ဇန်နဝါရီ ၁၄ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်း အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀၀ (ပေါင် ၁၇၃.၅ သန်း) တောင်းဆိုသွားဖို့ ရှိနေကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ အာလင်း ဟာလန်းကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ တောင်ပံ ကစားသမား ဖရန်ကို မက်စတန်တူအိုနို ကို အပြောင်းအရွှေ့ စာရင်းမှာ ထည့်သွင်းထားပါတယ်။ ယူရို သန်း ၃၀ ဝန်းကျင်နဲ့သာ ခေါ်ယူနိုင်မယ့် အာဂျင်တီးနားသား ကိုတော့ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်နဲ့ နာပိုလီ တို့က စိတ်ဝင်စားနေကြပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ မန်နေဂျာသစ် ဖြစ်လာနိုင်ခြေ ရှိနေတဲ့ ယာဂန် ကလော့ပ် ကတော့ ညာတောင်ပံကစားသမားသစ် တစ်ဦး အတွက် ရန်ပုံငွေ ငွေရှာဖို့ မက်စတန်တူအိုနိုကို ရောင်းချဖို့ လိုလားနေကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ ဒေါ့မန်ရဲ့ ကာရင်မ် အဒီယီမီကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ဆန့်ကျင်ဘက် သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘာစီလိုနာ ကတော့ မန်နေဂျာ ဟန်ဆီ ဖလစ်ခ်နဲ့ အားကစား ဒါရိုက်တာ ဒေကို တို့ရဲ့ ထောက်ခံ အားပေးမှု အပြည့် ရရှိထားတဲ့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ငယ်ရွယ်တဲ့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုက်လံ ရှာဖွေနေပါတယ်။ ဒါကြောင့် လေဗာကူဆင်ရဲ့ အသက် ၁၉ နှစ် အရွယ် တိုက်စစ်မှူး ခရစ်ရှန် ကိုဖိန်းကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
အမည်မဖော်လိုတဲ့ လီဂူးဝမ်း ကလပ် တစ်သင်းဟာ အသက် ၁၈ နှစ် အရွယ် ဘာစီလိုနာ ဗဟိုနောက်ခံလူ အန်ဒရီယာ့စ် ကူအန်ကာ အတွက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ စီးရီးအေ ကလပ် နှစ်သင်း ဖြစ်တဲ့ အေစီမီလန်နဲ့ ကိုမို တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး ကတော့ ခရစ္စတယ်ပဲလေ့စ် အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို အခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း မှာပဲ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် အင်္ဂလန် နောက်ခံလူရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၂၀ ရှိမယ်လို့ သိရပါတယ်။ ပဲလေ့စ်က ဂူဟီကို ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာ ဖြစ်တာကြောင့် လက်ရှိ ဈေးကွက်ထဲမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
မန်စီးတီး ကတော့ အခုလ အတွင်း အသင်း နောက်ခံလူတွေ ဖြစ်တဲ့ ရူဘင် ဒီးရာ့စ်နဲ့ ဂဗာဒီယိုလ် တို့ကို ဒဏ်ရာ အသီးသီးနဲ့ လက်လွှတ်ထားခဲ့ရခဲ့လို့ ဂူဟီကို ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် ဆွေးနွေးမှုတွေ အပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မူအားဖြင့် သဘောတူညီမှု ရခဲ့ပြီး ဂူဟီဟာ မန်စီးတီးနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဂူဟီကို ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားခဲ့ကြပြီး ပြီးခဲ့တဲ့နှစ် နွေရာသီ ကလည်း လစ်ဗာပူးလ်ထံ ရောက်ရှိဖို့ တော်တော်လေး နီးစပ်ခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


