နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်ဗာရက်ဇ်ရဲ့ စိတ်ထဲမှာ ဘာတွေရှိနေလဲ ဆိုတာ မသိနိုင်ကြောင်း ဖွင့်ဟလာတဲ့ ဆီမြွန်နီ | လာလီဂါ

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာဂျင်တီးနား တိုက်စစ် ကြယ်ပွင့် ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာနိုင်ခြေ များနေကြောင်း သတင်းတွေ ထွက်ပေါ်နေသူပါ။ ဒါပေမယ့်လည်း နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ စိတ်ထဲမှာ ဘာတွေရှိနေလဲ ဆိုတာ သူမသိနိုင်ကြောင်းနဲ့ အက်တလက်တီကိုမက်ဒရစ်မှာ ဆက်ရှိနေမလား ဆိုတဲ့ အပေါ် တိတိကျကျ မပြောနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ်မှာ မန်ချက်စတာစီးတီး ကနေ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အဲလ်ဗာရက်ဇ်က ပရီးမီးယားလိဂ်ကို ပြန်သွားဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် တဖက်မှာတော့ သူ့ကို လာလီဂါ ကလပ် ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သူဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၁၁၃ ပွဲ ကစားပေးထားပြီး ၅၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ထားသူပါ။

ပြီးခဲ့တဲ့ ကြားရက် ကလပ်ဘရုဂေးနဲ့ ပွဲမှာ အဲလ်ဗာရက်ဇ် တယောက် ဂိုးသွင်းနိုင်ခဲ့ပြီး ဒါဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ချန်ပီယံလိဂ် ၁၈ ပွဲမှာ ၁၂ ဂိုးမြောက် ရရှိခဲ့တာပါ။ သူ့ရဲ့ ပျမ်းမျှ ဂိုးသွင်းနှုန်းက (၀.၆၇) ဟာ အသင်း သမိုင်းတလျှောက် ချန်ပီယံလိဂ်မှာ အကောင်းဆုံး မှတ်တမ်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဗာရက်ဇ်က ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေပေမယ့် လာလီဂါ မှာတော့ ရုန်းကန်နေရပါတယ်။ ရာသီအစ ၁၁ ပွဲမှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၁၃ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။

အဲလ်ဗာရက်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆီမြွန်နီက သတင်းထောက်တွေကို အခုလို ဖြေကြားခဲ့ပါတယ်။ “ကျွန်တော် သူ့ခေါင်းထဲမှာ (စိတ်ထဲမှာ) ဘာရှိလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲ မှာတော့ သူဟာ အရင်ကလို အဆင့်အတန်း တစ်ခုကို ပြန်ရောက်လာတာကို မြင်ရတယ်။ ကျွန်တော်တို့ သူ့ကို ဒီပုံစံအတိုင်း လိုအပ်ပါတယ်။” ဆက်လက်ပြီး ဆီမြွန်နီက “သူ့စိတ်ထဲက အရာကို ကျွန်တော် မသိနိုင်ပေမယ့် သူပြသနေတဲ့ ကြိုးစားအားထုတ်မှုတွေ အပေါ် မှာတော့ ကျွန်တော် အရမ်းကျေနပ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရာသီအစ ၁၁ ပွဲမှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၁၃ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။
အဲလ်ဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့ အကြောင်း မသိဘူး ဆိုတဲ့ အဲလ်ဗာရက်ဇ်

အက်တလက်တီကိုမက်ဒရစ်ဟာ ဖေဖော်ဝါရီလ ၂၁ ရက် အတွင်း မှာတင် ၅ ပွဲ အထိ ကစားရမယ့် ကြပ်တည်းတဲ့ ပွဲစဉ်ဇယားနဲ့ ရင်ဆိုင်နေရပါတယ်။ လာမယ့် မတ်လဆန်း မှာလည်း ဘာစီလိုနာနဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားရဖို့ ရှိနေပြီး ပထမအကျော့ မှာတော့ ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရထားပါတယ်။

ဒီအခြေအနေ အပေါ် ဆီမြွန်နီက “အခုခေတ်မှာ ကစားသမား ၁၀ ယောက်၊ ၁၂ ယောက်တည်းနဲ့ မလုံလောက်တော့ပါဘူး။ ပွဲစဉ်တွေ ပိုများလာသလို ချန်ပီယံလိဂ် မှာလည်း ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာလို့ လူအင်အား ပိုတောင့်တင်းဖို့ လိုအပ်ပါတယ်။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိမှာ အက်တလက်တီကိုမက်ဒရစ်ဟာ ဇယားထိပ်က ရီးရဲလ်မက်ဒရစ်နဲ့ ၁၅ မှတ် အထိ ကွာဟသွားပြီး အဆင့် ၄ နေရာမှာ ရောက်ရှိနေပါတယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ သူတို့ လာလီဂါ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး မရှိသလောက်ဖြစ်နေပြီး ဒုတိယ ရဖို့တောင် ၀.၂ ရာခိုင်နှုန်းသာ အခွင့်အရေး ရှိနေပါတယ်။

ဒီလို ရမှတ် ကွာဟချက် မြင့်မားနေတာနဲ့ ပတ်သက်ပြီး ဆီမြွန်နီက “ဒါဟာ ချဲ့ကား ပြောဆိုတာ မဟုတ်ပါဘူး (လက်တွေ့ပါပဲ)။ ကျွန်တော်တို့ တခြား ပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာ ထိပ်ဆုံးက အသင်းတွေလို တသမတ်တည်း မကစားနိုင်ခဲ့လို့ပါ” လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်