ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ဇာတ်လမ်း ကတော့ ကာလ အတန်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီးနောက် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘရာဇီးလ် စူပါစတားဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၁၈ လကြာ ဆွေးနွေးခဲ့ပြီး ၂၀၃၂ ခုနှစ် အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။
မက်ဒရစ် အသင်း အပေါ် သူ့ရဲ့ သစ္စာစောင့်သိမှုကို ဗင်နီးစီးယပ်စ် ဘက်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမယ့် သူ့ရဲ့ စာချုပ်သက်တမ်းဟာ နီးကပ်လာတာကြောင့် အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှူး အနေနဲ့ စပိန်မြို့တော် ကနေ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့တာပါ။
အထူးသဖြင့် ကမ္ဘာ့ဖလား အပြီး အားလပ်ရက်က ပြန်လာချိန် အသင်းနဲ့ ကစားသမားတို့ အကြား အရေးကြီး တွေ့ဆုံ ဆွေးနွေးမှု မလုပ်မီ မမျှော်လင့်ဘဲ အာဆင်နယ်က ဘရာဇီးလ်သားကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာကြောင့် အခြေအနေတွေက ပိုမို ရှုပ်ထွေးသွားခဲ့တာပါ။ ကြာသပတေးနေ့ မှာတော့ ရီးရဲလ်မက်ဒရစ်က စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း တရားဝင် ကြေညာခဲ့ပြီး ချန်ပီယံလိဂ် ၂ ကြိမ်ရ ကစားသမားကို “အသင်းရဲ့ အအောင်မြင်ဆုံး ကာလ တစ်ခုမှာ အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦး” အဖြစ် တင်စား ခေါ်ဝေါ်ခဲ့ပါတယ်။
ဗင်နီးစီးယပ်စ် ကလည်း လူမှုကွန်ရက်မှာ “ဘာနေဗျူးမှာ ဖြတ်သန်းခဲ့တဲ့ ၈ နှစ်တာ ကာလက တိုတောင်းလွန်းပါတယ်။ နောက်ထပ် ၆ နှစ်နဲ့ ထာဝရအတွက်ပါ” ဆိုပြီး ဝမ်းမြောက်စွာ ရေးသားခဲ့ပါတယ်။
စာချုပ်သစ် ချုပ်ဆိုဖို့ ဘာလို့ ဒီလောက် ကြာမြင့်ခဲ့တာလဲ
ဗင်နီးစီးယပ်စ်နဲ့ လာလီဂါ ထိပ်သီး အသင်းတို့ အကြား သဘောထားကွဲလွဲရခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ ငွေကြေး ကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ဆွေးနွေးမှုတွေ ရပ်တန့်နေခဲ့တာ ဖြစ်ပြီး အကြောင်းရင်းက ဘရာဇီးလ် တိုက်စစ်မှူး ဘက်က အသင်းရဲ့ လစာ အများဆုံးရ ကစားသမား ကီလီယန် အမ်ဘာပေးနဲ့ ရာထူးတူ လစာတူ ရရှိဖို့ အတွက် တစ်နှစ်ကို ယူရို သန်း ၃၀ နဲ့ စာချုပ်သစ် ချုပ်ဆိုကြေး တို့ကို တောင်းဆိုခဲ့တာကြောင့်ပါ။
