နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာ အတွက် ဈေးနှုန်းသက်သာတဲ့ ပစ်မှတ် ဖြစ်လာတဲ့ အိုမာ မာမွတ်ရှ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်း အနေနဲ့ လာမယ့် နွေရာသီမှာ ငွေကြေး အမြောက်အမြား အကုန်အကျမခံဘဲ နေရာစုံ ကစားနိုင်ပြီး ဂိုးသွင်း သေချာတဲ့ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒီအချိန်မှာ သူတို့ရဲ့ အဓိက ပစ်မှတ် မန်ချက်စတာစီးတီးရဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ်မှူး အိုမာ မာမွတ်ရှ် ဖြစ်လာခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ 

ဒီတော့ ဘာစီလိုနာ အနေနဲ့ မန်စီးတီး တိုက်စစ်မှူးကို သတင်းတွေ ထွက်နေသလို အမှန်တကယ် ခေါ်ယူဖို့ ကြိုးပမ်းလာမလား။ ဒါမှမဟုတ် သူတို့ရဲ့ ယခင် ပစ်မှတ်တွေကိုပဲ ဆက်လက် ကြိုးပမ်းသွားမလား ဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။

 

၁။ မာမွတ်ရှ်ရဲ့ မန်စီးတီးမှာ ရုန်းကန်နေရမှု 

မာမွတ်ရှ်ဟာ လက်ရှိ မန်ချက်စတာစီးတီး အသင်းမှာ သူ့ရဲ့ ဒုတိယမြောက် ရာသီကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရပါတယ်။ အာလင်း ဟာလန်းရဲ့ အရံကစားသမား အဖြစ်သာ ရှိနေသလို တခြား နေရာတွေ မှာလည်း ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာပါ။ အဓိက ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဒူးဒဏ်ရာ ရရှိခဲ့ခြင်းနဲ့ အာဖရိကဖလား သွားရောက် ကစားခဲ့ရခြင်း တို့ကြောင့် ပွဲကစားခွင့် နည်းပါးခဲ့တာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်အပိုင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း မာမွတ်ရှ်က ဒီရာသီ ပြိုင်ပွဲစုံ အရပ်ရပ်မှာ (၁၀) ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး ပရီးမီးယားလိဂ်မှာ (၁) ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။

 

၂။ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှု

သူဟာ အသင်းရဲ့ ကစားကွက်နဲ့ လိုက်လျောညီထွေမှု ရှိပြီး ပုံမှန် နံပါတ် ၉ တိုက်စစ်မှူးတွေထက် ပိုမိုဖျတ်လတ်တဲ့ အတွက် လာလီဂါ ကလပ် တာဝန်ရှိသူတွေ သဘောကျနေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။
အဲလ်ဗာရက်ဇ်ထက် မာမွတ်ရှ်ကို ပိုမို ခေါ်ယူလိုလာတဲ့ ဘာစီလိုနာ

စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရ လာလီဂါ ထိပ်သီး တို့ဟာ မာမွတ်ရှ် ဖရန့်ဖတ်မှာ ခြေစွမ်းပြနေကတည်းက စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ရောဘတ် လီဝမ်ဒေါစကီးသာ အသင်း ကနေ ထွက်ခွာခဲ့မယ် ဆိုရင် မာမွတ်ရှ်နဲ့ အစားထိုးဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီအချိန်က မန်စီးတီးဟာ လက်ဦးမှု ရယူပြီး ခေါ်ယူသွားခဲ့တာပါ။ လက်ရှိမှာ လီဝမ်ဒေါစကီးရဲ့ အနာဂတ်က ပိုပြီး မရေမရာ ဖြစ်လာတာကြောင့် ဘာစီလိုနာက အသက် (၂၇) နှစ် အရွယ် မာမွတ်ရှ်ကို ပြန်လည် စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ သူဟာ အသင်းရဲ့ ကစားကွက်နဲ့ လိုက်လျောညီထွေမှု ရှိပြီး ပုံမှန် နံပါတ် ၉ တိုက်စစ်မှူးတွေထက် ပိုမိုဖျတ်လတ်တဲ့ အတွက် လာလီဂါ ကလပ် တာဝန်ရှိသူတွေ သဘောကျနေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။

 

၃။ ငွေကြေးဆိုင်ရာ အခက်အခဲနဲ့ အလားအလာ 

ဘာစီလိုနာဟာ မန်ချက်စတာစီးတီး ကနေ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ လမ်းစဉ်အတိုင်း မာမွတ်ရှ်ကို ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ ခန့်မှန်း ပြောင်းရွှေ့ကြေး အရ ဆိုရင် ဘာစီလိုနာရဲ့ နံပါတ် (၁) ပစ်မှတ် အဲလ်ဗာရက်ဇ်က ယူရို သန်း ၁၅၀ တန်ကြေး ရှိနေတာကြောင့် သူတို့ အတွက် လက်လှမ်းမှီဖို့ ခက်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အိုမာ မာမွတ်ရှ် ကတော့ ယူရို ၇၅ သန်းခန့် ဒါမှမဟုတ် အဲဒီထက်လည်း နည်းနိုင်ပါတယ်။ ဒါ့အပြင် အရေးကြီးဆုံးက ကစားသမားရဲ့ ဆန္ဒ ဖြစ်ပြီး ကံယာကံရှင် ကိုယ်တိုင်က အသင်းပြောင်းလိုနေတာကြောင့် ဘာစီလိုနာတို့ အဆင်သင့် ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

အနှစ်ချုပ်အားဖြင့် ဆိုရရင်တော့ ဘာစီလိုနာဟာ ငွေကြေး သုံးစွဲနိုင်မှုမှာ အကန့်အသတ် ရှိနေတာကြောင့် ယူရို သန်း ၁၅၀ ပေးရမယ့် အဲလ်ဗာရက်ဇ်ထက် စာရင် ဈေးနှုန်း ထက်ဝက်လောက်ပဲ ပေးရမယ့် မာမွတ်ရှ်ကို ပိုမို အာရုံစိုက်လာတာ ဖြစ်ပါတယ်။ အကယ်၍ မာမွတ်ရှ်သာ ပွဲထွက်ခွင့်ရဖို့ အတွက် မန်စီးတီး ကနေ ထွက်ခွာခွင့်တောင်းခဲ့မယ် ဆိုရင် ဘာစီလိုနာက သူ့ကို အရ ခေါ်ယူသွားဖို့ ရှိနေကြောင်း ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်