နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘာနေဗျူးမှာ မန်စီးတီးက ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်မယ်လို့ ယုံကြည်နေတဲ့ ဂွါဒီယိုလာ | ချန်ပီယံလိဂ်

မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ချန်ပီယံလိဂ်မှာ နောက်ထပ် တစ်ကြိမ် ထိပ်တိုက် တွေ့ဆုံနေကြပြန်ပြီး ဒါဟာ ၅ ရာသီ ဆက်တိုက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ နည်းပြ ပပ် ဂွါဒီယိုလာက သူ့အသင်းရဲ့ ကစားသမားတွေ အနေနဲ့ အကောင်းဆုံး ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်မှု အပြည့် ရှိနေပြီး “ လန်းဆန်းတဲ့ စိတ်ဓာတ်တွေ” နဲ့အတူ ဘာနေဗျူးကွင်းကို ရောက်ရှိလာတာ ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

မန်ချက်စတာစီးတီး အသင်းဟာ လွန်ခဲ့တဲ့ ၁၂ လကနဲ့ နှိုင်းယှဉ်ရင် လက်ရှိ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို ပိုမို ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတာ တွေ့ရပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ဇယား အဆင့် (၂) နေရာမှာ ရှိနေသလို၊ ခရာဘောင်ဖလား ဗိုလ်လုပွဲနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့် ကိုလည်း တက်လှမ်းထားနိုင်ပါတယ်။

ဒီတစ်ကြိမ်ဟာ မန်စီးတီး အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ၁၆ ကြိမ်မြောက် ရင်ဆိုင်ရခြင်း ဖြစ်ပြီး ဘေယန်မြူးနစ် (၈ ကြိမ်) ထက် နှစ်ဆ ပိုများနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာစီးတီးကို ချန်ပီယံလိဂ် ကနေ (၄) ကြိမ်တိုင်တိုင် ဖယ်ထုတ်နိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်နေပါတယ်။ (ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ကွာတားဖိုင်နယ်နဲ့ ၂၀၂၄-၂၅ ပလေးအော့ဖ် ပွဲစဉ်)။

ဒါပေမယ့် ပပ် ဂွါဒီယိုလာ ကတော့ ဒီတစ်ကြိမ်မှာ သူ့အသင်းက ပိုပြီး အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ လူစာရင်းပိုင်းမှာ အရင်ကထက် ပိုပြီးကောင်းမွန်တဲ့ အနေအထားနဲ့ ရောက်လာတာပါ။ ပြီးခဲ့တဲ့ ရာသီက ကစားသမားတွေ အရမ်း ပင်ပန်းနေပြီး ရွေးချယ်စရာ ကစားသမား အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ အခုတော့ အားလုံးက ကြံ့ခိုင်မှု ပြည့်ဝနေပြီး ပြိုင်ပွဲစုံ ကစားနေရတာကြောင့် ကစားသမားတွေကို အလှည့်ကျ အနားပေးလို့ ရပါတယ်။ ဒါက ခြေထောက်တွေရော စိတ်ဓာတ်တွေ ကိုပါ လန်းဆန်းနေစေပါတယ်။” လို့ ဂွာဒီယိုလာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီပွဲဟာ ဂွါဒီယိုလာ အတွက် ချန်ပီယံလိဂ်မှာ ပွဲပေါင်း (၁၉၀) ပြည့် ဖြစ်လာမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီတော့မှာ ဖြစ်ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ချန်ပီယံလိဂ် မှတ်တမ်းကို လိုက်မှီတော့မယ့် ဂွါဒီယိုလာ

ဒီပွဲဟာ ဂွါဒီယိုလာ အတွက် ချန်ပီယံလိဂ်မှာ ပွဲပေါင်း (၁၉၀) ပြည့် ဖြစ်လာမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီတော့မှာ ဖြစ်ပါတယ်။ သူ့အထက် မှာတော့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ကာလို အန်ဆယ်လော့တီ (၂၁၈ ပွဲ) တစ်ဦးတည်းသာ ရှိတော့တာပါ။

တခြားသော အချက်အလက်တွေအရ ဆိုရင်တော့ မန်စီးတီး အတွက် စပိန်မြေမှာ ပွဲက ကျိန်းသေပေါက် ခက်ခဲဖို့ ရှိနေပါတယ်။ ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ဂိုးမပေးရအောင် တားဆီးနိုင်ခဲ့တဲ့ နောက်ဆုံး အသင်းက ၂၀၁၁ ခုနှစ်က ဘာစီလိုနာ ဖြစ်ပါတယ်။ ထူးခြားတာက အဲ့ဒီအချိန်က ဘာစီလိုနာ နည်းပြ ကလည်း ပပ် ဂွါဒီယိုလာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် အိမ်ကွင်း ၃၉ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး ပျမ်းမျှ တစ်ပွဲကို ၂.၂ ဂိုး (စုစုပေါင်း ၈၆ ဂိုး) အထိ သွင်းယူထားနိုင်ပါတယ်။

Optaရဲ့ စူပါကွန်ပျူတာ တွက်ချက်မှု မှာတော့ မန်စီးတီးဟာ ကွာတားဖိုင်နယ် တက်ရောက်ဖို့ ၆၉ ရာခိုင်နှုန်း အခွင့်အရေး ရှိနေပါတယ်။ ဒါဟာ ဘေယန်မြူးနစ် (၈၀ ရာခိုင်နှုန်း) နဲ့ အာဆင်နယ် (၈၇ ရာခိုင်နှုန်း) ပြီးရင် တတိယ အများဆုံး ဖြစ်နေပါတယ်။ဂိုးသမား ဒွန်နားရမ်းမာ ကတော့ ချန်ပီယံလိဂ်မှာ အသေးစိတ် အချက်အလက်တွေက အရေးကြီးကြောင်း အခုလိုပဲ သတိစကာ ပြောကြားထားပါတယ်။ “ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတွေ အများကြီး ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆိုရင် ၁၆ သင်း အဆင့် မတိုင်ခင် အထိ ပီအက်စ်ဂျီကို ဘယ်သူမှ ဗိုလ်စွဲမယ်လို့ မထင်ထားခဲ့ကြဘူး။ ဒါပေမယ့် အရာအားလုံးက တစ်ညတာ အတွင်း ပြောင်းလဲသွားနိုင်ပါတယ်။ အခုက ရှုံးရင် ထွက်ရမယ့် အဆင့် ဖြစ်လို့ အသေးစိတ်က အစ အမှားခံလို့ မရပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်