နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗူစကိုဗစ်ကို စောင့်ကြည့်နေတဲ့ ရီးရဲလ်၊ ရက်ရှ်ဖို့ဒ်ရဲ့ တန်ကြေးကို လျှော့ချပေးမှာ မဟုတ်တဲ့ ယူနိုက်တက် | လာလီဂါ

အခုတစ်ခါမှာတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။ 

ဟမ်းဘတ်မှာ အငှားသွားကစားရင်း ခြေစွမ်းပြနေတဲ့ တော့တင်ဟမ်ဟော့စပါး နောက်ခံလူ လူကာ ဗူစကိုဗစ်ကို လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီး အသင်းကြီးတွေက အနီးကပ် စောင့်ကြည့်လျက် ရှိနေပါတယ်။

ဘာစီလိုနာရဲ့ လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ဟာ အသင်းရဲ့ ညာနောက်ခံလူ ဂျူးလ်စ် ကွန်ဒေးကို ဒီနွေရာသီမှာ မရောင်းချဖို့ အသင်းကို သတိပေးလိုက်ပါတယ်။ သူတို့ နှစ်ဦးဟာ ကွင်းထဲမှာတင် မကဘဲ ကွင်းပြင်ပ မှာပါ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်တာကြောင့် ကွန်ဒေးကို ရောင်းထုတ်လိုက်မယ် ဆိုရင် သူကိုယ်တိုင် စိတ်ပျက်မိမှာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ 

မာ့ခ် ဂီယူ (ချဲလ်ဆီး) နဲ့ ဒရို ဖာနန်ဒက်စ် (ပီအက်စ်ဂျီ) တို့လို အလားအလာ ရှိတဲ့ လူငယ်တွေကို လက်လွှတ်ခဲ့ရတာကြောင့် ဘာစီလိုနာဟာ အလွန်အမင်း စိတ်ပျက် ဒေါသထွက်နေပါတယ်။ ဒါကြောင့် နောက်နောင်မှာ လူငယ် ကစားသမားတွေကို ဈေးပေါပေါနဲ့ လက်မလွှတ်ရလေအောင် သူတို့ရဲ့ စာချုပ်ပါ “ စာချုပ် ဖျက်သိမ်းကြေး” (Release Clause) တွေကို ကစားသမား သက်တမ်း အလိုက် တဖြည်းဖြည်း တိုးမြှင့်သွားမယ့် စနစ်သစ်ကို ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေကြောင်း SPORT က ဖော်ပြပါတယ်။

ဘာစီလိုနာဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယူရို သန်း ၃၀ (ပေါင် ၂၆.၂ သန်း) နဲ့ အပြီးသတ် ဝယ်ယူခွင့် ရှိတဲ့ အချက်ကို အသုံးချဖို့ စဉ်းစားနေပါတယ်။ ထူးခြားတာက သူ့ကို ပြန်ဝယ်ပြီးတာနဲ့ လစာ နှစ်ဆ ပေးချင်တဲ့ တခြား ကလပ် အသင်းတွေကို ချက်ချင်း ပြန်လည် ရောင်းချပြီး အမြတ်ထုတ်ဖို့ စီစဉ်နေတာပါ။ အဲဒီကရတဲ့ ရန်ပုံငွေနဲ့ မယော့ကာက ယန် ဗာဂျီလီကို ပြန်လည် ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။

ဒေးဗစ် အလာဘာ ကတော့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာတော့မှာ သေချာနေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ အန်တိုနီယို ရူဒီဂါ ကိုတော့ လက်မလွှတ်ချင်တာကြောင့် စိတ်ပြောင်းသွားပြီး စာချုပ်သစ် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ရက်ရှ်ဖို့ဒ်ကို လာလီဂါ ကလပ်က အပြီးသတ် ခေါ်ယူလိုနေပေမယ့် ကစားသမားရဲ့ တပတ် လုပ်ခ ပေါင် ၃၁၅၀၀၀ ဆိုတဲ့ ပမာဏကြောင့် ပြောင်းရွှေ့ကြေးကို လျှော့ချလိုနေတာ ဖြစ်ပါတယ်။
လုပ်ခလစာ မြင့်မားနေတာကြောင့် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အခက်တွေ့နေတဲ့ ဘာစီလိုနာ

လီဗန်တေး တိုက်စစ်မှူး ကားလ် အက်တာ အီယောင်ဟာ သူ့ကို ယူရို သန်း ၃၀ ကျော်နဲ့ CSKA မော်စကို အသင်းဆီ ရောင်းချဖို့ ကလပ်အသင်းရဲ့ ကြိုးပမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ဒီတိုက်စစ်မှူးဟာ နွေရာသီမှာ အသင်းကြီး တစ်ခုခုကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်၊ မန်ယူနိုက်တက်၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့က စိတ်ဝင်စားနေကြပါတယ်။ 

အာဆင်နယ် တောင်ပံ တိုက်စစ် ကစားသမား ဘူကာယို ဆာကာ ကတော့ သူတို့ အသင်းဟာ ပရီးမီးယားလိဂ် ဖလားရယူဖို့ အတွက် အလွန်ဖိအားများနေသလို ရုန်းကန်နေရတယ် ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ ဝုဗ်ကို သရေကျပြီးနောက် မန်စီးတီးကို ဖလားစိန်ခေါ်မှု လမ်းကြောင်းထဲ ပြန်လည် ဖိတ်ခေါ်လိုက်တဲ့ အာဆင်နယ်ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ အတော်လေး ပုံစံပျက်နေပြီး ဒဏ်ရာရ ကစားသမားတွေလည်း တိုးလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာကာက “ကျွန်တော် တို့က ဖလားရဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အတော်လေး ဖိအားများနေတယ် ဆိုတာတွေက တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော် တို့ရဲ့ လမ်းကြောင်းမှန်ပေါ်ပဲ ပြန်လည် တက်လှမ်းနိုင်ဖို့ လိုအပ်နေတာပါ၊ ကျွန်တော်တို့ အသင်းက နိုင်ပွဲတွေ ရယူဖို့ လုံလောက်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ပြင်စရာရှိတာလေးတွေ ပြင်ပြီး အာရုံပြန်စိုက်ဖို့ပဲ လိုအပ်နေတာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ အသင်းထံ အဌားချထားတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ တန်ကြေး ပေါင် ၂၆ သန်းကို လုံးဝလျှော့ချပေးမှာ မဟုတ်ကြောင်း ဘာစီလိုနာကို အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။လာလီဂါ ကလပ်မှာ တစ်ရာသီ အငှားနဲ့ လာကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ အစောပိုင်း ကတည်းက ပေါင် ၂၆ သန်းနဲ့ နှစ်သင်းကြား သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ ရာသီမှာ အတော်လေး ခြေစွမ်းပြသနေသူ ဖြစ်ပြီး ၃၄ ပွဲ ကစား ၁၀ ဂိုးသွင်း၊ ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားပါတယ်။ ရက်ရှ်ဖို့ဒ်ကို လာလီဂါ ကလပ်က အပြီးသတ် ခေါ်ယူလိုနေပေမယ့် ကစားသမားရဲ့ တပတ် လုပ်ခ ပေါင် ၃၁၅၀၀၀ ဆိုတဲ့ ပမာဏကြောင့် ပြောင်းရွှေ့ကြေးကို လျှော့ချလိုနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်