မန်ချက်စတာယူနိုက်တက် – ရီးရဲလ်ဆိုစီဒက် (ပထမအကျော့ ရလဒ် ၁-၁)
ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ရဲ့ စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှု အဖြစ် ယူနိုက်တက်က ရီးရဲလ်ဆိုစီဒက်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပထအကျော့ စပိန်မြေမှာ တစ်ဖက် တစ်ဂိုးစီ သရေကျထားတာကြောင့် အခုပွဲမှာ ရလဒ်ကောင်းတဲ့ အသင်းက ကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်က ပြည်တွင်း ပြိုင်ပွဲတွေမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့် ယူရိုပါလိဂ် မှာတော့ ရှုံးပွဲ မရှိအောင် ကစားပြထားပါတယ်။ လိဂ်အဆင့်မှာ ၅ ပွဲနိုင်၊ ၃ ပွဲ သရေ ရှုံးပွဲ လုံးဝ မရှိပဲ အဆင့် ၃ နေရာ ကနေ ၁၆ သင်း အဆင့်ကို တက်လှမ်းလာခဲ့ပေမယ့် ရီးရဲလ်ဆိုစီဒက်နဲ့ တွေ့ဆုံခဲ့တာကြောင့်တော့ ပွဲကြပ်ခဲ့ရတယ်လို့ပဲ ဆိုရပါမယ်။ ယူနိုက်တက်ဟာ ပထမအကျော့ စပိန်မြေမှာ ခြေစွမ်းပိုင်း မဆိုးခဲ့သလို ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် အိုရာဇာဘယ်ရဲ့ ပင်နယ်တီ ချေပဂိုးကြောင့် သရေနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲက ခြေစွမ်းအတိုင်း ကစားနိုင်ရင်တော့ နိုင်ပွဲကို ကျိန်းသေပေါက် မျှော်လင့်နိုင်မှာပါ။ အိုနာနာနဲ့ ခံစစ် ကစားသမားတွေ အမှားမလုပ်ဖို့ ကလည်း အရေးကြီးပါတယ်။
ရီးရဲလ်ဆိုစီဒက် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး ရှုံးပွဲ ကလည်း ၃ ပွဲအထိကို ရှိထားတာပါ။ ပထမအကျော့တုန်းက ရီးရဲလ်ဆိုစီဒက်ရဲ့ ကစားပုံက အထနှေးတာ တွေ့ရပြီး ယူနိုက်တက်ကို နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ သေချာတာက ဒီပွဲမှာ နှစ်သင်းစလုံးက နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေး ဆတူ ရှိနေတာကြောင့် အမှားမခံစတမ်း ကစားကြရင်း သာမန် ပွဲချိန် အတွင်း သရေကျသွားမလားတောင် မပြောတတ်ပါဘူ။
နှစ်ဖက်အသင်း သတင်းများ

ရီးရဲလ်ဆိုစီဒက် ဘက်မှာတော့ အိုဒရီယိုဇိုလာ၊ ဇက်ကာရန်၊ အာရမ်ဘူရူ၊ ပါချီကိုနဲ့ ဆူချစ် တို့ ဒဏ်ရာတွေကြောင့် လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ဒီလစ်ဂျ်၊ လင်ဒီလော့ဖ်၊ မက်ဇရာရီ၊ ဒါးလော့တ်၊ ဖာနန်ဒက်စ်၊ ကက်စ်မဲရိုး၊ ဒေါဂူ၊ ဂါနာချို၊ ဟွိုက်ဂျ်လန်း၊ ဇီယက်ခ်ဇီး
ရီးရဲလ်ဆိုစီဒက် – ရီမီယို၊ အဲလူ စတွန်ဒို၊ ဇူဘယ်ဒီရာ၊ အဂူရက်ဒ်၊ မူနော့ဇ်၊ တူရီရန်တက်စ်၊ ဇူဘီမန်ဒီ၊ မန်ဒက်ဇ်၊ ကူဘို၊ အိုရာဇာဘယ်၊ ဘာရန်နက်ရှီရာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၇ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ယူနိုက်တက်က ၃ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီး ဆိုစီဒက်က ၁ ကြိမ် အနိုင်ရထားပါတယ်။ ယူရိုပါလိဂ် မှာတော့ ၅ ကြိမ် တွေ့ဆုံထားပြီးတော့ ယူနိုက်တက်က ၂ ကြိမ်နိုင်၊ ဆိုစီဒက်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ၃ ပွဲမှာတော့ ရီးရဲလ်ဆိုစီဒက်က ၁ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ၁ ကြိမ် ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၁.၈၇ ဆ နီးပါး ရမှာ ဖြစ်ပြီး ရီးရဲလ်ဆိုစီဒက် နိုင်ရင်တော့ ၃.၈၇ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၀၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း မန်ချက်စတာယူနိုက်တက်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ အောက်ကို ဦးတည်မယ့် ကြေးမျိုးပါပဲ။ အပေါ်မှာ ပြောခဲ့သလိုပဲ အခွင့်အရေး ကိုယ်စီ ရှိနေကြလို့ နှစ်သင်းလုံး သတိထား ကစားရင်း အချိန်ပို ပင်နယ်တီတွေအထိ ရောက်သွားနိုင်ပါတယ်။ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်းလည်း အနိုင်အရှုံး အဖြေပေါ်ဖို့ အသည်းအသန် ကစားရလေ့ ရှိပြီး ဒီတစ်ကြိမ်လည်း မိနစ် ၉၀ သရေနဲ့ ပြီးဆုံးသွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာယူနိုက်တက် ၁-၁ ရီးရဲလ်ဆိုစီဒက် (အချိန်ပိုမှာ ယူနိုက်တက် ၂-၁ ရလဒ်နဲ့ အနိုင်ရမည်)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.