အခုတစ်ခါမှာတော့ မတ်လ ၁၁ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
လက်ရှိ အမေရိကန် လက်ရွေးစင် အသင်း နည်းပြ မော်ရူစီယို ပိုချက်တီနိုဟာ ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်လာဖို့ အတွက် အခြေအနေ တစ်ရပ် တောင်းဆိုထားပါတယ်။ အဲ့ဒါကတော့ စပါးနောက်ခံလူ ခရစ်စတီယန် ရိုမီယိုကို ခေါ်ယူပေးဖို့ပါပဲ။ ဒါ့အပြင် သူဟာ ကွင်းလယ်ပိုင်း အတွက် အဲလ်ဒူဟေးလ်က ဗာရတ်တီကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူချင်နေသလို၊ မက်အယ်လစ္စတာ၊ အန်ဇို ဖာနန်ဒက်ဇ်၊ အဒမ် ဝှာတန် ဒါမှမဟုတ် ဗစ်တင်ညာ တို့လို ထိပ်တန်း ကွင်းလယ်လူ တစ်ဦး ကိုလည်း အလိုရှိနေကြောင်း Defensa Central က ဖော်ပြပါတယ်။
လာလီဂါ ထိပ်သီး ဘာစီလိုနာဟာ ရိုးမား နောက်ခံလူ အီဗန် အန်ဒစ်ကာကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ တစ်ဖက် မှာလည်း နောက်ခံလူ ရော်နယ် အာရူဟိုကို ယူရို သန်း ၃၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ အဆင်သင့် ဖြစ်နေပေမယ့် ဘေယန်မြူးနစ် လစ်ဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့လို အသင်းတွေက အဲ့ဒီဈေးနှုန်းနဲ့တောင် စိတ်ဝင်စားမှု မရှိကြသေးပါဘူး။
ဘာစီလိုနာက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေပြီး အဆင်မပြေခဲ့ရင် အက်ဇ် အဗ္ဗဒီ ဒါမှမဟုတ် ဂျန် ဗာဂီလီ တို့ကို အစားထိုး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် စထရာဘိုး တောင်ပံ ကစားသမား ဂျက်ဆီမီ ယာဆင်းရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း MACA က ဖော်ပြပါတယ်။
အက်ဖ်စီ တွမ်တီး အသင်းရဲ့ အသက် ၁၈ နှစ် အရွယ် နောက်ခံလူ ရုဒ် နိုက်စတက် အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ဒေါ်လာ ၉.၃ သန်း ဟာ များလွန်းတယ်လို့ ယူဆတာကြောင့် ဘာစီလိုနာက အဆိုပါ အပြောင်းအရွှေ့ကို လက်ရှောင်လိုက်ကြောင်း စပိန်သတင်းစာ SPORT က ဖော်ပြပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကင်းထောက်တွေဟာ နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါ့အပြင် တဖက် မှာလည်း အာဆင်နယ်မှာ ပွဲထွက်ခွင့် နည်းလို့ စိတ်ပျက်နေတဲ့ လူငယ် ဘယ်နောက်ခံလူ မိုင်းလ်စ် လီဝစ်-စကယ်လီ ကိုလည်း စိတ်ဝင်စားနေပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဘာစီလိုနာဟာ ဘယ်နောက်ခံလူ အလက်ဟန်ဒရို ဘဲလ်ဒီကို ရောင်းချဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ မလုပ်ခဲ့ပါဘူး။ သူ့ကို နူးကမ့်ပ်ရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ဆက်လက် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


