နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာကို နောက်ထပ် ပွဲပေါင်း ၁၀၀ ဆက်လက် ကိုင်တွယ်လိုကြောင်း ဖွင့်ဟလာတဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

ဟန်ဆီ ဖလစ်ခ် ကတော့ ဒီကနေ့မှာ ဗီလာရီးရဲလ်နဲ့ ယှဉ်ပြိုင်ကစားမယ့် လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ နည်းပြ ဘဝ ပွဲပေါင်း ၁၀၀ ပြည့်မှာ ဖြစ်ပါတယ်။ ဒီမှတ်တိုင် အတွက် ၎င်းက ဂုဏ်ယူမိကြောင်းနဲ့ နောက်ထပ် ပွဲပေါင်း ၁၀၀ အထိ အသင်းကို ဆက်လက် ကိုင်တွယ်လိုကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ မေလမှာ ဇာဗီရဲ့ နေရာကို အစားဝင်လာခဲ့တဲ့ အသက် ၆၁ နှစ် အရွယ် ဖလစ်ခ်ဟာ ဘာစီလိုနာ သမိုင်းမှာ တတိယမြောက် ဂျာမနီ နိုင်ငံသား နည်းပြ ဖြစ်ပါတယ်။ သူဟာ ပထမဆုံးရာသီ (၂၀၂၄-၂၀၂၅) မှာတင် ဘာစီလိုနာကို လာလီဂါ၊ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေး ဆုဖလား ၃ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ သူက ဘာစီလိုနာကို ၉၉ ပွဲ ကိုင်တွယ်ထားရာမှာ ၇၄ ပွဲ နိုင်၊ ၉ ပွဲ သရေ၊ ၁၆ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

အကယ်၍ ဗီလာရီးရဲလ်ကို အနိုင်ရခဲ့မယ် ဆိုရင် ဖလစ်ခ်က ဘာစီလိုနာ နည်းပြ သမိုင်းမှာ ပထမဆုံး ပွဲ ၁၀၀ အတွင်း နိုင်ပွဲ အများဆုံးရသည့် ဒုတိယမြောက် နည်းပြ ဖြစ်လာမှာပါ။ (ပထမနေရာမှာ လူးဝစ္စ အန်နရီကေးက နိုင်ပွဲ ၈၀ နဲ့ ရပ်တည်နေပါတယ်)။

“ဒီလောက် ပွဲအရေအတွက် အထိ ကိုင်တွယ်ခွင့်ရတာ ဂုဏ်ယူစရာပါ။ ဒီမှာ နည်းပြ လုပ်ဖို့က ကျွန်တော့်ရဲ့ အိပ်မက် ဖြစ်ခဲ့ပြီး ကစားသမားတွေ၊ ပရိသတ်တွေနဲ့ အတူ နေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ ဘာလို့ နောက်ထပ် ပွဲ ၁၀၀ အထိ ဒီမှာ ဆက်မရှိနိုင်ရမှာလဲ” လို့ ဖလစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ ပွဲပေါင်း ၁၀၀ ပြည့်မြောက်မယ့် လာလီဂါပွဲမှာ အနိုင်ရလဒ်နဲ့ အောင်ပွဲခံနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ အတွက် အောင်မြင်မှုတွေ ဆက်လက် ရယူပေးချင်နေတဲ့ ဟန်ဆီ ဖလစ်ခ်

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အပတ်က လီဗန်တေးကို ၃-၀ နဲ့ အနိုင်ရပြီး ရီးရဲလ်မက်ဒရစ် ရှုံးနိမ့်ခဲ့မှုကြောင့် လာလီဂါ ဇယား ထိပ်ဆုံး နေရာကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖလစ်ခ်က ဗီလာရီးရဲလ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးပမ်းနေတဲ့ အသင်း ဖြစ်တာကြောင့် လျှော့တွက်လို့ မရကြောင်း သတိပေးထားပါတယ်။ ဗီလာရီးရဲလ် နည်းပြ မာဆယ်လီနို ကတော့ ဘာစီလိုနာနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ၄ ပွဲမှာ ၂ ပွဲ အထိ အနိုင်ရထားတာကြောင့် ဖလစ်ခ်က သူ့ရဲ့ အသင်းသားတွေကို အမှားအယွင်း မရှိ ကစားကြဖို့ တိုက်တွန်းထားပါတယ်။ 

သောကြာနေ့က ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မဲခွဲမှု အရ ဘာစီလိုနာက အင်္ဂလန် ကလပ် နယူးကာဆယ်နဲ့ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းက အခုရာသီ အုပ်စု အဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဘာစီလိုနာက ၂-၁ နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ပီအက်စ်ဂျီနဲ့ မတွေ့ရလို့ ဝမ်းသာနေသလား ဆိုတဲ့ မေးခွန်း ကိုတော့ ဖလစ်ခ်က “ဘယ်ပြိုင်ဘက်ကိုမဆို လေးစားမှု ရှိရပါမယ်။ ပီအက်စ်ဂျီနဲ့ မတွေ့လို့ ပျော်နေတာမျိုး မရှိပါဘူး။ နယူးကာဆယ် ကလည်း ခက်ခဲတဲ့ ပြိုင်ဘက်ပါပဲ။ အဆင့်မြင့်ဆုံး ပုံစံမျိုးနဲ့ ကစားနိုင်မှသာ အောင်မြင်မှာပါ။” လို့ ပြတ်ပြတ်သားသား ဖြေကြားခဲ့ပါတယ်။

အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ ဟန်ဆီ ဖလစ်ခ်ဟာ ဘာစီလိုနာကို ပုံစံကောင်း ပြန်ရအောင် လုပ်ဆောင်ပေးနိုင်ရုံ သာမက ဆုဖလားတွေပါ ရယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ပွဲပေါင်း ၁၀၀ ပြည့်မြောက်မယ့် လာလီဂါပွဲမှာ အနိုင်ရလဒ်နဲ့ အောင်ပွဲခံနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်