နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရရှိနိုင်သမျှ ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတဲ့ အက်ဇေး | အက်ဖ်အေဖလား

အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ အီဘီရီချီ အီဇီရဲ့ အနိုင်ဂိုးကြောင့် အာဆင်နယ်ဟာ မန်းစ်ဖီးလ်တောင်းကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဂန်းနားတွေဟာ တစ်ရာသီတည်း ဆုဖလား ၄ လုံး (Quadruple) ရရှိမယ့် မျှော်လင့်ချက် ကိုလည်း ဆက်လက် ရှင်သန်စေခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်းစ်ဖီးလ်တောင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ပထမပိုင်းမှာ နိုနီ မာဒူအေခေက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ကာ အက်ဇေးက ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ကိန်းဂဏန်းအချက်အလက်တွေ အရ ဆိုရင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စပြီး အက်ဖ်အေဖလား ပြိုင်ပွဲမှာ အီဘာရီချီ အက်ဇေးထက် ဂိုးပိုသွင်းနိုင်တဲ့သူ မရှိသေးပါဘူး (၅ ဂိုး)။ ဒါ့အပြင် ၎င်းရဲ့ ဂိုးပါဝင် ပတ်သက်မှု ၈ ကြိမ် ကလည်း တခြား ဘယ်ကစားသမားထက်မဆို ၂ ကြိမ် ပိုများနေပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ယခု ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၅ ပွဲ အထိ အနိုင်ရရှိထားပြီး (၈ ပွဲ သရေ၊ ၃ ပွဲ ရှုံး)၊ ဒါဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုက ဘယ်အသင်းထက်မဆို ပိုများတဲ့ အနိုင်ရလဒ် ဖြစ်ပါတယ်။ ဒါ့အပြင် မီခဲလ် အာတေးတား လက်ထက်မှာ အာဆင်နယ်က တစ်ရာသီ အတွင်း အသင်းရဲ့ အများဆုံး နိုင်ပွဲ စံချိန်သစ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် ဇယားကို ဆက်လက် ဦးဆောင်နေသလို၊ ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲ တက်ရောက်ထားပြီး ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်သို့ ရောက်ရှိနေပါတယ်။ 

ပွဲအပြီး TNT Sports နဲ့ အင်တာဗျူးမှာ အီဘာရီချီ အက်ဇေးက အခုလို ပြောကြားခဲ့ပါတယ်။ “ဂိုးသွင်းနိုင်လို့ ဝမ်းသာပါတယ်။ ကျွန်တော့်မှာ ဂိုးကန်သွင်းဖို့ နေရာလွတ်နဲ့ အခွင့်အရေး ရခဲ့လို့ အမိအရ အသုံးချခဲ့တာပါ။ ကစားရ ခက်ခဲတဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်ပေမယ့် ကျွန်တော်တို့ လုပ်သင့်တာကို လုပ်နိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်သွားတာက အရေးကြီးဆုံးပါပဲ။ ကျွန်တော်တို့ ပြုလုပ်နေတဲ့ လုပ်ငန်းစဉ် အပေါ်မှာပဲ အာရုံစိုက်ပြီး ကြိုးစားနေပါတယ်။ ဒါမှလည်း ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ ရရှိနိုင်သမျှ ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။” လို့ အက်ဇေးက ဆိုပါတယ်။

ညက ပွဲမှာ မန်းစ်ဖီးလ်တောင်း အသင်းဟာ ၂၀၁၀-၂၀၁၁ ရာသီက လေတန်အရီးရန့် နောက်ပိုင်း အာဆင်နယ်ကို အက်ဖ်အေဖလားမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အဆင့်နိမ့်လိဂ် အသင်း ဖြစ်လာခဲ့ပါတယ်။
ပြိုင်ပွဲ ၄ ခုစလုံးမှာ အဓိက အဆင့်တွေကို တက်လှမ်းထားနိုင်တဲ့ အာဆင်နယ်

ညက ပွဲမှာ မန်းစ်ဖီးလ်တောင်း အသင်းဟာ ၂၀၁၀-၂၀၁၁ ရာသီက လေတန်အရီးရန့် နောက်ပိုင်း အာဆင်နယ်ကို အက်ဖ်အေဖလားမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အဆင့်နိမ့်လိဂ် အသင်း ဖြစ်လာခဲ့ပါတယ်။ ပွဲအပြီးမှာ မန်းစ်ဖီးလ်တောင်းရဲ့ ဂိုးသွင်းရှင် ဝီလ် အီဗန့်စ်က “ဒီနေ့မှာ အသင်း အတွက်တင် မဟုတ်ဘဲ ကျွန်တော့်ကိုယ် ကျွန်တော် သက်သေပြချင်ခဲ့တာပါ။ လိဂ်ပွဲတွေမှာ ဂိုးပေါက် ပျောက်နေပြီး အခုလို အာဆင်နယ်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်တာက ထူးခြားပါတယ်။ ပွဲတွေက တစ်ပွဲပြီး တစ်ပွဲ ဆက်တိုက် ကစားနေရတော့ အောင်ပွဲခံဖို့ အချိန် သိပ်မရပါဘူး။ အင်္ဂါနေ့မှာလည်း ရီးဒင်းနဲ့ ပွဲရှိသေးတော့ အဲဒီပွဲ ကိုပဲ အာရုံစိုက်ရမှာပါ။ တစ်နေ့ကျမှပဲ ကျွန်တော့်ရဲ့ ဂိုးဟောင်းတွေကို ပြန်ကြည့်ပြီး ပျော်ရတော့မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီပွဲအပြီး အချက်အလက်တွေ ထပ်ကြည့်မယ် ဆိုရင် အာဆင်နယ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် အသင်း ဖြစ်လာခဲ့ပါတယ်။ ဥရောပ ထိပ်တန်းလိဂ် ၅ ခု မှာလည်း ဘေယန်မြူးနစ် (၁၂၈ ဂိုး) နဲ့ ဘာစီလိုနာ (၁၁၀ ဂိုး) တို့ ပြီးရင် အာဆင်နယ်က သွင်းဂိုး ၁၀၀ ပြည့်တဲ့ တတိယမြောက် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဒီပွဲဟာ နည်းပြ မီခဲလ် အာတေးတား အလိုရှိတဲ့ ပွဲထိန်းချုပ်နိုင်မှုထက် ပိုပြီး အပြန်အလှန် တိုက်စစ်ဆင်ခဲ့တဲ့ ပွဲမျိုး ဖြစ်ခဲ့ပါတယ်။ မန်းစ်ဖီးလ်တောင်း အသင်းဟာ ကန်ချက် ၁၈ ကြိမ် ကနေ ဂိုးရရှိနိုင်ခြေ (xG) ၁.၉၉ အထိ ရှိခဲ့ပြီး၊ အာဆင်နယ် ကတော့ ၁၉ ကြိမ် ကန်သွင်းကာ (xG) ၂.၇၃ ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာတေးတားရဲ့ အသင်း ကတော့ လိုအပ်တဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ မက်စ် ဒေါင်းမန်းနဲ့ ဆဲလ်မွန် တို့ကို အသုံးပြုပြီး ပွဲထွက်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် မည်သည့် ပြိုင်ပွဲမှာမဆို အသက် ၁၆ နှစ်နဲ့ အောက် ကစားသမား နှစ်ဦးကို တစ်ပြိုင်နက် ပွဲထုတ်ခဲ့တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ဒေါင်းမန်းဟာ ဒီနိုင်ပွဲမှာ ခြေစွမ်းပြပြီး မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်