၂၀၂၃ ခုနှစ်က ကြေညာခဲ့တဲ့ ဗင်နီးစီးယပ်စ်ရဲ့ ယခင် စာချုပ် မှာတော့ အခြေခံလစာ တစ်နှစ်ကို ယူရို ၁၇.၅ သန်း ဝန်းကျင်နဲ့ ထပ်ဆောင်း ဆုကြေးတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကတော့ အဓိက ဒေါက်တိုင် ကစားသမား ဖြစ်လင့်ကစား အဲဒီလို ပမာဏအထိ ပေးချေဖို့ ငြင်းဆန်ခဲ့ပြီး ယူရို သန်း ၂၀ ဝန်းကျင်သာ ကမ်းလှမ်းခဲ့တာကြောင့် ကစားသမား ဘက်က ငြင်းပယ်ခဲ့ပြီး နှစ်ဦး နှစ်ဖက် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

ဗင်နီးစီးယပ်စ်က ဘာနေဗျူးမှာပဲ ဆက်နေချင်ကြောင်း အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သလို၊ အမှန်တကယ်လည်း မက်ဒရစ်က လွဲရင် သူတောင်းဆိုတဲ့ လစာမျိုး ပေးနိုင်မယ့် အသင်း မရှိသလောက်ပါပဲ။ ရီးရဲလ်မက်ဒရစ် ဘက်က ကြည့်ရင်လည်း ဒီနွေရာသီမှာ ယန် ဒီယိုမန်ဒီကို ခေါ်ယူထားနိုင်ခဲ့ပေမယ့် သူ့ရဲ့ အကောင်းဆုံး ကစားသမားဘဝ ကာလကို ဖြတ်သန်းနေတဲ့ ဗင်နီးစီးယပ်စ်လို ကစားသမား တစ်ဦးကို လက်လွှတ်လိုက်ရရင် သိက္ခာကျစရာ ဖြစ်လာနိုင်ပါတယ်။
ဗင်နီးစီးယပ်စ်ရဲ့ လစာသစ်က ဘယ်လောက်ဖြစ်မလဲ
ESPN ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် မန်းနေးဂျင်း ဒါရိုက်တာ ဟို့ခ်ဆေ အန်ဟဲလ် ဆန်းချက်ဇ်၊ ကင်းထောက်ချုပ် ဂျူနီ ကာလာဖတ်၊ ဗင်နီးစီးယပ်စ်ရဲ့ Roc Nation အေးဂျင့်နဲ့ အကြံပေး တို့ဟာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ဘက်က တိုးမြှင့်လိုက်တဲ့ ကမ်းလှမ်းမှုမှာ ဗင်နီးစီးယပ်စ်ရဲ့ အခြေခံလစာနဲ့ ဆုကြေးတွေကို တိုးမြှင့်ပေးခဲ့ပြီး အနည်းဆုံး “ယူရို ၂၂ သန်းထက် မနည်း” ပေးချေသွားမှာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ လစာ ပမာဏကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်လေ့ မရှိတာကြောင့် အတိအကျ ပမာဏကို သိရှိဖို့တော့ ခက်ခဲပါတယ်။
AS သတင်းစာရဲ့ ဖော်ပြချက်မှာတော့ စာချုပ်သစ် တန်ဖိုးဟာ စုစုပေါင်း “ယူရို ၂၄ သန်း နီးပါး” ရှိမယ်လို့ ဖော်ပြထားပြီး၊ El Confidencial ကတော့ ဗင်နီးစီးယပ်စ်ရဲ့ လစာသစ်ဟာ ယူရို ၂၅ သန်း ဝန်းကျင် ဖြစ်ပြီး ပုံရိပ် မူပိုင်ခွင့် အကျိုးအမြတ်ပါ တိုးမြှင့်ရရှိမယ်လို့ ရေးသားထားပါတယ်။ ဘာပဲပြောပြော ဒီစာချုပ်သစ်ကြောင့် ဘရာဇီးလ် တောင်ပံ ကစားသမားဟာ အသင်းမှာ တစ်နှစ်ကို ယူရို ၃၁.၂၅ သန်း အထိ ရရှိနေတဲ့ အမ်ဘာပေးရဲ့ နောက်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယမြောက် လစာအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ နောက်မှာတော့ ဂျူ့ဒ် ဘယ်လင်ဟမ်က တစ်နှစ်လျှင် ယူရို သန်း ၂၀၊ အသင်းခေါင်းဆောင် ဖီဒီ ဗယ်လ်ဗာဒီက ယူရို ၁၆.၇ သန်း အသီးသီး ရရှိလျက် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


