နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အိုဗီယေဒိုကို ဂိုးပြတ် အနိုင်ယူပြီး ဇယားထိပ်ကို ပြန်လည် တက်လှမ်းခဲ့တဲ့ ဘာစီလိုနာ | လာလီဂါ

ဘာစီလိုနာ ကတော့ အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၂၁ မှာ ရီးရဲလ်အိုဗီယေဒိုကို ၃-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ဇယားအောက်ဆုံးမှာ ကြမ်းတိုက်နေရတဲ့ အသင်းနဲ့ ကစားခဲ့ရပေမယ့် ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း မှာတော့ သူတို့ရဲ့ ပုံစံကောင်းကို ပြန်လည် ရှာတွေ့ခဲ့ခြင်းနဲ့ အတူ ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

နူးကမ့်ပ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ လာမင်း ယာမယ်ရဲ့ အံ့မခန်း နောက်ပြန် ကန်ချက်ဂိုး အပါအဝင် ဘာစီလိုနာက ၃-၀ ဂိုးနဲ့ ရီးရဲလ်အိုဗီယေဒိုကို သက်သောင့်သက်သာ အနိုင်ရခဲ့တာပါ။ နည်းပြ ဟန်စီ ဖလစ်ခ်ရဲ့ အသင်းက ပထမပိုင်းမှာ ဧည့်သည် အသင်းရဲ့ Low Block ပိတ်ဆို့ ကစားပုံကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ဒန်နီ အော်လမိုနဲ့ ရာဖင်ညာ တို့က အသင်း အတွက် ဂိုးလမ်းကြောင်း စတင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ပထမပိုင်း အချိန်ပို ရောက်မှသာ နှစ်ဖက် အသင်းရဲ့ ဂိုးဖန်တီးမှုတွေနဲ့ အပိုင်အခွင့်အရေးတွေကို စတင်မြင်တွေ့ခဲ့ရတာပါ။ အိုဗီယေဒို ကစားသမား ချိုင်ရာရဲ့ ကန်ချက်ကို ဘာဆာ ဂိုးသမား ယိုအန် ဂါစီယာ ကာကွယ်နိုင်ခဲ့သလို၊ တစ်ဖက်မှာလည်း ရာဖင်ညာရဲ့ ကန်ချက်ကို အိုဗီယေဒို ဂိုးသမား အက်စ်ကန်ဒဲလ်က ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း စပြီး ၆ မိနစ် အကြာမှာတင် ဘာဆာတို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ အိုဗီယေဒို နောက်ခံလူ ကာမို တစ်ယောက် ဘောလုံး ပေးပို့မှု အမှားလုပ်ခဲ့ရာ ကနေ အော်လမိုက အခွင့်ကောင်းယူပြီး ဂိုးထောင့်ထဲကို မြေစိုက်ဘော ကန်သွင်းယူခဲ့တာပါ။ အဲဒီနောက် ၅၇ မိနစ်မှာ အိုဗီယေဒို နောက်ခံလူ ဒေးဗစ် ကော်စတက်စ်ရဲ့ ဂိုးသမားဆီ ပြန်ပေးတဲ့ အားပျော့လွန်းတဲ့ ဘောလုံးကို ရာဖင်ညာက ကြားဖြတ် လုယူပြီး ဂိုးသမားကို ကျော်ကာ ချစ်ပ် (Chip) ကန်ချက်နဲ့ သွင်းကာ ဘာီလိုနာ အတွက် ဒုတိယဂိုး ရယူခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ ဒန်နီ အော်လမိုရဲ့ ဖြတ်တင်ဘောကို ယာမယ်က လေထဲမှာ ဘိုင်စကယ်ကစ် (Overhead kick) နဲ့ အလှပဆုံး ကန်သွင်းပြီး အနိုင်သေချာစေမယ့် တတိယဂိုးကို ရယူပေးခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်များ

ဘာစီလိုနာဟာ လာမယ့် တစ်ပတ် လာလီဂါမှာ အဲလ်ချီနဲ့ ကစားရဖို့ ရှိပြီး ရီးရဲလ်အိုဗီယေဒို ကတော့ ဂျီရိုနာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ရာသီကုန်မှာ တန်းဆင်းရဖွယ် ရှိနေတဲ့ ရီးရဲလ်အိုဗီယေဒို

ပြီးခဲ့တဲ့ အပတ်က ရီးရဲလ်ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ ဇယားထိပ်ကို တက်လှမ်းပြီး ဖိအားပေးခဲ့ပေမယ့် ဘာဆာ ကတော့ ဒီနိုင်ပွဲနဲ့ အတူ လာလီဂါ အဆင့် ၁ နေရာကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ဘာဆာဟာ အိမ်ကွင်းမှာ ၁၀ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပြီး ဒါဟာ ၂၀၁၉ ခုနှစ် နည်းပြ အာနက်စတို ဗယ်ဗာဒီ လက်ထက် နောက်ပိုင်း ပထမဆုံးအကြိမ် စံချိန်တင်နိုင်ခဲ့တာပါ။

ဘာစီလိုနာဟာ ဒီပွဲမှာ ဂိုးပေါက်ကန်ချက် ၁၅ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးရနိုင်ခြေ ၂.၄၁ အထိ ရှိခဲ့ပါတယ်။ အိုဗီယေဒို ကတော့ ဂိုးရနိုင်ခြေ ၀.၄၂ သာ ရှိခဲ့ပြီး ဘာဆာတို့ ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ အိုဗီယေဒို ကတော့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၁၄ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး စက်တင်ဘာလက ဗလင်စီယာကို နိုင်ခဲ့တဲ့ ပွဲက သူတို့ရဲ့ နောက်ဆုံး နိုင်ပွဲ ဖြစ်နေပါတယ်။ ဒါကြောင့် အိုဗီယေဒိုက ရမှတ် ၁၃ မှတ်နဲ့ အတူ လာလီဂါ အမှတ်ပေးဇယား အောက်ဆုံးမှာ ဆက်ရှိနေပြီး တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၈ မှတ် အထိ ပြတ်တောက်နေပါတယ်။

လာမယ့်ပွဲစဉ်များ ဘာစီလိုနာဟာ လာမယ့် တစ်ပတ် လာလီဂါမှာ အဲလ်ချီနဲ့ ကစားရဖို့ ရှိပြီး ရီးရဲလ်အိုဗီယေဒို ကတော့ ဂျီရိုနာနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းက ကြားရက်မှာတော့ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံး ပွဲအဖြစ် ကိုပေဟေဂင်ကို နူးကမ့်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်