နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

နည်းပြသစ် လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေတဲ့ ရိုဒရီဂို၊ ဘန်ဝှိုက်ကို ခေါ်ယူဖို့ ဘာစီလိုနာဆီ ကမ်းလှမ်းခဲ့တဲ့ အာဆင်နယ် | လာလီဂါ

အခုတစ်ခါမှာတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့် ရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည် ဝင်ရောက်ကစားဖို့ စိတ်ဝင်စားနေပါတယ်။ လက်ရှိအချိန်အထိတော့ ပေါ်တူဂီ ဂန္ထဝင်ကစားသမားကြီး အနေနဲ့ လာလီဂါဆီ ပြန်လာမလား။ ဒါမှမဟုတ် တခြား တစ်နေရာရာမှာ သူရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်မလား ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုရဲ့ အနာဂတ်ဟာ ဒီနွေရာသီမှာ ကလပ် အသင်းက ယာဂန် ကလော့ပ်ကို နည်းပြသစ် အဖြစ် ခန့်အပ်မလား ဆိုတဲ့ အပေါ် မူတည်နေပါတယ်။ လစ်ဗာပူးလ် နည်းပြဟောင်းရဲ့ လက်အောက်မှာ သူဟာ ပိုမိုပွဲထွက်ခွင့်ရလိမ့်မယ်လို့ ယုံကြည်နေပြီး ဒါဟာ သူ့ကို ဘာနေဗျူးမှာ ဆက်နေဖို့ ဆွဲဆောင်နိုင်မယ့် အချက်ဖြစ်နေပါတယ်။

ညာနောက်ခံလူ နေရာမှာ ဂျူးလ်စ် ကွန်ဒေးရဲ့ ခြေစွမ်းပိုင်း အပေါ် အားမလိုအားမရ ဖြစ်နေတဲ့ ဘာစီလိုနာ အသင်း အတွက် အာဆင်နယ်က သူတို့ရဲ့ နောက်ခံလူ ဘင်ဂျာမင် ဝှိုက်ကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။ လာလီဂါ ကလပ်ရဲ့ ညာတောင်ပံ ခံစစ် ပြဿနာ အတွက် ဒါဟာ ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

လာလီဂါ ကလပ်ရဲ့ ညာတောင်ပံ ခံစစ် ပြဿနာ အတွက် ဒါဟာ ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေတဲ့ ဘန် ဝှိုက်

အက်တလက်တီကိုမက်ဒရစ်ရဲ့ အဓိကကစားသမား အန်တွန် ဂရစ်ဇ်မန်းဟာ စပိန်မှာပဲ ရာသီကုန် အထိ ဆက်နေမလား ဒါမှမဟုတ် အမေရိကန် မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့မလား ဆိုတာ ဆုံးဖြတ်ရတော့မှာပါ။ အမေရိကန် ကလပ်က ဂရစ်ဇ်မန်း အတွက် မတ်လ ၂၆ ရက်နေ့ကို နောက်ဆုံးထား ဆုံးဖြတ်ဖို့ သတ်မှတ်ပေးထားပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန်တို့ မျက်စိကျနေတဲ့ တောင်ပံကစားသမား အက်ဒီ အက်ဇယ်ဇူလီ အတွက် ရီးရဲလ်ဘက်တစ် အသင်းက အဖွင့် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ လို့ သတ်မှတ်လိုက်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် အသင်းဟာ ကလပ် ဘရုဂေးမှာ ဒီရာသီ ခြေစွမ်းပြနေတဲ့ တောင်ပံ ကစားသမားလေး ကားလို့စ် ဖော့ဘ်စ်ကို စိတ်ဝင်စားနေပါတယ်။ စပိန် ကလပ်ဟာ ဒီကစားသမားရဲ့ ဈေးကွက်တန်ဖိုး ထပ်မတက်လာခင်မှာ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်ချင်နေတာ ဖြစ်ပါတယ်။

လာလီဂါ ဥက္ကဋ္ဌ ဟာဗီယာ တီဘက်စ်က အမေရိကန်နိုင်ငံမှာ လာလီဂါ ပွဲစဉ် ယှဉ်ပြိုင်ကစားနိုင်ဖို့ ထပ်မံ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ တီဘက်စ်က လာလီဂါ ပွဲစဉ် တစ်ပွဲကို အမေရိကန်နိုင်ငံမှာ နှစ်စဉ် ယှဉ်ပြိုင်ကစားသွားဖို့ ဆန္ဒရှိနေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာ ဒီအစီအစဉ် ဖြစ်မြောက်ဖို့ တော်တော်လေး နီးစပ်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဗီလာရီးရဲလ် တို့ရဲ့ လာလီဂါပွဲကို အမေရိကန်နိုင်ငံက မိုင်ယာမီမြို့မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့ ကလည်း သဘောတူခွင့်ပြုခဲ့ပြီး ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် တီဘက်စ်က ဒီစိတ်ကူးကို လက်လျှော့မှာ မဟုတ်ကြောင်းနဲ့ ထပ်မံ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း လန်ဒန်မှာပြုလုပ်ခဲ့တဲ့ Financial Times Business of Football Summit အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုက စပိန် ဒုတိယတန်း ကလပ် အဲလ်မီးရီးယား အသင်းရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်လာပါတယ်။ သူက အဲလ်မီးရီးယား အသင်းရဲ့ ရှယ်ယာ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာ ဖြစ်ပြီး ကစားသမား ဘဝ ကနေ အနားယူပြီးရင် ဒေးဗစ် ဘက်ဟမ်းလိုမျိုး အသင်းပိုင်ရှင် ဖြစ်ချင်တဲ့ ဆန္ဒကို ရော်နယ်ဒို စတင် အကောင်အထည်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်