ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂၇ မှာတော့ အက်တလက်တီကိုမက်ဒရစ်က ရီးရဲလ်ဆိုစီဒက်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက လာလီဂါ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာ ကိုလည်း ဆက်လက် ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့်လမှာ ကျင်းပမယ့် ကိုပါဒယ်ရေး ဗိုလ်လုပွဲ မှာလည်း ဒီနှစ်သင်းပဲ ပြန်လည် ဆုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်သင်းစလုံးက စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရမှုကို အဆုံးရှုံးမခံလိုကြပဲ အပြည့်အဝ အားစိုက်ခဲ့ကြကာ ပွဲချိန် ၈၁ မိနစ် ဂွန်ဇာလက်ဇ် ခေါင်းတိုက် သွင်းဂိုးက ပွဲကို အဆုံးအဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစပြီး ၅ မိနစ် အကြာမှာပဲ အက်တလက်တီကိုမက်ဒရစ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဂျူလီယာနို ဆီမြွန်နီရဲ့ အဝေးပစ် ပေးပို့မှုက တဆင့် ဟင်မီနက်ဇ်က ခေါင်းတိုက် ဖန်တီးပေးရာ အလက်ဇန္တား ဆောလော့သ်က အပိုင်ပိတ်သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၄ မိနစ် အကြာမှာပဲ ကားလို့စ် ဆိုလာက ဆိုစီဒက် အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ခေတ်စားနေတဲ့ အဝေးပစ်ဘော (Long-throw) ဗျူဟာကို အက်တလက်တီကိုမက်ဒရစ် တို့လည်း အသုံးချခဲ့ပြီး ဂျူလီယာနို ဆီမြွန်နီရဲ့ အဝေးပစ်ဘောတွေက ဆိုစီဒက်ကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၇ မိနစ်မှာ အန်တွန် ဂရစ်ဇ်မန်းရဲ့ လှပတဲ့ နောက်ပြန် ဖနောင့်တို့ပေးမှုက တဆင့် ဂွန်ဇာလက်ဇ်က လှပစွာ ကန်သွင်းကာ အက်တလက်တီကိုကို ဒုတိယအကြိမ် ဦးဆောင်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ် ဦးဆောင်မှုက ၉၃ စက္ကန့်သာ ခံခဲ့ပြီး အိုယာဇာဘယ်ရဲ့ ကန်ချက်ကို ဂိုးသမား အော်ဘလက်ခ် မကာကွယ်နိုင်ဘဲ ဒုတိယမြောက် ချေပဂိုး ပေးလိုက်ရပြန်ပါတယ်။
ဒါပေမယ့်လည်း အိမ်ရှင်တွေက အလျှော့မပေးဘဲ တရစပ် တိုက်စစ်ဆင်ခဲ့ရာ မှာတော့ မတ်တီယို ရူဂါရီရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို ဂွန်ဇာလက်ဇ် ကပဲ အားပါ ပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်ကာ တီကို အတွက် တတိယမြောက် အနိုင်ဂိုးကို ရှာဖွေပေးခဲ့နိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ်ဟာ ၂၀၂၆ ခုနှစ် အတွင်း ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၁၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ဟယ်ရီကိန်း (၁၅ ဂိုး) ပြီးရင် ဒုတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ဆောလော့သ်ဟာ ကန်ချက် ၇ ကြိမ်၊ ဂိုးရရှိနိုင်ခြေ (xG) ၀.၇၈ နဲ့ ပြိုင်ဘက် ဧရိယာ အတွင်း ဘောလုံး ထိချက် ၁၁ ကြိမ်နဲ့ အသင်း အတွင်း အများဆုံး စံချိန်တင်ခဲ့ပါတယ်။
ဒီပွဲရဲ့ ဂိုးရလဒ်က ကွာဟချက် နည်းပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ်ဟာ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ တီကိုဟာ ဒီပွဲမှာ ကန်ချက် ၂၄ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးရရှိနိုင်ခြေ (xG) ၂.၂၉ ရှိခဲ့ကာ ဆိုစီဒက် ကတော့ ကန်ချက် ၇ ကြိမ်သာ ရှိပြီး မျှော်မျန်းဂိုး (xG) ၀.၄၁ သာ ရှိခဲ့ပါတယ်။
ဒီပွဲ ရလဒ်ကြောင့် အက်တလက်တီကိုမက်ဒရစ်က ရမှတ် ၅၄ မှတ်နဲ့ လာလီဂါ အဆင့် ၃ နေရာမှာ ဆက်ရှိနေခဲ့ပြီး ဗီလာရီးရဲလ် နိုင်ပွဲ ရရင်တောင် ဂိုးကွာခြားချက်ကြောင့် ကျော်နိုင်မှာ မဟုတ်ပါဘူး။ လာလီဂါ နောက်ဆုံး ၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ ရီးရဲလ်ဆိုစီဒက် ကတော့ အဆင့် ၈ နေရာမှာ ရှိနေပြီး အဆင့် ၆ နေရာက အသင်းနဲ့ ၅ မှတ် ကွာဟနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


