မန်ချက်စတာစီးတီးဟာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ဆဲလ်ဖို့ဒ်စီးတီးကို အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပေမယ့် ပပ် ဂွါဒီယိုလာ ကတော့ အသင်းရဲ့ ကစားဟန်က “ ပျင်းစရာ ကောင်းတယ်” လို့ ဝန်ခံခဲ့ပါတယ်။
အက်တီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ မန်စီးတီးဟာ လိဂ်တူး ကလပ် ဖြစ်တဲ့ အိမ်နီးချင်း ဆဲလ်ဖို့ဒ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ပွဲအစ ၆ မိနစ်မှာတင် ဆဲလ်ဖို့ဒ် ဘက်က အဲလ်ဖီ ဒေါ်ရင်တန် ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမှုကြောင့် မန်စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှ မာ့ခ် ဂူဟီရဲ့ အသင်း အတွက် ပထမဦးဆုံး သွင်းဂိုးနဲ့ အတူ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ အက်ဖ်အေဖလား ပြိုင်ပွဲမှာ တောက်လျောက် အသင်းငယ်တွေနဲ့ပဲ ကစားနေခဲ့ရပြီး လမ်းကြောင်းလည်း ချောင်နေခဲ့တာပါ။ မန်စီးတီးဟာ ပြီးခဲ့တဲ့လ အက်ဖ်အေဖလား တတိယအဆင့်မှာ အသင်းငယ်လေး အက်စ်တာစီးတီးနဲ့ တွေ့ဆုံခဲ့ပြီး ၁၀-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးတီးက ဆဲလ်ဖို့ဒ်နဲ့ ပွဲမှာတော့ အဲဒီပွဲတုန်းကလို ခြေစွမ်းမျိုး မတွေ့ခဲ့ရပါဘူး။ မန်စီးတီးဟာ ဂိုးကန်သွင်းခွင့် ၁၉ ကြိမ် အထိ ရခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၄ ကြိမ်သာ ရှိခဲ့သလို သွင်းဂိုးလည်း ၂ ဂိုးသာ ရခဲ့ပါတယ်။
အသင်းရဲ့ ခြေစွမ်း အပေါ် ပပ် ဂွါဒီယိုလာက “သတင်းကောင်းဆိုလို့ ကျွန်တော်တို့ နောက်တစ်ဆင့် တက်သွားတာပဲ ရှိပါတယ်။ ကစားသမားတွေဟာ ကွင်းထဲက နေရာလွတ်တွေကို ဘယ်လို အသုံးချရမလဲဆိုတာ မသိခဲ့ကြဘူး။ အရာအားလုံးက ထိုင်းမှိုင်းပြီး နှေးကွေးနေခဲ့တယ်။ ဒါကြောင့်လည်း ပွဲက ပျင်းရိစရာ ကောင်းနေတာပါ။” လို့ ပွဲအပြီးမှာ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

ဆဲလ်ဖို့ဒ် အသင်းဟာ မန်စီးတီးကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပြီး ဘန် ဝုဒ်ဘန်းနဲ့ ကယ်လီ အန်မိုင်း တို့ရဲ့ အန္တရာယ် ရှိတဲ့ ကန်ချက်တွေကို မန်စီးတီး ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ်။ ထရက်ဖို့ဒ် ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ နာမည်ကြီး ဂိုးသမား ဒွန်နာရမ်းမား အသင်းကို ရောက်ရှိလာပြီး နောက်ပိုင်း အရန် ဂိုးသမား အဖြစ်သာ ရှိနေခဲ့ရသူ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သတ်လို့ ထရက်ဖို့ဒ်က “ပွဲထွက်ခွင့် ရတာ ဝမ်းသာပါတယ်။ ဒီရာသီမှာ ကျွန်တော် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေမယ့် ဒါက လက်ရှိ အခြေအနေမို့ ရတဲ့ အခွင့်အရေးမှာ အကောင်းဆုံး ကြိုးစားသွားရမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂွါဒီယိုလာက အသင်းရဲ့ ကစားဟန်က စိတ်ပျက်စရာလို့ ဆိုပေမယ့်လည်း မန်စီးတီးဟာ အက်တီဟတ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား နောက်ဆုံး ၁၇ ပွဲစလုံး အနိုင်ရထားပါတယ်။ ဒါဟာ အသင်း သမိုင်းတစ်လျှောက် အိမ်ကွင်း အရှည်ကြာဆုံး အနိုင်ရလဒ် မှတ်တမ်းကို အမီလိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ လာမယ့် တပတ် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ ကစားရဖို့ ရှိပါတယ်။ အဲဒါ ပြီးရင်တော့ လိဒ်စ်၊ နော့တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ပဲလေ့စ်၊ အာဆင်နယ် (ခရာဘောင်ဖလား ဗိုလ်လုပွဲ)၊ ချဲလ်ဆီး တို့နဲ့ ဆက်တိုက် ရင်ဆိုင်ရဦးမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


