လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ ဗဟိုနောက်ခံလူ ခေါ်ယူရေး အတွက် ပြီးခဲ့တဲ့ လပေါင်းများစွာ ကတည်းက စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ အခုလည်း သူတို့ရဲ့ ပစ်မှတ်တွေကို ပြောင်းလဲလိုက်ပြန်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဂျာမန် နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်ကို နွေရာသီမှာ ခေါ်ယူဖို့ မျက်စိကျခဲ့ပေမယ့် အဆိုပါ ကစားသမား ကတော့ ဒေါ့မန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အန်တိုနီယို ရူဒီဂါနဲ့ ဒေးဗစ် အလာဘာ တို့ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အီဒါ မီလီတာအို၊ ဒင်းန် ဟောက်ဆန်နဲ့ ရာအူးလ် အဆန်စီယို တို့နဲ့ အတူ တွဲဖက် ကစားဖို့ ခံစစ်အင်အား ဖြည့်တင်းရန် လိုအပ်နေပါတယ်။ သတင်းတွေအရ ဆိုရင် ရှလော့တ်တာဘက်ခ်ဟာ အဓိက ပစ်မှတ် ဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင်မှာတင် ရီးရဲလ်မက်ဒရစ်က သူ့ကို လက်လွှတ်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
BILD သတင်းဌာနရဲ့ အဆိုအရ အသက် ၂၆ နှစ်အရွယ် ရှလော့တ်တာဘက်ခ်ဟာ ဒေါ့မန်နဲ့ ရှေ့ဆက်ဖို့ လာမယ့် အပတ်မှာ ဆွေးနွေးမှာ ဖြစ်ပြီး အသင်းမှာ ဆက်ရှိနေဖို့ အခွင့်အလမ်း ပိုများနေပါတယ်။ ဒါဟာ ဥရောပ ၁၅ ထပ်ကွမ်း ချန်ပီယံ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အတွက်တော့ အဓိက ပစ်မှတ်ကို ထပ်မံ လက်လွှတ်ရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်တို့ လိုချင်တဲ့ အရည်အသွေးနဲ့ အတွေ့အကြုံရှိတဲ့ နောက်ခံလူ စာရင်းဟာ တစ်နေ့ထက် တစ်နေ့ နည်းပါးလာနေပါတယ်။ ရာသီအစမှာ ပစ်မှတ် ၄ ဦး အထိ ရှိခဲ့ပေမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ အတွင်း တခြား အသင်းကြီးတွေက ဦးအောင် ခေါ်ယူသွားခဲ့ကြပါတယ်။ မန်စီးတီးက မာ့ခ် ဂူဟီကို ခေါ်ယူခဲ့ပြီး လစ်ဗာပူးလ်က ဂျရယ်မီ ဂျက်ကတ်ကို ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်က ဒါယော့တ် အူပါမီကာနိုကို ၂၀၃၀ အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဒီလို အခြေအနေမှာ ရီးရဲလ်မက်ဒရစ်တို့ ရှလော့တ်တာဘက်ခ်ကို အာရုံစိုက်ခဲ့ပေမယ့် သူ့ကိုပါ လက်လွှတ်ရမယ် ဆိုရင်တော့ လာလီဂါ ကလပ်ဟာ မူလ အခြေအနေကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ရီးရဲလ်မက်ဒရစ် ထပ်မံ ပစ်မှတ်ထားနိုင်တဲ့ နောက်ခံလူတွေ ရှိလာခဲ့ပါတယ်။
၁။ အီဘရာဟီမာ ကိုနတေး (လစ်ဗာပူးလ်)

လက်ရှိမှာ အထင်ရှားဆုံး ရွေးချယ်စရာကတော့ ပြင်သစ်သား အီဘရာဟီမာ ကိုနာတေး ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူဟာ လစ်ဗာပူးလ်နဲ့ စာချုပ်သစ် မချုပ်ရသေးဘဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ မဟာဗျူဟာနဲ့ ကိုက်ညီနေပါတယ်။ ၎င်းရဲ့ ထွားကျိုင်းတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံဟာ အာဘီလိုအာရဲ့ ခံစစ်တန်း အတွက် အလိုအပ်ဆုံး အချက် ဖြစ်ပါတယ်။
၂။ ကတ်စတယ်လို လု့ခ်ကီဘာ (လိုက်ပ်ဇစ်)
အသက် ၂၃ နှစ် အရွယ် လု့ခ်ကီဘာဟာ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး လူငယ် ကြယ်ပွင့်တွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ ၎င်းရဲ့ အရည်အချင်းက ခေါ်ယူဖို့ ထိုက်တန်ပေမယ့် ယူရို သန်း ၉၀ ရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ရီးရဲလ်မက်ဒရစ် အတွက် အဟန့်အတား ဖြစ်နေပါတယ်။
၃။ အူစမန်နီ ဒီယိုမန်ဒီ (စပို့တင်းလစ္စဘွန်း)
ဈေးနှုန်း သက်သာတဲ့ ရွေးချယ်မှုကတော့ အိုင်ဗရီကို့စ် နောက်ခံလူ ဒီယိုမန်ဒီ ဖြစ်ပါတယ်။ ၎င်းဟာ မြန်နှုန်းမြင့်ပြီး ကြမ်းတမ်းတဲ့ ကစားဟန်ရှိကာ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းသာ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို တခြား အသင်းကြီးတွေ ကလည်း စိတ်ဝင်စားနေတာကြောင့် ရီးရဲလ်မက်ဒရစ်တို့ အပြိုင် ကမ်းလှမ်းရမယ့် အခြေအနေ ရှိပါတယ်။
၄။ ဂျာကိုဘို ရာမွန် (ကိုမို)
အထက်ပါ ကစားသမားတွေကို မရခဲ့ရင်တော့ ရီးရဲလ်မက်ဒရစ်ဟာ ကိုမို အသင်းမှာ ခြေစွမ်းပြနေတဲ့ ၎င်းတို့ရဲ့ ကစားသမားဟောင်း ဂျာကိုဘို ရာမွန်ကို အငြင်းပွားဖွယ် မရှိဘဲ ပြန်လည် ခေါ်ယူနိုင်တဲ့ အခွင့်အရေး (Buy-back clause) ကို အသုံးပြုနိုင်ပါတယ်။ သူဟာ အသင်းထွက် ကစားသမားဖြစ်လို့ အဆင်ပြေပေမယ့် အရည်အသွေးပိုင်း မှာတော့ အထက်က ကစားသမားတွေကို မမီသေးပါဘူး။ ကိုမို နည်းပြ ဖာဘရီဂတ်စ်က သူ့ကို ဆက်ထိန်းထားချင်ပေမယ့် ရီးရဲလ်မက်ဒရစ် ကသာ ခေါ်ယူမယ် ဆိုရင်တော့ ငြင်းဆန်ဖို့ ခက်ခဲပါလိမ့်မယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


