အက်တလက်တီကိုမက်ဒရစ် ကတော့ လာလီဂါ ချန်ပီယံ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရပြီ ဖြစ်ကြောင်း ဂိုးသမား ယန် အိုဘလက်ခ်က ဝန်ခံ ပြောဆိုလိုက်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ရေယို ဗယ်လီကာနိုကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီ လာလီဂါဖလားကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးကို ‘အလဟဿ ဖြုန်းတီးပစ်လိုက်ပြီ’ လို့ ဂိုးသမား ယန် အိုဘလက်ခ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က အဲဒီ လာလီဂါ ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်ဟာ ပထမပိုင်းပြီးခါနီး မှာတင် ဖရန် ပီရက်ဇ်နဲ့ အော်စကာ ဗယ်လင်တိုင်း တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်း ၇၆ မိနစ် မှာတော့ နိုဘယ်လ် မန်ဒီက ရေယို ဗလက်ကာနို အတွက် အနိုင်သေချာစေမယ့် ဂိုးကို ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။
ဒီရှုံးနိမ့်မှုကြောင့် Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အက်တလက်တီကိုမက်ဒရစ် အနေနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် လာလီဂါ ချန်ပီယံ ဖြစ်နိုင်ခြေဟာ ၀ ရာခိုင်နှုန်း (လုံးဝ မရှိ) လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ သူတို့ဟာ ဇယားထိပ်က ရီးရဲလ်မက်ဒရစ်နဲ့ ၁၅ မှတ် အထိ ကွာဟသွားပြီ ဖြစ်ပြီး ဘာစီလိုနာ ကသာ ဂီရိုနာကို အနိုင်ရခဲ့ရင် ရမှတ် ကွာဟချက် ပိုများသွားနိုင်ပါတယ်။
အက်တလက်တီကိုမက်ဒရစ်ဟာ လာလီဂါ ပွဲစဉ် ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတာ ဖြစ်ပြီး ပွဲအပြီးမှာ အိုဘလက်ခ်က အခုလိုပဲ ပြောပါတယ်။ “ကျွန်တော်တို့ လိဂ်ချန်ပီယံဆုကို လွှတ်ချလိုက်ပြီလို့ ထင်ပါတယ်။ ဒီလိုပွဲမျိုးတွေမှာ ကျွန်တော်တို့ မရှုံးသင့်သလို ဒီလိုမျိုးလည်း မကစားသင့်ပါဘူး။ ဒီပုံစံ အတိုင်း ဆိုရင်တော့ ယှဉ်ပြိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူးလို့ ခံစားရတယ်၊ ဒီနေ့ ပွဲကတော့ ရှုံးကို ရှုံးသင့်တာပါ။” လို့ အိုဘလက်ခ်က ဆိုပါတယ်။
ထူးခြားတာက အက်တလက်တီကိုမက်ဒရစ်ဟာ လွန်ခဲ့တဲ့ ၃ ရက်ကတင် ကိုပါဒယ်ရေး ပွဲစဉ်မှာ ဘာစီလိုနာကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရေယိုနဲ့ ပွဲရဲ့ ပထမပိုင်းမှာတင် ပြိုင်ဘက်ရဲ့ ဂိုးပေါက် တည့်မှု ၇ ကြိမ် အထိ ခွင့်ပြုခဲ့ရပြီး ဒါဟာ ၂၀၁၁ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်း ဖြစ်ခဲ့ပါတယ်။

“ဘာကြောင့် အခုလို ခြေစွမ်း ကွာခြားသွားတာလဲ” ဆိုပြီး မေးမြန်းရာ မှာတော့ အိုဘလက်ခ်က “ရှင်းပြစရာ အကြောင်းပြချက် မရှိပါဘူး။ ကျွန်တော်တို့ သိတာ တစ်ခု ကတော့ ကိုယ်နှစ်သက်တဲ့ ပွဲတွေ ကိုပဲ ရွေးကစားလို့ မရဘူး ဆိုတာပါပဲ။ စိတ်ဓာတ်ပိုင်းအရ ကျွန်တော်တို့ ပွဲဆက်တိုက် နိုင်အောင် မလုပ်နိုင်တာဟာ တကယ်ကို ဆိုးရွားပါတယ်။ အသင်း တစ်သင်း အနေနဲ့ ရုန်းကန်ပြရမှာ ဖြစ်ပေမယ့် ဒီနေ့ မှာတော့ ကျွန်တော်တို့ အဲ့ဒါကို မလုပ်နိုင်ခဲ့ဘူး။” လို့ ဆိုပါတယ်။
နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ အိုဘလက်ခ်ရဲ့ ပြောကြားချက်ကို သဘောမတူပါဘူး။ “အိုဘလက်ခ် ပြောတာကို ကျွန်တော် သဘောမတူဘူး။ အသင်းက ပွဲတွေကို ရွေးကစားနေတာ မဟုတ်ပါဘူး။ ဒီနေ့မှာ ကစားတာ ညံ့သွားတာပဲ ရှိတာပါ။” လို့ တုံ့ပြန်ခဲ့ပါတယ်။
အက်တလက်တီကိုမက်ဒရစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကလပ်ဘရုဂေးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် ရှိနေတာကြောင့် အသင်းမှာ ရှိတဲ့ ကစားသမား ၂၃ ယောက်လုံး အသင့် ဖြစ်နေစေဖို့နဲ့ အားလုံးရဲ့ အခန်းကဏ္ဍက အရေးကြီးကြောင်း ဆီမြွန်နီက သတိပေးခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် လာလီဂါမှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်နဲ့ စပိန် ပြည်တွင်း ဖလား ပြိုင်ပွဲတွေ မှာတော့ ချန်ပီယံ မျှော်လင့်ချက် ရှိနေဆဲပါ။ ဒါကြောင့် အက်တလက်တီကိုမက်ဒရစ် ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာ ရလဒ် ဖြစ်နေပေမယ့် ဆီမြွန်နီ အနေနဲ့ အသင်းကို ပြန်လည် အလျင်အမြန် ပြန်လည် တည့်မတ်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


