ကြပါဘူး။ ပထမဆုံးရာသီမှာ ခြေစွမ်းမပြနိုင်လို့ MARCA သတင်းစာရဲ့ ပရိသတ် ဆန္ဒမဲအရ “ အဆိုးရွားဆုံး ခေါ်ယူမှု” အဖြစ်တောင် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ လာလီဂါ ကလပ်မှာ သူဟာ ဒဏ္ဍာရီ တစ်ခုကို စတင် ရေးထိုးခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ မိုဒရစ်ဟာ မက်ဒရစ်ရဲ့ အောင်မြင်ဆုံးနှစ်တွေမှာ ကွင်းလယ် ကနေ စည်းချက်ကို ထိန်းကျောင်းပေးခဲ့သူပါ။ ၂၀၁၈ ဘယ်လွန်ဆုရှင်ဟာ ဘာနေဗျူးမှာ ၁၃ ရာသီ အတွင်း လာလီဂါ ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၆ ကြိမ် အပါအဝင် ဆုဖလား ၂၈ လုံး အထိ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်