နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ကြတဲ့ ဂရစ်ဇ်မန်းနဲ့ လီဝမ်ဒေါစကီး | လာလီဂါ

လာလီဂါရဲ့ စူပါစတား နှစ်ဦး ဖြစ်ကြတဲ့ အန်တွန် ဂရစ်ဇ်မန်းနဲ့ ရော်ဘတ် လီဝမ်ဒေါစကီး တို့ကတော့ သက်ဆိုင်ရာ ကလပ်တွေမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီးနောက် ဒီနွေရာသီမှာပဲ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မနေ့ညက ကစားခဲ့တဲ့ ရာသီပိတ် နောက်ဆုံး အိမ်ကွင်း ပွဲစဉ်တွေမှာ သူတို့ နှစ်ဦးစလုံးက ပရိသတ်တွေကို မျက်ရည်တွေနဲ့ စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စကား ဆိုသွားခဲ့ကြပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ မက်ထရိုပိုလီတာနိုကွင်းမှာ ဂီရိုနာကို ၁–၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဂရစ်ဇ်မန်းက မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်သားက အသင်းမှာ နှစ်ကြိမ်ခွဲပြီး စုစုပေါင်း ၁၀ ရာသီကြာ (၂၀၁၄–၂၀၁၉၊ ၂၀၂၁–၂၀၂၆) ဖြတ်သန်းခဲ့ပြီး အမေရိကန် မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ဘာစီလိုနာ ကလည်း နူးကမ့်ပ်မှာ ရီးရဲလ်ဘက်တစ်ကို ၃–၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ကလပ်မှာ ၄ ရာသီကြာ ဖြတ်သန်းခဲ့ပြီး အခု နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ဝါရင့် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခဲ့ကြပါတယ်။ ကစားသမား နှစ်ဦးစလုံးက သူတို့ရဲ့ ကစားသမားဘဝ ခြေလှမ်းသစ် အတွက် မပြင်ဆင်မီ ကလပ် အသင်း၊ အသင်းဖော်တွေနဲ့ အိမ်ကွင်း ပရိသတ်တွေကို အမှတ်တရ ဂါရဝပြုစကားများ အသီးသီး ပြောကြားခဲ့ပါတယ်။

 

အန်တွန် ဂရစ်ဇ်မန်းရဲ့ တောင်းပန်ခြင်းနဲ့ ကျေးဇူးတင်စကား

ပွဲအပြီးမှာ ဂရစ်ဇ်မန်းက လှိုဏ်ခေါင်းထဲကနေပြီး U2 အဖွဲ့ရဲ့ “With Or Without You” သီချင်းသံနဲ့ အတူ ကွင်းထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီး အသင်းဖော်တွေရဲ့ ဂုဏ်ပြုတန်းစီ လက်ခုပ်တီးမှုကို ခံယူခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ ဇနီး၊ သားသမီး ၄ ဦးတို့နဲ့ အတူ ကွင်းအတွင်းရှိ ပရိသတ်တွေ အားလုံး အာရုံစိုက် ကြည့်ရှုခဲ့ကြတဲ့ သူ့ရဲ့ မက်ဒရစ် ကစားသမား ဘဝ အမှတ်တရဗီဒီယို ဂုဏ်ပြုလွှာကို အတူတူ ကြည့်ရှုခဲ့ကြပါတယ်။

အသက် ၃၅ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးက ကလပ် အသင်းနဲ့ အသင်းဖော်တွေ၊ အထူးသဖြင့် ပရိသတ်တွေကို မိန့်ခွန်းပြောကြားရာမှာ ကျေးဇူးတင်စကား သာမက အရင်က အမှားလုပ်ခဲ့မိတဲ့ အတွက် တောင်းပန်စကား ကိုပါ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

“ပထမဦးဆုံး အနေနဲ့ ကျွန်တော့် အနားမှာ အမြဲရှိပေးခဲ့ကြလို့ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ဒါက တကယ့်ကို အံ့သြစရာကောင်းပါတယ်။ ဒုတိယအချက် အနေနဲ့ ဒါက သိပ်ကို အရေးကြီးပါတယ် – တချို့လည်း ကြားဖူးကြမှာ ဖြစ်သလို၊ တချို့လည်း မကြားရသေးခင် (အသင်း ကနေ ပြောင်းရွှေ့ခဲ့ဖူးတဲ့ အတွက် ကျွန်တော် ထပ်ပြီး တောင်းပန်ချင်ပါတယ်။ အဲဒီတုန်းက ကျွန်တော့် အပေါ်ထားတဲ့ ဒီက ပရိသတ်တွေရဲ့ အချစ်ကို ကျွန်တော် သေသေချာချာ မသိခဲ့ပါဘူး။ အဲဒီအချိန်က ကျွန်တော် အရမ်းငယ်သေးလို့ အမှားတစ်ခု လုပ်မိခဲ့တာပါ၊ အဲဒီနောက် ပြန်လည် သုံးသပ်ပြီး ဒီကို ပြန်လာနိုင်ဖို့နဲ့ ပျော်ရွှင်မှုတွေ ထပ်တူခံစားနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ။” လို့ ဂရစ်ဇ်မန်းက ဆိုပါတယ်။

ဂရစ်ဇ်မန်းက အက်တလက်တီကို အတွက် ပြိုင်ပွဲစုံ ၅၀၀ ပွဲမှာ ၂၁၂ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားသူ ဖြစ်ခဲ့ပါတယ်။ “၂၀၁၄ ခုနှစ် ကနေ ဒီနေ့အထိ အတူတူဖြတ်သန်းခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ နေ့ရက်တိုင်း၊ လေ့ကျင့်ရေးတိုင်း၊ တိုက်ပွဲတိုင်း၊ နိုင်ပွဲနဲ့ ရှုံးပွဲတိုင်းကို အတူတူ မျှဝေခွင့်ရခဲ့တာ အံ့သြစရာကောင်းပါတယ်။ ခင်ဗျားတို့နဲ့ အတူ တိုက်ပွဲဝင်ခွင့်ရခဲ့တာ ဂုဏ်ယူစရာပါပဲ။”

