ဇန်နဝါရီ ၁၉ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
ဘေယန်မြူးနစ်က မိုက်ကယ် အိုလီဆေး ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ထပ် ကြယ်ပွင့် တစ်ပွင့် အဖြစ် သတ်မှတ်ခံထားရပါတယ်။ လာလီဂါ ထိပ်သီး တို့ဟာ လစ်ဗာပူးလ်နဲ့ ကြာမြင့်စွာ ချိတ်ဆက်နေတဲ့ ကစားသမား တစ်ဦး အတွက် ယူရို သန်း ၁၈၀ (ပေါင် ၁၅၆.၁ သန်း) နဲ့ ကမ်းလှမ်းဖို့ အလေးအနက်ထား စဉ်းစားနေကြပါတယ်။
ဒရို ဖာနန်ဒက်ဇ် ကတော့ မကြာမီ နူးကမ့်ပ် ကနေ ထွက်ခွာနိုင်ခြေ ရှိတဲ့ ဘာစီလိုနာရဲ့ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်နေပါတယ်။ လူငယ် ဗဟိုနောက်ခံလူ အန်ဒရေ ကွီကာ ကလည်း ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒရို ဖာနန်ဒက်ဇဖ် ကိုတော့ မီလန် မြို့ခံ ပြိုင်ဘက် နှစ်သင်းစလုံးက အသက် ၁၈ နှစ် အရွယ် ကစားသမား အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
၂၀၂၆ ခုနှစ် အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ပထမဦးဆုံး ခေါ်ယူမှု ကတော့ ကိုမို ကွင်းလယ် ဖန်တီးရှင် နီကို ပက်ဇ် ဖြစ်ကြောင်း ကလပ် ဒါရိုက်တာတွေက အတည်ပြုခဲ့ပါတယ်။ နီကို ပက်ဇ် ကိုတော့ ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ပြန်လည် ခေါ်ယူခွင့် ရှိထားခဲ့တာလည်း ဖြစ်ပါတယ်။
ယာဂန် ကလော့ပ် အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ဖြစ်ခဲ့ရင်တော့ နယူးကာဆယ် တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမာဒါကို အရင်ဆုံး ခေါ်ယူဖို့ ရှိနေကြောင်း သိရပါတယ်။
ဘာစီလိုနာ လူငယ်ကစားသမား မာမာဒူ အမ်ဘက်ကီ ကတော့ မေဂျာလိဂ်ကို ပြောင်းရွှေ့မယ်လို့ မျှော်လင့်ရပြီး ရီးရဲလ်ဆော့လိတ်ခ်စီးတီး ကလည်း ပစ်မှတ်ထား စောင့်ကြည့်နေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဖရန်ကို မာစတန်တူအိုနိုကို ရေးဗားပလိတ် ကနေ ခေါ်ယူ အပြီး ၆ လ အကြာမှာပဲ လမ်းခွဲဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ အာဂျင်တီးနား ကစားသမားရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရို သန်း ၆၀ သန်း (ပေါင် ၅၂ သန်း) တန်ကြေး ရှိနေပြီး ပရီးမီးယားလိဂ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ပစ်မှတ် တစ်ခု ဖြစ်လာနိုင်ပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန် ကွင်းလယ် ကစားသမားဟောင်း ဒယ်လီ အယ်လီ ကတော့ လာလီဂါ ကလပ် ၄ သင်းရဲ့ ရေဒါထဲမှ ပါဝင်နေကြောင်း သိရပါတယ်။
ချဲလ်ဆီးဟာ ရန်းစ် နောက်ခံလူ ဂျရယ်မီ ဂျက်ကတ်ကို ခေါ်ယူဖို့ အခြေအနေကောင်းနေပေမယ့် ရန်းစ် ဘက်က ပေါင် သန်း ၅၀ အထိ အဆမတန် ဈေးတိုးမြှင့် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိနေသေးတဲ့ ဂျက်ကတ်ကို ခေါ်ယူဖို့ ချဲလ်ဆီး တို့က လာမယ့် နွေရာသီ အထိ မစောင့်ဆိုင်းလိုနေတာကြောင့် အခု ဆောင်းရာသီ မှာတင်ပဲ အပြီးသတ် ခေါ်ယူလိုနေကြကြောင်း သိရပါတယ်။ ဒီကစားသမားကို လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ ဘေယန်တို့ ကလည်း ခေါ်ယူဖို့ ကြိုးစားလာခဲ့တာကြောင့် ချဲလ်ဆီးတို့ ဈေးပိုသုံးရဖို့ ရှိနေပါတယ်။
ဒိုကုကို ကလပ် စံချိန်တင် ပမာဏ ပေါင် ၅၅ သန်းနဲ့ မန်စီးတီးထံ ရောင်းချခဲ့ဖူးတဲ့ ရန်းစ်က အခုတစ်ခေါက် မှာလည်း အဆိုပါ ပမာဏနီးပါးလောက် အထိ ရရှိလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ တစ်ဖက်မှာ ချဲလ်ဆီး တာဝန်ရှိသူတွေ ကတော့ အဆိုပါ ပမာဏလောက်အထိ အသုံးပြုလိုခြင်း မရှိ ဖြစ်နေကြပါတယ်။
ဂယ်ရီ နဗီးလ် ကတော့ မန်ချက်စတာဒါဘီ ပွဲစဉ် အပြီးမှာ ဘရိုင်ယန် အမ်ဘူမိုနဲ့ ဘရူနို ဖာနန်ဒက်စ် တို့ကို အလွန် ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတွေလို့ ချီးကျူးခဲ့ပါတယ်။ အဲဒီပွဲမှာ အမ်ဘူမိုနဲ့ ဖာနန်ဒက်စ်တို့ ၂ ယောက် ပေါင်းစပ်ပြီး အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပြီး Sky Sports အတွက် ဘောလုံး ဝေဖန်သုံးသပ်သူ အဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီ နဗီးလ်က ပွဲချိန်အတွင်း ယူနိုက်တက် ပရိသတ်တွေကို စိတ်မလှုပ်ရှားဖို့ သတိပေးခဲ့ပေမယ့်လည်း သရဲနီ ကြယ်ပွင့် ၂ ဦးရဲ့ စွမ်းဆောင်ရည် ကိုတော့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


