နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကီနန် ယီလ်ဒစ်ဇ်ကို အနာဂတ် ဘောလုံးစီမံကိန်းနဲ့ စွဲဆောင်မယ့် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်နေတဲ့ ရူဘင် နီးဗက်စ် | လာလီဂါ

ဇန်နဝါရီ ၂၁ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဂျူဗင်တပ်စ် တောင်ပံကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူချင်နေပေမယ် ငွေကြေးအရ အခက်အခဲ ရှိနေပါတယ်။ ဒါကြောင့် တူရကီသားကို ဘာစီလိုနာက သူတို့ရဲ့ အနာဂတ် ဘောလုံး စီမံကိန်းနဲ့ စွဲဆောင်နိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

ယာဂန် ကလော့ပ် အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့မယ် ဆိုရင် ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်နဲ့ လမ်းခွဲဖို့ စဉ်းစားဖွယ် ရှိနေပါတယ်။ ဘယ်လင်ဟမ်နဲ့ လမ်းခွဲဖြစ်ခဲ့ရင်တော့ လော့စ်ဘလန်ကို တို့ဟာ ချဲလ်ဆီးက ကိုးလ် ပါးမားကို ဘာနေဗျူးဆီ အစားထိုး ခေါ်ယူသွားဖို့ ရှိနေကြောင်း သိရပါတယ်။

ချဲလ်ဆီးနဲ့ ရီးရဲလ် တို့ဟာ အန်ဇို ဖာနန်ဒက်ဇ် အတွက် အလဲအလှယ် တစ်ခု ကိုလည်း ဆွေးနွေးနေကြပြီး ချဲလ်ဆီးက အက်ဒူယာဒို ကာမာဗင်ဂါကို အလဲအလှယ်နဲ့ ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ အာဂျင်တီးနားသားကို လက်လွှတ်ခဲ့မယ် ဆိုရင် ကာမာဗင်ဂါ + ယူရို ၅၀ သန်း (ပေါင် ၄၃.၄ သန်း) ရရှိမယ်လို့ သိရပါတယ်။

ထရန့် အလက်ဇန္တား-အာနိုးလ် ကတော့ ရီးရဲလ်မက်ဒရစ်မှာ မပျော်မရွှင် ဖြစ်နေပြီး နောက်နွေရာသီမှာ ကလပ် ကနေ ထွက်ခွာဖို့ တောင်းဆိုထားပါတယ်။ ဘေယန်မြူးနစ် ကတော့ အာနိုးလ်ရဲ့ ဦးစားပေး နေရာ ဖြစ်လာလိမ့်မယ်လို့ Defensa Central က ဖော်ပြပါတယ်။

အဲလ်ဟီလယ် ကွင်းလယ်လူ ရူဘင် နီးဗက်စ် ကတော့ ဒီလထဲမှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဆီ ပျော်ရွှင်စွာ ပြောင်းရွှေ့လိုနေပါတယ်။
ဥရောပကို ပြန်လာချင်နေတဲ့ အဲလ်ဟီလာ ကွင်းလယ်လူ ရူဘင် နီးဗက်စ်

ပီအက်စ်ဂျီ ကတော့ ဘာစီလိုနာက ဒရို ဖာနန်ဒက်ဇ်ကို သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၆ သန်း ပေးချေကာ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားနဲ့ လာလီဂါ ကလပ် ဘက်ကတော့ အဲဒီထက် အနည်းငယ် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အလိုရှိနေကြောင်း သိရပါတယ်။

အဲလ်ဟီလယ် ကွင်းလယ်လူ ရူဘင် နီးဗက်စ် ကတော့ ဒီလထဲမှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဆီ ပျော်ရွှင်စွာ ပြောင်းရွှေ့လိုနေပါတယ်။ ဒါပေမယ့် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ ဒီအပြောင်းအရွှေ့ကို စိတ်မဝင်စားကြောင်း သိရပါတယ်။

ယခင် အာဆင်နယ် ကစားသမားဟောင်း လက်ရှိ ဂျီနိုအာ ညာနောက်ခံလူ ဘရွတ် နော်တန်-ကပ်ဖီကို အဲဗာတန်၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းယူနိုက်တက် တို့က ချဉ်းကပ်နေကြောင်း သိရပါတယ်။

အဲဗာတန်ဟာ နာပိုလီ တိုက်စစ်မှူး ရိုမီလူ လူကာကူကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လူကာကူကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ ယူရို ၁၅ သန်းကျော် (ပေါင် ၁၃ သန်း) တန် ကမ်းလှမ်းမှုက သဘောတူညီချက် တစ်ခု ပြီးမြောက်ဖို့ လုံလောက်ကြောင်း သိရပါတယ်။

ရိုးမား ကတော့ ဒီလထဲမှာ တော့တင်ဟမ်ဟော့စပါးက မက်သီ တဲလ်နဲ့ ရာဒူ ဒရာဂူဆင်တို့ နှစ်ဦးစလုံးကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း Gazzetta dello Sport ကို ဖော်ပြပါတယ်။

ဘာစီလိုနာရဲ့ ဂျာမနီ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန်ဟာ ဂျီရိုနာဆီ ရာသီကုန် အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက မိုချန်ဂလာဘတ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ တာစတီဂျန်ဟာ ဘာဆာ အတွက် ပြိုင်ပွဲစုံ ၄၂၃ ပွဲ ကစားပေးထားသူပါ။ အသက် ၃၃ နှစ် အရွယ် တာစတီဂျန်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အထိ ဘာစီလိုနာရဲ့ နံပါတ် ၁ ဂိုးသမား အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက စပြီး အရန်ခုံ ထိုင်ခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်