သူ့ရဲ့ ၄ နှစ်တာ ကာလ အတွင်း လာလီဂါ ဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ် နဲ့ စပိန်စူပါဖလား ၃ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၇ လုံးအထိ ရယူပေးနိုင်ခဲ့ပါတယ်။
အက်တလက်တီကို အတွက် ခြေစွမ်းပြခဲ့ပေမယ့် အဓိက ဆုဖလားတွေ ရယူနိုင်ခြင်း မရှိခဲ့တဲ့ ဂရစ်ဇ်မန်း

“ကျွန်တော့် အနေနဲ့ အသင်းအတွက် လာလီဂါ ဖလား ဒါမှမဟုတ် ချန်ပီယံလိဂ် ဖလား ယူဆောင်ပေးမထားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီညမှာ ပရိသတ်တွေ ပေးတဲ့ အချစ်တွေက ကျွန်တော့် အတွက်တော့ အဲဒီ ဆုဖလားတွေထက် အများကြီး ပိုအဓိပ္ပာယ်ရှိပါတယ်၊ ဒီအချစ်တွေကို ဘဝတစ်လျှောက်လုံး ရင်ထဲမှာ သိမ်းဆည်းသွားမှာပါ။” လို့ ဂရစ်ဇ်မန်းက နှုတ်ဆက်ခဲ့ပါတယ်။ ဂရစ်ဇ်မန်းက ဒီနွေရာသီ ကမ္ဘာ့ဖလား ပွဲစဉ်တွေ အပြီးမှာ အမေရိကန် မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးကို သွားရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

 

ရော်ဘတ် လီဝမ်ဒေါစကီးကို နူးကမ့်ကွင်းကြီးရဲ့ ဂုဏ်ပြု နှုတ်ဆက်မှု

ပွဲသိမ်းခရာမှုတ်ချိန်မှာ လီဝမ်ဒေါစကီးက မျက်ရည်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့ပြီး အသင်းဖော်တွေ အားလုံးက သူ့ကို ဝိုင်းဝန်းပွေ့ဖက်ကာ လေထဲကို မြှောက်ပြီး အောင်ပွဲခံ ဂုဏ်ပြုခဲ့ကြပါတယ်။ နူးကမ့်ပ်ကွင်း အတွင်းမှာ ရှိတဲ့ ပရိသတ်တွေ အားလုံး ကလည်း မတ်တတ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြသလို အသင်းဖော်တွေ ကလည်း ဂုဏ်ပြုတန်းစီပေးခဲ့ကြပါတယ်။

“ကျွန်တော့် အတွက်တော့ ဒီနေ့ဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းပြီး ခက်ခဲတဲ့ နေ့တစ်နေ့ပါ။ ဘာစီလိုနာကို စရောက်တုန်းက ဒီကလပ်က ကြီးကျယ်တယ် ဆိုတာ သိခဲ့ပေမယ့် ပရိသတ်တွေရဲ့ ပံ့ပိုးမှု ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ စတင် ရောက်ရှိချိန်ကတည်းက ကျွန်တော် ဒီမှာ အိမ်မှာ ရှိနေသလိုမျိုး ခံစားခဲ့ရပါတယ်” လို့ အသက် ၃၇ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးကြီးက ပြောကြားခဲ့ပါတယ်။

“ပရိသတ်တွေ ကျွန်တော့် နာမည်ကို အော်ဟစ် အားပေးခဲ့ကြတာကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ကလပ်မှာရှိတဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာဆာအ တွက် ကစားခွင့်ရခဲ့တာ ဂုဏ်ယူစရာပါ။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို အတူတူ ဖြတ်သန်းခဲ့ကြပြီး ရရှိခဲ့တဲ့ အောင်မြင်မှု အားလုံး အတွက် ဂုဏ်ယူမိပါတယ်။ ဒီနေ့မှာ ဒီကွင်းကြီးကို နှုတ်ဆက်ရပေမယ့် ဘာဆာ ကတော့ ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ Visca el Barça (ဘာဆာ အသင်း အဓွန့်ရှည်ပါစေ) နဲ့ Visca Catalunya (ကက်တလန်နီးယား အဓွန့်ရှည်ပါစေ)” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဝမ်ဒေါစကီးက ပွဲပြီးသွားပေမယ့်လည်း သန်းခေါင်ကျော်တဲ့ အထိ ကွင်းအတွင်း လမ်းလျှောက်ကာ ဒီအမှတ်တရ အခိုက်အတန့်ကို သိမ်းဆည်းဖို့ အတွက် ဓာတ်ပုံပေါင်း ရာနဲ့ ချီပြီး ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ သူဟာ ဘာစီလိုနာ အတွက် ၁၉၁ ပွဲမှာ ၁၁၉ ဂိုး သွင်းယူပေးခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ စာရင်းမှာ အဆင့် ၁၄ နေရာမှာ ရပ်တည်ကာ လမ်းခွဲခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ၄ နှစ်တာ ကာလ အတွင်း လာလီဂါ ဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ် နဲ့ စပိန်စူပါဖလား ၃ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၇ လုံးအထိ ရယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အလွတ် ကစားသမား ဖြစ်သွားတဲ့ လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေနဲ့ အမေရိကန် မေဂျာလိဂ် ကလပ် တချို့ ကလည်း စိတ်ဝင်စားနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်