အက်တလက်တီကိုမက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်း အနေနဲ့ ဂိုးတွေ သွင်းယူနေပေမယ့်လည်း အသင်းရဲ့ ကစားဟန်နဲ့ အညီ ဘက်စုံ ပိုမိုတိုးတက်လာဖို့ လိုအပ်နေသေးကြောင်း နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောဆိုလိုက်ပါတယ်။ လွတ်ခ်မန်းဟာ စနေနေ့က အက်စ်ပန်ညိုကို ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲမှာ အက်တလက်တီကိုမက်ဒရစ် အတွက် ထပ်မံ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်ခ်မန်း အနေနဲ့ လာလီဂါမှာ အစောပိုင်း ကာလကို အကောင်းဆုံး ဖြတ်သန်းနေပေမယ့်လည်း ဆီမြွန်နီ ကတော့ သူ့ရဲ့ ကစားသမား ဆီက ပိုကောင်းတဲ့ အခြေအနေကို အလိုရှိနေတာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး လွတ်ခ်မန်းဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၆ ပွဲ ကစားပြီးချိန်မှာ ၄ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ နောက်ပိုင်း ကိန်းဂဏန်းများအရ ၂၀၂၀-၂၀၂၁ ရာသီက လူးဝစ်ဇ် ဆွာရက်ဇ် တင်ထားခဲ့တဲ့ အသင်းရဲ့ အကောင်းဆုံး အစပျိုး ဂိုးသွင်း မှတ်တမ်းနဲ့ တူညီသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီမြွန်နီက လွတ်ခ်မန်း အနေနဲ့ ခံစစ်ပိုင်း ဆင်းပြီး ကူညီမှုမှာ ပိုမိုအားစိုက်ရန် လိုလားနေပြီး ကစားသမားရဲ့ သင်ယူလိုစိတ် အပေါ် မှာတော့ ချီးကျူး စကားဆိုခဲ့ပါတယ်။
ဆီမြွန်နီက Movistar သို့ ပြောကြားရာမှာ “သူ့ရဲ့ အဓိက ပံ့ပိုးမှုက ဂိုးတွေ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ကစားကွက် ဖန်တီးတာထက် ဂိုးသွင်းတာက ပိုများနေတယ်။ သူ့ရဲ့ အထွေထွေ ကစားဟန်နဲ့ ခံစစ်ပိုင်း ကူညီမှုတွေမှာ ပိုတိုးတက်လာဖို့ လိုပါသေးတယ်။ အသင်းရဲ့ ကစားကွက် ပုံစံနဲ့ အသားကျဖို့ လိုအပ်သလို၊ သူကိုယ်တိုင် ကလည်း တိုးတက်ချင်စိတ် ရှိနေတာကို ကျွန်တော် မြင်တွေ့နေရပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဆီမြွန်နီက “သူ အသင်းကို စရောက် ကတည်းက ဘောလုံးသမား တစ်ယောက် အနေနဲ့ တိုးတက်ချင်တယ်လို့ ပြောခဲ့တာပါ။ သူ ဂိုးတွေ အမြဲ သွင်းနေနိုင်တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းရဲ့ ကစားကွက်ပိုင်းမှာ သူ ဒီထက်မက ပိုပြီး ပါဝင်လာဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
စနေနေ့ညက ပွဲမှ အလက်ဇန္တား ဆောလော့သ်က အဖွင့်ဂိုးနဲ့ အပိတ်ဂိုးတွေကို သွင်းယူခဲ့ပြီး နည်းပြရဲ့ သား ဖြစ်သူ ဂျူလီယာနို ဆီမြွန်နီ ကလည်း တစ်ဂိုး သွင်းယူပေးခဲ့သည်။ ဂျူလီယာနို ဆီမြွန်နီဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၄ ဂိုး (၆ ဂိုးသွင်း၊ ၈ ဂိုးဖန်တီး) အထိ ပါဝင် ပတ်သတ်ထားပြီး ပြီးခဲ့တဲ့ ရာသီ တစ်ခုလုံးက မှတ်တမ်း (၁၃ ဂိုး) ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ဒီယေဂို ဆီမြွန်နီက “ကောင်းမွန်တဲ့ အချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ဂိုးစပေးလိုက်ရပေမယ့် အသင်းက တုန်လှုပ်မသွားဘဲ ကျွန်တော်တို့ လိုချင်တဲ့ ကစားကွက် အတိုင်း ဆက်ပြီး ဖိအားပေးနိုင်ခဲ့တယ်။ ပွဲတစ်ပွဲလုံးကို စိုးမိုးထားနိုင်ခဲ့သလို အသင်းရဲ့ စုပေါင်း စွမ်းဆောင်မှု ကလည်း အရမ်းပဲ ကောင်းပါတယ်။ လာလီဂါ ပွဲစဉ်မှာ ဒါဟာ အရေးကြီးပြီး လိုအပ်နေတဲ့ နိုင်ပွဲ တစ်ခုပါပဲ။” ဟု ပြောကြားသွားခဲ့ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ဒီနိုင်ပွဲကြောင့် လာလီဂါမှာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ဇယားထိပ်ပိုင်းက အသင်းတွေနဲ့ ရမှတ် ကွာဟချက်ကိုလည်း အနည်းငယ် လျှော့ချနိုင်ခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ လာမယ့် ကြားရက်မှာ ကလပ် ဘရုဂေးနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ တီကိုဟာ ဘရုဂေးနဲ့ ပထမအကျော့မှာ ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


