အခုတစ်ခါမှာတော့ လာလီဂါရဲ့ နောက်ဆုံးရ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အကယ်၍ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ဒီနွေရာသီမှာ ဗင်နီးစီးယပ်စ် ဂျူနီယာကို ရောင်းချခဲ့မယ် ဆိုရင် အသစ် ရောက်ရှိလာမယ့် နည်းပြ ဟိုဆေး မော်ရင်ညိုက သူ့နေရာမှာ အစားထိုးဖို့ အတွက် အာဘီ လိုက်ပ်ဇစ် အသင်းရဲ့ ကစားသမား ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ တွန်းအားပေး တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဒီယိုမန်ဒီ ကိုတော့ လာလီဂါ ကလပ် အပါအဝင် ဥရောပထိပ်တန်း ကလပ်များစွာက ကြိုးပမ်းဖို့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကင်းထောက်တွေဟာ ဂျာမနီမှာ အလုပ်ရှုပ်နေကြပါတယ်။ “ လော့စ် ဘလန်ကို့စ်” တို့ဟာ ဝုဖ်ဘတ် အသင်း တန်းဆင်းသွားရတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အဲဒီ အသင်းရဲ့ ဗဟိုနောက်ခံလူ ကွန်စတန်တီနို့စ် ကူလီယာရာကစ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းဖော် ဟူလီယန် အဲလ်ဗာရက်ဇ် အနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လာဖို့ အတွက် လီယွန်နယ် မက်ဆီက ကူညီ စည်းရုံးပေးနိုင်လိမ့်မယ်လို့ ဘာစီလိုနာ ဘက်က မျှော်လင့်နေပါတယ်။
အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ဟာ မန်စီးတီး နောက်ခံလူ ရူဘင် ဒီးရာ့စ်နဲ့ ပီအက်စ်ဂျီ ကွင်းလယ်လူ ယာအို နီးဗက်စ်တို့ နှစ်ယောက်စလုံးကို လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဆီ ကမ်းလှမ်းထားပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း သူတို့ နှစ်ယောက်စလုံးကို စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီ အနေနဲ့ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီကို ခေါ်ယူချင်နေတဲ့ အတွက် နီးဗက်စ်ရဲ့ အပြောင်းအရွှေ့ သဘောတူညီချက်ဟာ ပိုမိုလွယ်ကူသွားနိုင်ပါတယ်။

လာမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အမီ အာဆင်နယ် အသင်း တိုက်စစ် ကစားသမား နိုနီ မာဒူအေခေ ပြန်လည် ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ မာဒူအေခေဟာ ကနဦး သတင်းတွေအရ ချန်ပီယံလိဂ် ဖိုင်နယ်ကို လွဲချော်နိုင်ခြေ ရှိခဲ့ပေမယ့် လက်ရှိ အချိန် မှာတော့ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။ ပဲလေ့စ်နဲ့ ရာသီပိတ်ပွဲမှာ မာဒူအေခေ တစ်ယောက် အသင်း အတွက် ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး မှာတော့ ဒဏ်ရာကြောင့် လူစားလဲခံလိုက်ရတာ ဖြစ်ပြီး အသင်း အောင်ပွဲခံရာ မှာတော့ အတူ ပါဝင်ခဲ့ပါတယ်။ မာဒူအေခေ ပြန်လည် ပါဝင်လာနိုင်မှာ ဖြစ်ပေမယ့် တင်ဘာနဲ့ ဘန်ဝှိုက်တို့ ကတော့ လာမယ့် ဖိုင်နယ်ပွဲကို လွဲချော်ရဖို့ ရှိနေတာကြောင့် အာဆင်နယ်ရဲ့ ညာနောက်ခံ အစွန်ဘက်ခြမ်းက အတော်လေးကို အင်အားနည်းနေဦးမှာ ဖြစ်ပါတယ်။
လက်စတာစီးတီး အသင်း ဂိုးသမားဟောင်း ကတ်စ်ပါ ရှမိုက်ကယ် တစ်ယောက် ကစားသမား ဘဝ ကနေ အနားယူသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ကစားသမားဘဝ နှစ်ပေါင်း ၂၀ အတွင်း ပရီးမီးယားလိဂ် ဖလား ရယူပေးနိုင်ခဲ့တဲ့ အဆိုပါ လက်စတာ ဂိုးသမားဟောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀၂၄ ကတည်းက ဆဲလ်တစ်မှာ ကစားနေတာ ဖြစ်ပြီး ပုခုံးဒဏ်ရာကြောင့် အခုလို အနားယူလိုက်ရတာ ဖြစ်ပါတယ်။ ရှမိုက်ကယ်ဟာ တစ်နှစ် ဝန်းကျင်လောက် အနားယူနေခဲ့ရတာ ဖြစ်ပြီး ဒိန်းမတ် အသင်း အတွက် ကစားပေးရင်း အဆိုပါ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ အတ္တလန္တာ ကြယ်ပွင့် ကွင်းလယ်လူ အီဒါဆင်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရသွားပြီလို့ နာမည်ကျော် အားကစား ဂျာနယ်လစ် ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် ကွင်းလယ်လူ အီဒါဆင်ဟာ အတ္တလန္တာမှာ ခြေစွမ်းပြ ကစားနေပြီး ယူနိုက်တက်ဟာ အီဒါဆင်ကို ခေါ်ယူဖို့ ကာလရှည် ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


